[၁] ခန္ဓာငါးပါးတို့သည် ပြာပူနှင့် တူကုန်၏-ဟု ရှုမြင်သော အကြားအမြင်ရှိသော အရိယာသာဝကသည် ခန္ဓာငါးပါးတို့၌ ငြီးငွေ့၏၊ ငြီးငွေ့ခြင်းကြောင့် တပ်မက်မှု ကင်း၏၊ တပ်မက်မှုကင်းခြင်းကြောင့် (ကိလေသာတို့မှ) လွတ်မြောက်၏။ ကိလေသာတို့မှ လွတ်မြောက်ပြီးသည်ကို သိမြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်အမြင် ဖြစ်၏။ မိမိ၏ အာသဝေါကင်းကွာ ရဟန္တာဖြစ်နေသည်ကို သိမြင်လေတော့၏-ဟု ခန္ဓာတစ်ပါးစီ တစ်ပါးစီ၌ ရှုမြင်ပုံ အကျယ်ဟောတော်မူသည့်သုတ်။

ဤသုတ်၌ ဒုက္ခလက္ခဏာကို ဘုရားရှင် ဟောတော်မူပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၂၊၁၄၅။ သံ၊မြန်၊၂၊၁၃၆။ သံ၊ဋ္ဌ၊၂၊၃၀၆။ သံ၊ဋီ၊၂၊၂၆၀။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၁၄)၄-ကက္ကူဠဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ