'မာတီရို ကိုဗာဆစ် (ခရိုအေးရှားအသံထွက် [matěokǒʋatʃitɕ]; [၄] ၁၉၉၄ မေ ၆ တွင်မွေးဖွားသည်) [၄][၅] ခရိုအေးရှား ဘောလုံးသမားတစ်ဦး ဖြစ်ပြီး အင်္ဂလိပ်ကလပ်ချယ်လ်ဆီးနှင့်ခရိုအေးရှားအသင်းအတွက် ကွင်းလယ်လူအဖြစ်ကစားသည်။ ကိုဗာဆစ်သည် များသောအားဖြင့်အလယ်တန်းကွင်းလယ်ကစားသမား သို့မဟုတ် နက်ရှိုင်းသောကစားကွက်ဖော် ကစားသမားအဖြစ် ခန့်အပ်ခံရသော်လည်း သူသည် ဘက်စုံကွင်းလယ်ကစားသမားတစ်ဦး အဖြစ် သတ်မှတ်ခံရပြီး နေရာအမျိုးမျိုးတွင်ကစားနိုင်ခဲ့ပြီး ဘယ်ဘက်တွင်ကျယ်ပြန့်စွာကစားရန်သို့မဟုတ် တိုက်ခိုက်ဆင်သည့်ကွင်းလယ်လူအဖြစ် အံဝင်ခွင်ကျရှိခဲ့သည်။[၆]

မာတီရို ကိုဗာဆစ်
ခရိုအေးရှားအသင်းဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားပွဲ၌ ကိုဗာဆစ်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ မာတီရို ကိုဗာဆစ်[၁]
မွေးသက္ကရာဇ် (1994-05-06) ၆ မေ၊ ၁၉၉၄ (အသက် ၂၉)[၂]
မွေးရပ်ဇာတိ လင့်ဇ်, ဩစရီးယား
အရပ်အမြင့် ၁.၇၈ m (၅ ft ၁၀ in)[၃]
ကစားသည့်နေရာ ကွင်းလယ်လူ
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ချဲလ်ဆီး
အင်္ကျီနံပါတ် 17
လူငယ်ဘဝကလပ်များ
2000–2007 LASK
2007–2010 ဒိုင်နမို ဇာဂရဖ်
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
2010–2013 ဒိုင်နမို ဇာဂရဖ် 43 (6)
2013–2015 အင်တာမီလန် 80 (5)
2015–2019 ရီးရဲလ် မက်ဒရစ် 73 (1)
2018–2019ချဲလ်ဆီး (loan) 32 (0)
2019– ချဲလ်ဆီး 31 (1)
နိုင်ငံကိုယ်စားပြုအသင်း
2008 ခရိုအေးရှား U14 2 (1)
2008 ခရိုအေးရှား U15 2 (0)
2009–2011 ခရိုအေးရှား U17 15 (0)
2011–2012 ခရိုအေးရှား U19 6 (0)
2011–2014 ခရိုအေးရှား U21 7 (0)
2013– ခရိုအေးရှား 56 (1)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး 21:52, 26 July 2020 (UTC)အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ 22:33, 19 November 2019 (UTC) အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ကိုဗာဆစ်သည် အသက် ၁၆ နှစ်တွင် ဒိုင်နမို ဇာဂရဖ်အသင်းနှင့်စတင်ခဲ့ခြင်းဖြစ်သည်။ သူသည် ၂၀၁၃ ခုနှစ်တွင် အင်တာအသင်းသို့ မပြောင်းခင် လိဂ်ဖလားနှစ်ခုဆက်တိုက်ရရှိခဲ့သည်။ ၂၀၁၄-၂၀၁၅ရာသီပြီးနောက် ရီးရဲလ်အသင်းသို့ ပြောင်းခဲ့ပြီး ချိန်ပီယံလိဂ်သုံးကြိမ်ရခဲ့သည်။ သူသည်ချဲလ်ဆီးကိုတစ်နှစ်အငှားအဖြစ် ၂၀၁၈ ခုနှစ်တွင်ဝင်ရောက်ခဲ့ပြီး၊ ယူရိုပါလိဂ်ဖလားရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်မှစပြီး ခရိုအေးရှားနိုင်ငံ အသင်းကစားသမား ကိုဗာဆစ်သည် ၂၀၁၄ ဖီဖာ ကမ္ဘာ့ဖလား၊ ယူအီးအက်ဖ်အေ ယူရို ၂၀၁၆ နှင့် ၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလားတွင် နိုင်ငံကို ကိုယ်စားပြုခဲ့သည်။ သူ့ကို အားကစားဂျာနယ်လစ်များက Il Professore (ပါမောက္ခ) ဟုအမည်ပြောင်ပေးခဲ့သည်။[၇][၈]

ကိုးကား ပြင်ဆင်ရန်

  1. 2014 FIFA World Cup Brazil: List of Players: Croatia။ FIFA (14 July 2014)။ 21 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 October 2018 တွင် ပြန်စစ်ပြီး။
  2. FIFA Club World Cup UAE 2017: List of players: Real Madrid CF။ FIFA (16 December 2017)။ 23 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 October 2018 တွင် ပြန်စစ်ပြီး။
  3. Mateo Kovacic: Overview။ Premier League။ 8 June 2019 တွင် ပြန်စစ်ပြီး။
  4. Màtej (in sh)။ 17 March 2018 တွင် ပြန်စစ်ပြီး။ “Matèo”
  5. kòvati (in sh)။ 17 March 2018 တွင် ပြန်စစ်ပြီး။ “Kòvačič”
  6. Who is Inter new boy Mateo Kovacic?။ Forza Italian Football (3 February 2013)။ 8 April 2013 တွင် ပြန်စစ်ပြီး။
  7. "Mateo Kovacic: Scout Report Inter's creative midfield talent"၊ Outside of the Boot၊ 23 January 2014။ 22 September 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 21 September 2020။ 
  8. "Kovavic il migliore con la Croazia, soprannominato dai compagni "il Professore""၊ diggita.it၊ 26 March 2013။ 22 September 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 23 September 2015။