ကိုဘေး ဆိပ်ကမ်း မျှော်စင်

ကိုဘေး ဆိပ်ကမ်း မျှော်စင် သည် ဂျပန်နိုင်ငံ၊ ကိုဘေး ဆိပ်ကမ်းမြို့၏ အထင်ကရ မျှော်စင်တခုဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ပြန်လည်ပြုပြင်ရန်၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ 26 ရက်နေ့မှစကာ ပိတ်ထားသည်။ ၎င်းသည် ဂျပန်နိုင်ငံ၊ ဟျိုဂို စီရင်စုတွင် တည်ရှိသည်။

ကိုဘေး ဆိပ်ကမ်း မျှော်စင်
神戸ポートタワー
ကိုဘေး ဆိပ်ကမ်း မျှော်စင်
Map
အထွေထွေ အချက်အလက်များ
အခြေအနေပြီးစီး
အမျိုးအစားLattice tower
ဗိသုကာစတိုင်Structural expressionism
တည်နေရာကိုဘေး၊ ဂျပန်
ကိုဩဒိနိတ်34°40′57.5″N 135°11′12.1″E / 34.682639°N 135.186694°E / 34.682639; 135.186694
ဖွင့်လှစ်၂၁ နိုဝင်ဘာ၊ ၁၉၆၃
အမြင့်
ဗိသုကာပုံစံ၁၀၈ m (၃၅၄ ft)
Observatory၉၀.၂၈မီတာ
အသေးစိတ် အချက်အလက်များ
အထပ် အရေအတွက်
ကြမ်းခင်း ဧရိယာ1,534m²
ဒီဇိုင်းနှင့် တည်ဆောက်မှု
ဗိသုကာပညာရှင်Koichi Ito - Naka Takeo
အဓိက ကန်ထရိုက်တာObayashi Corporation

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၆၃ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သည့် ၎င်းမျှော်စင်အား Nikken Sekkei ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲပေးထားသည်။[၁] မျှော်စင် တခုလုံး၏ ပြုပြင်ထိန်းသိမ်းမှုကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ပြီး ပြန်လည် ပြင်ဆင်မွမ်းမံမှုအတွက် ၂၀၁၀ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပိတ်ထားခဲ့သည်။ ၂၀၁၀ခုနှစ် မတ်လ ၁၉ ရက်​တွင် လှည့်လည်ကြည့်ရှု့သည့် အခန်းအား ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ပြန်လည်ဖွင်လှစ်ခဲ့သည့် ၂၀၁၀ခုနစ် ဧပြီ ၂၈ရက်တွင် အလင်းသက်ရောက်မှု ၄၀နှင့်အတူ LED မီးလုံးပေါင်း ခုနှစ်ထောင် တပ်ဆင်ပြီးစီးခဲ့သည်။[၂][၃]

ဗိသုကာဆိုင်ရာ အင်္ဂါရပ်များ ပြင်ဆင်ရန်

ဂျပန်ရိုးရာ ဗုံတစ်မျိုးဖြစ်သည့် ဆွတ်ဇုမိပုံစံ ဖော်ထားသည့်။ အမြင့် ၁၀၈ မီတာရှိသည့် မျှော်စင်သည် အလွှာရှစ်လွှာ ပါရှိသည်။ သံမဏိပိုက်ဖြင့် မှန်ကူကွက် ပုံဖော်ထားသည့် ပထမဆုံးမျှော်စင်ဖြစ်သည်။.[၁][၄] ကမ်းစပ်သို့ ပြန်လာသည့် ရေယာဉ်များအား ကြိုဆိုသည့် သင်္ကေတအဖြစ် အနီရောင် သံမဏိပိုက်လုံး ၃၂ လုံးဖြင့် မျှော်စင်အား ပတ်ထားသည်။[၂]

အသုံးပြုမှု ပြင်ဆင်ရန်

ကိုဘေး ဆိပ်ကမ်း မျှော်စင်တွင် အလွှာနှစ်ခုရှိသည်။ မြေညီထပ်နှင့် ရှုခင်းကြည့်ခန်းဟူ၍ နှစ်လွှာခွဲခြားထားပြီး အထပ် ၃ထပ်နှင့် ၅ထပ်စီ အသီးသီးရှိသည်။[၅]

မြေညီထပ်အတွက် ပထမထပ်သည် အဓိကအားဖြင့် စားသောက်ဆိုင်နှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများကိုရောင်းချသည်။ အမှတ်တရ လက်ဆောင် ပစ္စည်းဆိုင်နှင့် ရှုခင်းကြည့်ခန်းသို့ သွားရောက်သည့် လက်မှတ်ရုံသည် ဒုတိယထပ်တွင်ရှိသည်။ တတိယထပ်တွင် ပြခန်းရှိသည်။[၅]

For the sightseeing layers, the first floor has aerial view from the viewing area as 75 m (246 ft 0.76 in) above the ground. Moreover, it is observatory floor with the second floor and the rest floors are sightseeing decks. တတိယထပ်တွင် တစ်ပတ်လည်လျှင် မိနစ် ၂၀ကြာသည့် ၃၆၀ ဒီဂရီ လှည့်ပတ်နိုင်သော ကော်ဖီဆိုင်ရှိသည်။ အိုဆာကာ ပင်လယ်အော်နှင့် Awajishima တို့အား စတုတ္ထထပ်မှ တွေ့မြင်နိုင်သည်။ Kansai အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Rokkō တောင်အား ပဉ္စမ အထပ်မှ တွေ့မြင်နိုင်သည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Ojisanjake (2009-09-11)။ Kobe Port Tower။ 2016-12-20 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ 神戶港塔【Kobe Port Tower】 - 世界上唯一一個管狀結構的觀光塔 - 世界景點庫။ 12 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 January 2021 တွင် ပြန်စစ်ပြီး။
  3. "lily的旅遊日記: 2014關西(京阪神)之旅12-神戶港灣散策 - yam天空部落"။ 7 January 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 4 April 2015။ 
  4. 神戸ポートタワー။ 31 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-12-20 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ၅.၂ 神戸ポートタワー။ 9 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-12-20 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်