မန္တလေးမြို့မှ စာရေးဆရာ တစ်ဦးဖြစ်သည်။ ၁၉၅၅-ခုနှစ်တွင် အဖ ဦးသောင်းစိန်၊ အမိ ဒေါ်ခင်အေးတို့က ညောင်ဦးမြို့နယ်၊ ထောင့်ကြီးရွာတွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးခင်မောင်ဦး ဖြစ်သည်။ ၁၉၈၄-ခုနှစ်၊ မေလထုတ် စန္ဒာမဂ္ဂဇင်းပါ ကြိုဆိုသည်ဝတ္တုတိုဖြင့် စာပေနယ်သို့ ရောက်ရှိခဲ့သည်။ ပထမဦးဆုံး စာအုပ်မှာ စိန်လွန်တူးသမား၏ အဖွင့်အပိတ်တံခါးနှင့် အခြားဝတ္တုတိုများ ဖြစ်၍ စာပေဗိမာန် စာမူ ပထမဆု(၁၉၈၄)၊ အမျိုးသားစာပေဆု(၁၉၈၇) များ ရရှိခဲ့သည်။ မြန်မာ့ဓန စီးပွားရေး မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ်၊ သက်တန့်ရောင် ဂျာနယ် စီစဉ်သူအဖြစ် လုပ်ကိုင်သည်။ ရန်ကုန်၌ နေထိုင်ပြီး အော်ပီကျယ်၏ အစ်ကို ဖြစ်သည်။

မြန်မာစာရေးဆရာ ကိုရိုးကွန့်

[၁]

ကိုးကား ပြင်ဆင်ရန်

  1. နေထွတ် ၏ မန္တလေးအဘိဓာန်