ကိုးသောင်းပုထိုးတော်ကြီး

ကိုးသောင်းပုထိုးတော်မှာ မြောက်ဦးမြို့ နန်းတော်ရာကုန်း၏ အရှေ့ဘက် တစ်မိုင်ခွဲခန့်အကွာတွင် တည်ရှိပြီး အေဒီ ၁၅၅၃-၁၅၅၆ ခုနှစ်အတွင်း ရခိုင်ဘုရင် မင်းတိက္ခာက တည်ထားခဲ့သော ပုထိုးတော်ကြီး ဖြစ်ပြီး ဘုရားဆင်းထုတော် (၉) သောင်း ကိန်းဝပ် စံပယ်နေသဖြင့် ကိုးသောင်း ဘုရား ပုထိုးတော်ကြီးဟု အမည် တွင်သည်။

ကိုးသောင်းပုထိုးတော်ကြီး
ကိုးသောင်းပုထိုးတော်ကြီး
ကိုးသောင်းပုထိုးတော်ကြီး သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကိုးသောင်းပုထိုးတော်ကြီး
မြန်မာနိုင်ငံတွင်း တည်နေရာ
အချက်အလက်များ
ကိုဩဒိနိတ်20°35′53″N 93°12′39″E / 20.59815°N 93.21097°E / 20.59815; 93.21097ကိုဩဒိနိတ်: 20°35′53″N 93°12′39″E / 20.59815°N 93.21097°E / 20.59815; 93.21097
ဘာသာရေး နှီးနွယ်မှုထေရဝါဒ
နိုင်ငံမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူမင်းတိက္ခာ
ပြီးစီး၁၅၅၄–၁၅၅၆

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရှေးခေတ် တည်ထားကိုးကွယ်ခဲ့သော ကိုးသောင်းပုထိုးတော်ကြီးအား သျှစ်သောင်းပုထိုးတော်ကြီးတည်ထားသော ဘုရင်၏သားတော် ရခိုင်ဘုရင် မင်းတိက္ခာ တည်ထားခြင်းဖြစ်သည်။ ဖခင်တည်ထားသော်ပုထိုးတော်၌ ဘုရားဆင်းတုတော်ပေါင်း ရှစ်သောင်းရှိသော်ကြောင့် အဖေထက်ကြောရန် ဘုရားဆင်းတုတော်ပေါင်း ကိုးသောင်း ထားရှိမည်ဟု ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ သို့သော် ဘုရားတည်စဲအချိန်တွင်တစ်ခါ ၊ ထီးတော်တင်သောအချိန်တွင်တစ်ခါ မိုးကြိုးထိသောကြောင့် နောက်ဆုံးတွင် မအောင်မြင်ချေ။ ထို့ကြောင့်၎င်း ပုထိုးတော်ကြီးသည် ယခုတိုင်မပြီးစီးသေးပေ။

မြောက်ဦးရှေးဟောင်း သုတေသနဌာနမှ ၁၉၉၆-ခုနှစ်က ပုထိုးတော်ကြီးအား စတင် ပြန်လည် တူးဖော်ခဲ့ရာ ၂၅ရာခိုင်နှုန်း ခန့်သာ ပြီးစီးခဲ့သော်လည်း တချို့စေတီပုထိုးတော်များမှာ နဂိုအတိုင်း ချုံနွယ်များဖုံးအုပ်နေသည်ဟု သိရသည်။

ကိုးသောင်းပုထိုးတော်ကြီးအတွင်းမှ လိုဏ်ဂူများ

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်