ကိုယ့်အထုပ် ကိုယ်ဖြေပြ
ကိုယ့်အထုပ် ကိုယ်ဖြေပြ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်မိမိ၏အစုတ်ထုပ်ကို လူပုံအလယ်တွင် ဖြေပြသကဲ့သို့ မိမိနှင့် ပတ်သက်သော အပြစ်အနာဆာများကို မိမိပင် ဖွင့်ဖော်ပြသည်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "ဖေးဖေးအုပ်အုပ် လူမသိအောင် ဇာတ်မြှုပ်ထားသင့်ပါလျက် ဖိတ်စာကိုဝေ အကျွေးအမွေးတွေနှင့် ဧည့်ခံကာ ကိုယ့်အထုပ် ညစ်မည်းကို လူပုံထဲ ဖြေပြသလို..." [၁၃၁၀] ပဒေသာ၊ ၁။ ၈၉။