ဒန်းဂွန်း ခေါ်သော ကိုရီးယားပြက္ခဒိန် (ကိုရီးယား: 단군; 檀君) သည် အခြား အရှေ့အာရှပြက္ခဒိန်များနည်းတူ လကိုအခြေခံသော ပြက္ခဒိန်ဖြစ်၏။ တရုပ်ပြက္ခဒိန်မှ ပွားယူပြီး ကိုရီးယား၌မြင်ရသော လအဆုတ်အတက်ကို တည်၍ ပြက္ခဒိန်ဖွဲ့ခြင်း ဖြစ်၏။ [၁][၂] ပွဲတော်ရက်များမှာမူ ယဉ်ကျေးမှုအရ ကျင်းပသော ပွဲများကို အချိန်ကိုက်ဖြစ်စေရန် ညှိထားခြင်းတည်း။

၁၈၉၆ မှစ၍ ဂရီဂေါ်ရီယန်ပြက္ခဒိန် ခေါ် ခရစ်ယာန်ပြက္ခဒိန်ကို တရားဝင် ပြောင်းသုံးသည်နောက် ယင်းသည်သာ အသုံးများ၏။ သို့သော် ရိုးရာ အားလပ်ရက်များအတွက်၎င်း၊ သက်ကြီးပိုင်းတို့ အသက်တွက်ရာ၌၎င်း ပြက္ခဒိန်ဟောင်းကိုသာ သုံးစွဲဆဲပင်။ [၃] ကိုရီးယား၌ အကြီးဆုံးပွဲတော်ဖြစ်ပြီး အမျိုးသားအားလပ်ရက်အဖြစ် သတ်မှတ်သော ​ဆောလ်နားလ် (설날) ခေါ် နှစ်သစ်ကူးပွဲနှင့် မိသားစုတိုင်း မပျက်မကွက် လုပ်မြဲဖြစ်သည့် ချူဆော့ (추석) ခေါ် ဘိုးဘေးကန်တော့ပွဲတို့မှာ ကိုရီးယားပြက္ခဒိန်အရ ၁-လပိုင်း (၁) ရက်၊ ၈-လပိုင်း (၁၅) ရက် ၌ အသီးအသီး ပြုလုပ်သည်။

လများ ပြင်ဆင်ရန်

ခေတ်သစ်ကိုရီးယားစကားတွင် လ ကို ​ဝေါလ် (월) တပ်၍ သုံးစွဲသည်။ တစုံတယောက်၏မွေးလကို တိရစ္ဆာန်များဖြင့် သရုပ်ဖော်ထားသော တရုပ်ရာသီခွင်အရ ပြောဆိုလိုပါမူ ဒါးလ် (달) ကို သုံး၏။ ၁-လ၊ ၇-လ နှင့် ၁၂-လတို့ အမည်ဟောင်းများသည် တရုပ်ပြက္ခဒိန်လာ အမည်များနှင့် အတူပင်။ [၄]

ယနေ့ခေတ် ခေါ်ပုံ ယခင် အခေါ် ဂရီဂေါ်ရီယန်ပြက္ခဒိန်ပါရက်များနှင့် နှိုင်းယှဉ်ချက်
၁ လပိုင်း (일월) ကျားလ (호랑이달) တနည်း လဦး (정월) ဇန်နဝါရီ ၂၁ - ဖေဖော်ဝါရီ ၂၀
၂ လပိုင်း (이월) ယုန်လ (토끼달) ဖေဖော်ဝါရီ ၂၀ - မတ် ၂၁
၃ လပိုင်း (삼월) နဂါးလ (용달) မတ် ၂၁ - ဧပြီ ၂၀
၄ လပိုင်း (사월) မြွေလ (뱀달) ဧပြီ ၂၀ - မေ ၂၁
၅ လပိုင်း (오월) မြင်းလ (말달) မေ ၂၁ - ဇွန် ၂၁
၆ လပိုင်း (유월) သိုးလ (양달) ဇွန် ၂၁ - ဇူလိုင် ၂၃
၇ လပိုင်း (칠월) မျောက်လ (원숭이달) ဇူလိုင် ၂၃ - ဩဂုတ် ၂၃
၈ လပိုင်း (팔월) ကြက်လ (닭달) ဩဂုတ် ၂၃ - စက်တင်ဘာ ၂၃
၉ လပိုင်း (구월) ခွေးလ (개달) စက်တင်ဘာ ၂၃ - အောက်တိုဘာ ၂၃
၁၀ လပိုင်း (시월) ဝက်လ (돼지달) အောက်တိုဘာ ၂၃ - နိုဝင်ဘာ ၂၂
၁၁ လပိုင်း (십일월) ကြွက်လ (쥐달) တနည်း ဆောင်းလ (동짓달) နိုဝင်ဘာ ၂၂ - ဒီဇင်ဘာ ၂၂
၁၂ လပိုင်း (십이월) ကျွဲလ (소달) ဒီဇင်ဘာ ၂၂ - ဇန်နဝါရီ ၂၁

ကိုးကား ပြင်ဆင်ရန်

  1. Sohn, Ho-min (2006). Korean Language in Culture and Society. University of Hawaii Press. 86. ISBN 9780824826949. ...Korean calendars Calendars were adopted from China...
  2. Reingold, Edward (2008). Calendrical Calculations. Cambridge University Press. 269. ISBN 9780521885409. ... Korea used the Chinese calendar for ...
  3. "Korean Holidays". Life in Korea. Archived from the original at 2012-07-13.
  4. Sohn, Ho-min (2006). "Korean Terms for Calendar and Horary Signs, Holidays and Seasons". Korean Language and Culture in Society. University of Hawaii Press. pp. 91–92. ISBN 9780824826949.