ကုန်းဘောင်ခေတ် အုတ်ဂူများ
ကုန်းဘောင်ခေတ် အုတ်ဂူများ သည် ကုန်းဘောင်မင်းဆက်ဘုရင်များ ဆောက်လုပ်ခဲ့သည့် သင်္ချိုင်းဂူများ ကို ဆိုလိုသည်။ ထိုအုတ်ဂူများသည် မြန်မာ့တော်ဝင်နေပြည်တော်များဖြစ်ကြသည့် မန္တလေး၊ အမရပူရနှင့် အင်းဝတို့တွင် ဖြန့်ကျက်တည်ရှိသည်။
သင်္ဂြိုဟ်သည့်ဓလေ့
ပြင်ဆင်ရန်မြန်မာဘုရင်တစ်ပါး နတ်ရွာစံသည့်အခါတွင် သူ၏ထီးဖြူကို ချိုးပစ်ရပြီး ထို့နောက်တွင် ကြီးမားသည့် ဗုံနှင့်မောင်းကို နန်းတော်၏ အရှေ့ဘက်မျှော်စင်မှ တီးခတ်ရသည်။ ဤသို့ ပြုလုပ်ရခြင်းသည် ဘုရင်အပါအဝင် တော်ဝင်မိသားစုဝင်များ သေဆုံးသည့်အခါ လုပ်ဆောင်ရသည့် ဓလေ့တစ်ခု ဖြစ်သည်။[၁] မီးသင်္ဂြိုဟ်သည့်အခါတွင်လည်း ပြာများကို ကတ္တီပါအိတ်အတွင်းသို့ထည့်ကာ မြစ်အတွင်းသို့ သွန်ပစ်ရသည်။[၂] မင်းတုန်းမင်းကြီးသည် ထိုဓလေ့ထုံးတမ်းကို ပထမဆုံး ချိုးဖောက်ကာ မီးသင်္ဂြိုဟ်ခြင်း မပြုဘဲ အလောင်းကောင်ကို နဂိုအတိုင်း ယခုသူ၏ အုတ်ဂူရှိသည့်နေရာတွင် မြှုပ်နှံခဲ့သည်။ ဤသည်မှာလည်း သူ၏ ဆန္ဒအရ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။[၃][၄]