မြန်မာကာတွန်းဆရာတစ်ဦးဖြစ်သူ ကာတွန်းကိုခိန်ကို (၁၉၅၇)ခုနှစ်တွင် မွေးဖွားခဲ့သည်။ အဖ ဦးရောက်ချီ၊ အ မိ ဒေါ်ကျင်ဖုန်တို့၏ သားဖြစ်သည်။ ကွမ်းခြံကုန်းဇာတိ ဖြစ်သည်။ ကာတွန်းဦးသန်းကြွယ်ကာတွန်းဦးအောင်ရှိန်ကာတွန်းဦးမောင်မောင်တို့၏ ကာတွန်းလက်ရာများကို လေ့လာ ဆည်းပူးခဲ့သည်။ (၁၉၈၅)ခုနှစ်၊ ဗိုလ်တထောင်သတင်းစာတွင် ကာတွန်းစတင်ရေးဆွဲသည်။ [[စာနယ်ဇင်းများ တွင် ကာတွန်းများ၊ ရုပ်ပြကာတွန်းစာအုပ်များ ရေးဆွဲခဲ့သည်။ ထင်ရှားသော ကာတွန်းဇာတ်ကောင်များမှာ စုံထောက်ကြီးဦးနံပြား၊ ဂမ္ဘီရမုတ်ဆိတ်တို့ ဖြစ်သည်။ (၁၅-၁၁-၂၀ဝ၈)ခုနှစ်တွင် ကွယ်လွန်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ကာတွန်းဝင်းအောင် စီစဉ်သည့် မြန်မာကာတွန်းပေါင်းချုပ်