ကီလို အတန်းစား ရေငုပ်သင်္ဘော

ဒီဇယ်-လျှပ်စစ် တိုက်ခိုက်ရေးရေငုပ်သ‌င်္ဘော

ကီလို-အတန်းစား ရေးငုပ်သင်္ဘော (Kilo-class submarine) (Russian: Па́лтус, meaning "halibut", NATO reporting name Kilo) ဆိုသည်မှာ ဆိုဗီယက်ဒီဇိုင်းပြုလုပ်ရေး စီမံကိန်း ၈၇၇ ပေါလ်တပ်စ် (Project 877 Paltus ) မှ ပြုလုပ်သည့် ဒီဇယ်-လျှပ်စစ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများ၏ အမျိုးအစားတစ်ခုဖြစ်ပြီးလျင် ဆိုဗီယက် ပြည်ထောင်စုမှ ဆိုဗီယက်ရေတပ်အတွက် တည်ဆောက်ပေးခဲ့သည်။ အနောက်နိုင်ငံများမှ ကီလိုအတန်းစားအားအဆင့်မြှင့်ထားသည်ဟု သိကြသည့် ဤအမျိုးအစားအထက် အဆင့်မြင့်မားသည့် စီမံကိန်း ၆၃၆ ဗာရှာဗီရန်က (Project 636 Varshavyanka)မျိုးကွဲများအား စတင်ထုတ်လုပ်ချိန် ၁၉၀၀ ခုနှစ်များ အလယ်ပိုင်းကာလတိုင်အောင် ကီလိုအတန်းစား ရေငုပ်သင်္ဘောများကို တည်ဆောက်ခဲ့ကြသည်။

ရေငုပ်သင်္ဘောသားများနေ့ အကြိုတွင် တွေ့ရသည့် ရုရှား ပင်လယ်နက် ရေတပ်အုပ်စု (Russian Black Sea Fleet) ၏ အဆင့်မြှင့်တင်ပြီး ကီလို-အတန်းစား ရေငုပ်သင်္ဘော ဘီ-၂၆၅ ခရပ်စ်နိုဒေါ (Krasnodar)

တာဝန် ပြင်ဆင်ရန်

ဤတိုက်ပွဲဝင် ရေငုပ်သင်္ဘောများကို ရေတိမ်ပိုင်းနှင့် ဆက်နွယ်နေသည့် စစ်ဆင်ရေးများတွင် တန်ပြန်-စစ်သင်္ဘောတိုက်ဖျက်ရေး နှင့် တန်ပြန်-ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက် အဓိက ရည်ရွယ်ထုတ်လုပ်သည်။ မူရင်းသင်္ဘာဖြစ်သည့် စီမံကိန်း ၈၇၇ ရေငုပ်သင်္ဘောများတွင် ရုဗီကွန် မမ်ဂျီကေ ၄၀၀ (NATO အမည် Shark Gill) ဆောင်နာစနစ် တပ်ဆင်ထားသည်။ ယင်းဆောင်နာသည် မိုင်းရှာဖွေထောက်လှမ်းရေး တစ်ခုနှင့် ရှောင်ရှာရေး ဆောင်နာ (NATO အမည် Mouse Roar) ပါဝင်သည်။ ပိုမိုသစ်လွင်သည့် စီမံကိန်း ၆၃၆ ရေငုပ်သင်္ဘောများတွင် အဆင့်မြှင့်ထားသည့် MGK-400EM တပ်ဆင်ထားသည်။ ထို့အပြင် MG-519 Arfa ကိုလည်း MG-519EM သို့ အဆင့်မြှင့်တင့်ပြီး တပ်ဆင်ထားသည်။ ယင်း MGK-400EM သည် ၁၆ ကီလိုမီတာအတွင်းမှ ဆူညံသံ 0.05 Pa/Hz သာရှိသည့် ရေငုပ်သင်္ဘောများကို ထောက်လှမ်းတွေ့ရှိနိုင်ပြီး ကီလိုမီတာ ၁၀၀အတွင်းရှိ ဆူညံသံ ၁၀ပါစကယ်ဟက်ဇ် ရှိသည့် ရေယာဉ်များကိုလည်း ထောက်လှမ်းရှာဖွေနိုင်သည်။ တိုးတက်လာသော ဆိုနာစနစ်(Sonar System)များကြောင့် အော်တိုစနစ်များမှလာသည့် ကွန်ဆိုးလ်ကို မျှဝေအသုံးပြုသဖြင့် ယခင်ကလိုအပ်ခဲ့သည့် ဝန်ထမ်းဦးရေထက် အနည်းငယ်သာ လိုအပ်တေ့ာသည်။ သက်ဝင်တက်ကြွနေသည့် ဆောင်နာလှိုင်းများ စုပ်ယူရန် ကိုယ်ထည်နှင့် အမြှီးများပေါ်တွင် ကပ်ထားသည့် အန်နီခိုဝစ်တိုင်းလ် ခေါ် အကြေးပြား(ကော်ပြား)များ တပ်ဆင်ထားသည်။ ယင်းကြောင့် ရလဒ်အနေဖြင့် တန်ပြန်လာသည့် အချက်ပြမှုအား လျော့နည်းစေပြီး ပုံပျက်သွားစေခြင်းကို ဖြစ်စေသည်။ ဤအကြေးပြားများကရေငုပ်သင်္ဘောမှထုတ်လွှတ်သောအသံများကိုလျှော့ချပေးသည်၊ ထိုသို့လျော့ချထားသည့်ရေငုပ်သင်္ဘောများကို တန်ပြန်ရှာဖွေရေး ဆိုနာ (passive sonar)ဖြင့်သာ ရှာဖွေတွေ့ရှိနိုင်သည်။

အသုံးပြုသောနိုင်ငံများ ပြင်ဆင်ရန်

ပထမဆုံးသော ဤအတန်းစား ရေငုပ်သင်္ဘောသည် ဆိုဗီယက်ရေတပ်အတွင်းသို့ ၁၉၈၀ ခုနှစ် အတွင်း စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ယနေ့အချိန်အထိ ရုရှားရေတပ်တွင် အသုံးပြုနေဆဲဖြစ်သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလစစ်တမ်းအရ ၁၇စင်း မှာ ယနေ့အချိန်အထိ တာဝန်ထမ်းဆောင်နေဆဲဟုသိရှိရပြီး ၇ စင်းမှာ အနားယူခဲ့ပြီးဟုထင်ရသည်။[၁]ရေယာဉ်အစင်း ၄၀ ခန့်အား အောက်ပါနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့သည်။တမ်းပလိတ်:When

ကိုးကား ပြင်ဆင်ရန်

  1. 877 / 636 Kylo class | Russian Military Analysis။ Warfare.ru။ 28 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 September 2011 တွင် ပြန်စစ်ပြီး။
  2. Algeria – Navy။ Country-data.com။ 18 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 September 2011 တွင် ပြန်စစ်ပြီး။
  3. Algeria looking to procure two additional Improved Kilo Project 636M Diesel Submarines from Russia။ Navyrecognition.com (2012-09-24)။ 12 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-03-08 တွင် ပြန်စစ်ပြီး။
  4. You must specify title = and url = when using {{cite web}}. (in ru)။ Vpk-news.ru။ 12 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-03-08 တွင် ပြန်စစ်ပြီး။
  5. Наука и техника: Алжир докупит у России две "Варшавянки"။ Lenta.ru။ 12 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-03-08 တွင် ပြန်စစ်ပြီး။
  6. PDF file။ 14 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-03-08 တွင် ပြန်စစ်ပြီး။
  7. Алжир заказал Рособоронэкспорту две подводные лодки။ KM.RU (2012-09-19)။ 14 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-03-08 တွင် ပြန်စစ်ပြီး။
  8. Kilo Class (Project 636/877EKM) Diesel-Electric Submarine။ SinoDefence.com (23 February 2009)။ 23 February 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 September 2011 တွင် ပြန်စစ်ပြီး။
  9. ၉.၀ ၉.၁ SSK Kilo Class (Type 877EKM) Attack Submarine။ Naval Technology။ 16 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 September 2011 တွင် ပြန်စစ်ပြီး။
  10. John Pike။ Kilo-class submarine – People's Liberation Army Navy။ Globalsecurity.org။ 9 December 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 September 2011 တွင် ပြန်စစ်ပြီး။
  11. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named fas.org
  12. [၁] Archived 8 March 2009 at the Wayback Machine.
  13. Myanmar to receive its first Kilo class submarine from India
  14. Polish Navy (in pl)။ Navy.mw.mil.pl။ 20 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 September 2011 တွင် ပြန်စစ်ပြီး။
  15. 877 / 636 Kylo class | Russian Military Analysis။ Warfare.ru။ 28 September 2011 တွင် ပြန်စစ်ပြီး။
  16. "Russian Navy commissions sixth Project 636.3 Varshavyanka-class submarine"၊ Navaltoday.com၊ 2016-11-24။ 
  17. Russian Navy Orders 6 Project 636.3 Improved Kilo SSK to Boost Pacific Fleet Submarine Force။ navyrecognition.com (2016-01-20)။ 5 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2016 တွင် ပြန်စစ်ပြီး။
  18. Названы сроки постройки серии дизельных подлодок для Тихоокеанского флота။ lenta.ru (2016-09-02)။ 3 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 September 2016 တွင် ပြန်စစ်ပြီး။
  19. Russia's Admiralty to Deliver Six Stealth Subs to Pacific Fleet by 2021။ 8 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 September 2016 တွင် ပြန်စစ်ပြီး။
  20. Russian Navy signs contract during Army 2020 forum for two more diesel submarines
  21. Минфин и «Роскосмос» вступили в публичные препирательства о сокращении расходов - Ведомости
  22. Russia dominates Asian market with 28 diesel subs။ Rusnavy.com (15 December 2009)။ 15 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 September 2011 တွင် ပြန်စစ်ပြီး။
  23. Vietnam receives first Russian-made submarine။ xinhuanet.com (2 January 2014)။ 9 January 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 January 2014 တွင် ပြန်စစ်ပြီး။
  24. "Last Kilo submarine arrives at Cam Ranh Port"၊ Voice of Vietnam၊ 2017-01-21။