ကိုရီးယားဒဏ္ဍာရီ (ကိုရီးယား: 한국 신화 / 韓國神話; အင်္ဂလိပ်: Korean mythology) သည် ကိုရီးယားကျွန်းဆွယ်ဒေသတွင် နှစ်ပေါင်းထောင်ချီကြာမြင့်စွာ နှုတ်မှုရေးရာ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသော ဇာတ်လမ်းပုံပြင်များဖြစ်သည်။[၁] ဤဇာတ်လမ်းပုံပြင်များကို ကမ္ဘာလောကဖန်တီးခြင်းဆိုင်ရာ ဒဏ္ဍာရီအကြောင်းအရာများနှင့် ဩကာသလောက၊ လူမှုလောကဆိုင်ရာ ဇာစ်မြစ်ဒဏ္ဍာရီအဖြစ်လည်း သတ်မှတ်နိုင်ကြသည်။ ကိုရီးယားဒဏ္ဍာရီဆိုင်ရာ အကြောင်းအရာများကို များသောအားဖြင့် ဒေသတစ်ခုအတွင်း၌သာ သတ်မှတ်ကြ၍ ထိုဒေသမှ ကျေးရွာ၊ မျိုးနွယ်စုများနှင့်သက်ဆိုင်ကြသည်။[၂]

အစောဆုံး ကိုရီးယားဒဏ္ဍာရီသည် ဗုဒ္ဓဘာသာကွန်ဖြူးရှပ်ဝါဒတာအိုဘာသာ တို့ထက် ရှေးကျကာ ကိုရီးယားရိုးရာဘာသာတရားနှင့် နတ်အယူဝါဒ (နတ်ဝင်ခြင်း၊ နတ်ပူးခြင်း) တို့၌ အရိုးစွဲလျက် ရှိသည်။[၃] ထိုပူးကပ်သော နတ်များကို ပူဇော်ပသသော ရိုးရာဓလေ့များသည် ကိုရီးယားနတ်အယူဆိုင်ရာ ဒဏ္ဍာရီကို ပြန်လည်ပြောဆိုကြခြင်း၌ အဓိကအရေးပါကြသည်။[၂]

များစွာသော ရှေးဟောင်းကိုရီးယားနတ်အယူဝါဒသည် ဆင်ခြင်တုံတရားနှင့် လက်တွေ့သဘောတရားတို့ကို အလေးပြုသည့် ကွန်ဖြူးရှပ်ဝါဒထွန်းကားလာပြီးနောက် တိမ်ကောသွားခဲ့သည်။ ရှေးခေတ်အချိန်ကာလများမှစ၍ ယခုထိတည်ရှိနေသည်ဟု ယုံကြည်ထားသော ကိုရီးယားဒဏ္ဍာရီ အနည်းငယ်မျှကိုသာ ကွန်ဖြူးရှပ်ဝါဒနှင့် ဗုဒ္ဓဘာသာ ပညာရှင်များက မှတ်တမ်းပြုခဲ့ကြသည်။ ထိုပညာရှင်များက ၎င်းတို့၏ ကိုယ်ပိုင်ယုံကြည်မှုအတွင်း၌ ကိုက်ညီစေရန် ပြုပြင်ခဲ့ကြပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

ကိုးကားအညွှန်းများ ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Hwang၊ Pae-Gang (2006)။ Korean Myths and Folk Legends။ ဘာသာပြန်သူ Han၊ Young-Hie; Kim၊ Se-Chung; Chwae၊ Seung-Pyong။ Jain Publishing Company။ pp. x–xx။ ISBN 978-0895818560
  2. ၂.၀ ၂.၁ The National Folk Museum of Korea (South Korea) (2004), pp. 21–23.
  3. Leeming (2005), p. 231.

ကိုးကားရင်းမြစ် ပြင်ဆင်ရန်