ကိုယ့်မြင်း ကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်

ကိုယ့်မြင်း ကိုယ်စိုင်း စစ်ကိုင်းရောက်ရောက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

ကိုယ့်မြင်းနှင့် ကိုယ်စိုင်းရာတွင် စစ်ကိုင်းသို့ပင်ရောက်ရောက်၊ မည်သည့်နေရာသို့ပင် ရောက်ရောက် မမှုသကဲ့သို့ မိမိလုပ်လိုရာကို ဖြစ်ချင်ရာဖြစ် တစ်ဇွတ်ထိုး ပြုလုပ်သည်။

အခြားအသုံးအနှုန်း ပြင်ဆင်ရန်

  • ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်
  • ငါ့မြင်း ငါစိုင်း ညောင်ကိုင်းရောက်ရောက် ဟူ၍လည်း အသုံးများရှိသည်။

ဆိုလိုရင်းတူညီသောအခြားစကားပုံ ပြင်ဆင်ရန်

မူလရင်းမြစ် ပြင်ဆင်ရန်

  • "ဝေဝေတစ်ယောက် ကိုယ့်မြင်း ကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်ဟု ထင်ရာလျှောက်လုပ်နေပြီလား" [၁၃၃၂] မြဝတီ၊ ၂၈၊ ၁၁။ ၂၂၄။
  • "ကိုယ်ထင်ရာ ကိုယ်ပြော ကိုယ်လုပ်သဘောမျိုးဖြစ်နေပါလျှင် အချင်းချင်းပင် ညီညွတ်တူမျှခြင်း မရှိသဖြင့် ငါ့မြင်း ငါစိုင်း ညောင်ကိုင်းရောက်ရောက်ဟူသကဲ့သို့..." [၁၂၈၀-ခန့်]ထိလက်စွဲ၊ ဒု။ ၁၅၂။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၁၁