ကိုလံဘိုမီးပြတိုက်ဟောင်း

ကိုလံဘိုမီးပြတိုက်ဟောင်း သို့မဟုတ် ကိုလံဘိုခံတပ်နာရီစင် သည် သီရိလင်္ကာနို်င်ငံ၊ ကိုလံဘိုမြို့တွင် တည်ရှိသည့် မီးပြတိုက်တစ်ခု ဖြစ်သည်။ ယခုအခါတွင် နာရီစင်တစ်ခု အဖြစ် တည်ရှိနေသည်။ ဤမီးပြတိုက်သည် အလုပ်လုပ်ဆောင်မှု မရှိတော့ပေ၊ သို့သော် ယခုအခါတွင် နာရီစင်တစ်ခုအဖြစ် ကျန်ရှိနေသည်။ ၎င်းသည် ကိုလံဘိုခံတပ်ရှိ Janadhipathi Mawatha (ယခင် Queens Road) နှင့် ချသမ်လမ်းနှစ်ခု ဆုံရာတွင် တည်ရှိသည်။

Old Colombo Lighthouse
Clock Tower
The clock tower lighthouse
Map
တည်နေရာFort
Colombo
Sri Lanka
OS grid[၁]
ကိုဩဒိနိတ်6°56′5″N 79°50′34″E / 6.93472°N 79.84278°E / 6.93472; 79.84278ကိုဩဒိနိတ်: 6°56′5″N 79°50′34″E / 6.93472°N 79.84278°E / 6.93472; 79.84278
တည်ဆောက်ခဲ့1829 (first)
ပထမဆုံးမီးထွန်း1865
အလိုအလျောက်no
ဖျက်သိမ်း1952
ဆောက်လုပ်ရေးbrick tower
မီးပြတိုက်ပုံစံsquare tower with balcony and lantern
အမှတ်အသားwhite tower with stone trim, grey metallic lantern
မီးပြတိုက်အမြင့်၂၉ m (၉၅ ft)
ARLHS numberSLI-021

သမိုင်းကြောင်း ပြင်ဆင်ရန်

 
Queen Street, showing light house in 1907.

တာဝါကို နာရီစင်တစ်ခုအဖြစ် ၁၈၅၆ - ၅၇ တွင် တည်ဆောက်ခဲ့ပြီး ၁၈၅၇ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြီးစီးခဲ့သည်။[၁] တာဝါကို အုပ်ချုပ်သူ Sir Henry George Ward (1797 – 1860) ၏ ဇနီးဖြစ်သူ Emily Elizabeth Ward က ဒီဇို်င်းရေးဆွဲခဲ့သည်။[၁][၂] တည်ဆောက်မှုကို ပြည်သူ့လုပ်ငန်းများဌာနက ဒါရိုက်တာဖြစ်သူ Mr John Flemming Churchill ၏ ဦးဆောင်မှုအောက်တွင် တာဝန်ယူခဲ့သည်။ ထိုအချိန်က ၂၉ မီတာ (၉၅ ပေ) အမြင့်ရှိသည့် ဤမီးပြတိုက်သည် ကိုလံဘိုတွင် အမြင့်ဆုံး အဆောက်အဦ ဖြစ်သည်။[၃] မူလနာရီစင်တည်ဆောက်မည့်အစီအစဉ်ကို အုပ်ချုပ်သူ Sir Robert Brownrigg (1759 – 1833) က ၁၈၁၄ ခုနှစ်တွင် £1,200 ဖြင့် ပြုလုပ်ခဲ့သည်။ သို့သော် ၎င်းကို ကုန်လှောင်ရုံတစ်ခုတွင်သာ ထိန်းသိမ်းထားခဲ့ရသည်။ စီးပွားရေးဆိုင်ရာ အကြောင်းများကြောင့် ၎င်းကို ၁၈၅၇ ခုနှစ် ရောက်သည့်အချိန်မှ နောက်ဆုံးပြုလုပ်ခဲ့ကြရသည်။

အနီးအနားရှိ အဆောက်အဦများသည် မီးပြတိုက်၏ အလင်းရောင်ကို ဖုံးကွယ်သဖြင့် ဤမီးပြတိုက်ကို ပိတ်ခဲ့ပြီး ၁၉၅၂ ခုနှစ်၊ ဇူလို်ငလ ၁၂ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။ ၎င်း၏ နေရာတွင် ခေတ်မီ ဂယ်လီဘတ်မီးပြတိုက်ကို အစားထိုးကာ တည်ဆောက်ခဲ့သည်။

အသွင်အပြင် ပြင်ဆင်ရန်

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Paranavitana၊ Dr. K. D.။ "The Big Ben of Colombo - the Chatham Street clock tower"၊ 25 June 2006။ 8 October 2014 တွင် ပြန်စစ်ပြီး 
  2. Genealogy of Henry George Ward။ Daniel Morgan's Genealogy Pages (31 December 2010)။ 8 October 2014 တွင် ပြန်စစ်ပြီး။
  3. Lighthouse Explorer: Colombo Clock TowerLighthouse Digest။ 8 October 2014 တွင် ပြန်စစ်ပြီး။