ကိုလေးလွင် (၁၉၄၁-၁၉၈၉) သည် မြန်မာလူမျိုး တေးရေးဆရာတစ်ဦး ဖြစ်သည်။ မြန်မာသံစဉ်များထဲမှ သန်းထွန်းလေး၏ 'မွေးဌာနီ'၊ 'မမေ့သောအညာ'၊ 'မမပုသိမ်သူ'စသည့် သီချင်းများ ပလေးဘွိုင်းသန်းနိုင်၊ ပုလဲ၊ မြန်မာပြည်သိန်းတန်၊ မြသီတာ၊ အယ်လ်ခွန်းရီ၊ တက္ကသိုလ်အေးမောင်၊ စိန်လွင်လေး၊ ခင်မောင်ထူး၊ မေခလာ၊ မိုင် စသည့် ခေတ်ပေါ် တေးသံရှင်များအား မြန်မာသံစဉ် ကျောရိုးမပျက်၊ စတီရီယိုတေးသီချင်းများကိုလည်း ရေးစပ်ခဲ့သူ ဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တွင် ၁၉၄၁ ခု၊ ဧပြီလ ၂၄ ရက်၌ ဦး အေးချို၊ ဒေါ် သန်းညွန့်တို့က မွေးသည်။ ငယ်မည်မှာ ကျော်ရှိန် ဖြစ်သည်။

၁၉၅၅ ခုတွင် ဂီတနယ်သို့ ဝင်ကာ ဂီတမှူးအဖြစ်လုပ်ကိုင်ရင်း သီချင်းများရေးခဲ့သည်။ [၁]

၁၉၈၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ကွယ်လွန်သည်။

ကျော်ကြားသော တေးများ ပြင်ဆင်ရန်

  • မင်္ဂလာသတင်း
  • ကံကော်မြို့တော်
  • လှိုင်းပုတ်သံကြောင့် ဗျိုင်း လန့်ပျံသည်
  • ကြာလေလေ ခိုင်မြဲလေလေ
  • ကြာလေလေ ဝေးမှာ စိုးတယ်
  • မမေ့သော အညာ
  • ကျနော့်မမ ပုသိမ်သူ
  • ခွင့်မပန်ဘဲ သွားပါနဲ့ကွယ်
  • သံလွင်ကတော့ စီးမြဲပင်
  • ချစ်သူတို့ လျှောက်သောလမ်းကလေး
  • ဘယ်သွားနေသလဲ မရွှေဖဲ
  • သမင်လိုက်
  • တလောကလုံးကို အိပ်ခိုင်းထားချင်တယ်
  • ချစ်ခရီးဧရာ
  • ကိုကို ယောက်ျားမဟုတ်ဖူး
  • မဟာရန်သူ အချစ်တော်ကြီး
  • ဒီလိုဒီလိုပါကွယ်
  • ယောက်ျားမျက်ရည်
  • မိုက်တယ်ဆိုတာ လွယ်ပါတယ်

ကိုးကား ပြင်ဆင်ရန်

  1. "တေးချစ်သူများမှ တေးချစ်သူများသို့"။ သပြေ တေးမဂ္ဂဇင်း။ ၁၉၇၅၊ စက်တင်ဘာ။ စာ ၃၈။