ကီဟီလိယရာဇမဟာဝိဟာရ သည် သီရိလင်္ကာနိုင်ငံ၊ Monaragala ခရိုင်တွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်သည် Wellawaya မြို့မှ ၁၁ ကီလိုမီတာ (၆.၈ မိုင်) ကွာဝေးသည့် Handapanagala ရွာတွင် တည်ရှိသည်။ ကျောင်းတော်ကို သီရိလင်္ကာနိုင်ငံအစိုးရက ရှေးဟောင်းသုတေသနနယ်မြေအဖြစ် သတ်မှတ်ထားသည်။]].[၁] ၎င်းကို ၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အစိုးရဂေဇက်အမှတ် ၁၂၆၄ တွင် ဖော်ပြခဲ့သည်။[၂]

ကီဟီလိယရာဇမဟာဝိဟာရ
කැහැලිය රජ මහා විහාරය
The dilapidated Stupa and other ruins
အချက်အလက်များ
တည်နေရာHandapanagala, Wellawaya
ကိုဩဒိနိတ်06°39′55.8″N 81°07′37.4″E / 6.665500°N 81.127056°E / 6.665500; 81.127056ကိုဩဒိနိတ်: 06°39′55.8″N 81°07′37.4″E / 6.665500°N 81.127056°E / 6.665500; 81.127056
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Monaragala
စီရင်စုUva Province
နိုင်ငံSri Lanka
အမွေအနှစ် သတ်မှတ်ခြင်းArchaeological Reserve (22 November 2002)
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple

ကျောင်းတော် ပြင်ဆင်ရန်

 
An inscription near to the rock curved steps

ကျောင်းတော်သည် Neluwagala Grama Niladari တိုင်းတွင် တည်ရှိသည်။ ကျောင်းတော်ကကို သေးငယ်သည့်ကျောက်ဆောင်တစ်ခု၏ ကုန်းပြင်မြင့်ပေါ်တွင် တည်ဆောက်ထားသည်။ ၎င်းနေရာသည် Handapanagala ရေလှောင်တမံ၏ အနီးအနားတွင် ဖြစ်သည်။ ကျောက်ဆောင်၏ ထိပ်ဖျားတွင် ရှေးဟောင်းစေတီတော်တစ်ခုရှိပြီး အနည်းငယ်သွားရုံဖြင့် ရောက်ရှိနိုင်သည်။ ထိုကျောက်ဆောင်၏ ကျောက်သားမျက်နှာပြင်တွင် ထွင်းထုထားသည်များကိုလည်း တွေ့ရှိနိုင်သည်။ စေတီတော်သည် ယခုအခါတွင် ပြိုလဲပျက်စီးလုနီးပါး ဖြစ်နေသည်။ စေတီတော်နှင့် ဘေးကပ်လျက်တွင် ဘုရားကျောင်းဆောင်အပျက်အစီးတစ်ခုကိုလည်း မြင်တွေ့ရသည်။ ၎င်းကျောင်းဆောင်တွင် ကျောက်သားများအား ထွင်းထုထားသည့် ပလ္လင်၊ အထိမ်းအမှတ်ကျောက်တုံး၊ လက်ရန်းပွတ်လုံး၊ ကျောက်သားအောက်ခြေများ၊ ယန်တရာကျောက်တုံးများနှင့် ကျောက်စာများ စသည်တို့ကို မြင်တွေ့နိုင်သည်။ ကျောက်စာသည် ကြီးမားသည့် ကျောက်သားမျက်နှာပြင်တစ်ခုပေါ်တွင် ထွင်းထုထားပြီး အစောပိုင်းဗြဟ္မဏီဘာသာစကားများကို တွေ့ရှိရသည်။[၃] လှေကားထစ် အောက်ဘက်ပိုင်းသည် စေတီတော်၏ မြောက်ဘက်တွင် တည်ရှိပြီး ကျောက်စာများပါဝင်သည့် ကျောက်တိုင်တစ်ခုနှင့်အတူ အခြားများစွာသော ကျောက်သားအပျက်အစီးများစွာ တည်ရှိသည်။ အပျက်အစီးများသည် ဘီစီ ၃ ရာစု မင်းDevanpiya Tissa လက်ထက် (307 BC – 267 BC) အချိန်က ဖြစ်သည်ဟု ယုံကြည်ရသည်။[၃]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Protected Monument List 2012-12-12 (In Sinhala)Department of Archaeology (12 December 2012)။ 23 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 January 2018 တွင် ပြန်စစ်ပြီး။
  2. "Gazette" (22 November 2002). The Gazette of the Democratic Socialist Republic of Sri Lanka 1264. 
  3. ၃.၀ ၃.၁ Uma Oya Multipurpose Development Project- Final Report – Nov 2010#Keheliya Raja Maha Viharaya။ EJUSTICE (20 November 2010)။ 20 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 January 2018 တွင် ပြန်စစ်ပြီး။ “The archeological remains of a stupa and image house in the rocky plain and two buildings with stone columns near it is believed to be belongs to the 3rd century BC of the King Devanpiyatissa period. The two inscriptions seen in the area has early brahmiyan letters. The area is an archeological reserve”