• စေတီပုထိုးအမှတ်=၁၅၁/၁၂၂−က

ကုန်းတော်ကြီးဂူဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ သကျမုနိဂူဘုရားအနီး ကုန်းမြင့်ထက်၌ တည်ရှိလေသည်။ (၁၃) ရာစု အတွင်း တည်ဆောက်ခဲ့သော အဆောက်အအုံ ဖြစ်သည်။ [၁]

ဗိသုကာ လက်ရာများ ပြင်ဆင်ရန်

ထိုဂူဘုရားသည် ကုလားကျောင်းခံ၍ ပစ္စယာများအထက်တွင် စေတီပေါက်ထားသည်။ အတွင်း နံရံများတွင် ဗုဒ္ဓဝင်နှင့် ငါးရာ့ငါးဆယ်ဇာတ်ကွက် ဆေးရေးပုံများ၊ မြင်းမိုရ်တောင်နှင့် တောင်စဉ်ခုနှစ်ထပ်၊ သီဒါ(တာ) ခုနှစ်တန် ဆေးရေးပုံများကို ကမ္မည်းစာများနှင့်တကွ တွေ့နိုင်သည်။ ဂူအပြင်၌လည်း လှပသော အင်္ဂတေပန်း အချို့ကို တွေ့နိုင်သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ဦးဗိုကေ - ပုဂံသုတေသနလမ်းညွှန်
  2. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ