ကုမ္မာသပိဏ္ဍိဇာတ်
သတ္တကနိပါတ် - ၂။ ဂန္ဓာရဝဂ် -(၄၁၅) - ကုမ္မာသပိဏ္ဍိဇာတ် မင်းကြီး၏ ထီးနန်းစည်းစိမ်ကိုရခြင်း၊ မိဖုရား၏ လှပတင့်တယ်ခြင်း အကြောင်းရင်းများကား မုယောမုန့် လှူခဲ့ခြင်းနှင့် သီလစောင့်ထိန်းခဲ့ခြင်းတို့ပင်တည်း ဟု ဇာတိဿရဉာဏ်ဖြင့် အမှန် သိမြင်ကြသော မင်းမိဖုရားတို့ အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်ဘုရား လှူဒါန်း ပီတိပြွမ်း
ပြင်ဆင်ရန်နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလ မင်းကြီး၏ မလ္လိကာ မိဖုရားကြီးကား သာဝတ္ထိပြည်ဝယ် ပန်းသည်ကြီး တစ်ဦး၏ သမီး ဖြစ်၏။ ထိုသတို့သမီးကား မြတ်သော အဆင်းကို ဆောင်၏။ အလွန် ပညာကြီး၏။
တစ်ဆယ့်ခြောက်နှစ်အရွယ် ရှိသောအခါ တစ်နေ့သ၌ သူငယ်မတို့နှင့်အတူ ပန်းဥယာဉ်သို့ သွားလတ်သော် ပန်းတောင်း၌ မုယောမုန့် သုံးဆုပ်ကို ထည့်၍ သွား၏။ မလ္လိကာသည် မြို့တွင်းမှ ထွက်သောအခါ ကိုယ်ရောင်တော်ကိုလွှတ်လျက် ရဟန်းအပေါင်း ခြံရံကာ ဆွမ်းခံကြွလာသော မြတ်စွာဘုရားကိုမြင်လျှင် အလွန် ကြည်ညိုသဖြင့် ပါလာသော မုယောမုန့် သုံးဆုပ်ကို လှူ၏။ မြတ်စွာဘုရားလည်း အလှူခံတော်မူ၏။ မလ္လိကာလည်း လှူပြီးလျှင် ခြေတော်အစုံကို ရှိခိုး၍ နှစ်သက်ခြင်း ပီတိကို ဖြစ်စေလျက် လျောက်ပတ်သော အရပ်၌ တည်နေ၏။
ဘုရား ပြုံးမှု ဗျာဒိတ်ပြု
ပြင်ဆင်ရန်ထိုအခါ မြတ်စွာဘုရားသည် မလ္လိကာကို ကြည့်တော်မူပြီးလျှင် ပြုံးတော်မူ၏။ ရှင်အာနန္ဒာသည် ပြုံးတော်မူခြင်း အကြောင်းကို လျှောက်ထား၏။ မြတ်စွာဘုရားသည် ချစ်သား အာနန္ဒာ ဤမလ္လိကာသည် မုယောမုန့် လှူရသော ကုသိုလ်ကောင်းမှုကြောင့် ယနေ့ပင်လျှင် ကောသလမင်းကြီး၏ မိဖုရားကြီး ဖြစ်လတ္တံ့ ဟု ဗျာဒိတ်ကြားတော်မူ၏။ မလ္လိကာလည်း ပန်းအရံသို့ သွားလေ၏။ မြတ်စွာဘုရားလည်း ဆွမ်းခံကြွတော်မူ၏။
မင်းကြီး မြင်ကောက် မိဖုရားမြှောက်
ပြင်ဆင်ရန်ထိုနေ့ ကောသလမင်းကြီးသည် အဇာတသတ်မင်းနှင့် စစ်ထိုး၍ ရှုံးသဖြင့် မြင်းစီး၍ ပြေးလေရာ ပန်းအရံအနီးသို့ရောက်လျှင် မလ္လိကာ၏ သီချင်းသံကို ကြားရကား အလွန်တပ်စွန်းသောစိတ် ရှိသဖြင့် ပန်းအရံအတွင်းသို့ မြင်းကိုမောင်းနှင်၍ သွား၏။ ဘုန်းတန်ခိုး ကြီးမားသော မလ္လိကာသတို့သမီးကား မင်းကြီးကို မြင်သော်လည်း မပြေးဘဲ မြင်း၏ နှာခေါင်းကို ဆီးကြို၍ ကိုင်၏။
မင်းကြီးလည်း အရှင်ရှိသလောဟု မေးရာ မရှိကြောင်းကို လျှောက်ထားလျှင် မြင်းပေါ်မှ ဆင်းသက်၍ မလ္လိကာ၏ ရင်ခွင်ဝယ်အိပ်လျက် တစ်ခဏမျှ အပန်းဖြေ၏။ အပန်းပြေလျှင် မလ္လိကာကို မြင်းပေါ်၌ တင်ဆောင်လျက် မြို့တွင်းသို့ ဝင်ပြီးလျှင် မိဘအိမ်သို့ ပို့၏။ ညအခါ ယာဉ်ဖြင့် နန်းတော်သို့ ယူစေပြီးလျှင် ရတနာအစု၌ ထား၍ မိဖုရားကြီး မြှောက်လေ၏။ မလ္လိကာ ကား မိဖုရားကြီး ဖြစ်ပြီးလျှင် လင်ကို နတ်ကဲ့သို့ ရိုသေ၏။ မင်းကြီးလည်း အလွန် ချစ်မြတ်နိုးတော်မူ၏။
တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် မလ္လိကာသည် မုယောမုန့် သုံးဆုပ်ကို လှူခြင်းကြောင့် မိဖုရားကြီး ဖြစ်ရကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် ရဟန်းတို့ မလ္လိကာမှာ သဗ္ဗညုတဘုရားအား လှူဒါန်းရခြင်းကြောင့် မိဖုရားကြီး ဖြစ်သည်မှာ မအံ့ဩလောက်သေး၊ ရှေးအခါ ပစ္စေကဗုဒ္ဓအား လှူရခြင်းကြောင့် ယူဇနာသုံးရာရှိသော ကာသိတိုင်း၌ မင်းစည်းစိမ်ကို ရဖူးပြီ ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်မုန့်ဆွမ်းလှူလောင်း ဆုမွန်တောင်း
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဆင်းရဲမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် သူဌေးတစ်ဦးကို အမှီပြုကာ အခစားလုပ်၍ အသက်မွေးရ၏။
တစ်နေ့သ၌ သူဆင်းရဲသည် ငါ့မှာ နံနက်စာဖို့ ဖြစ်လိမ့်မည်ဟု ဈေးမှ မုယောမုန့် လေးခုတို့ကို ယူ၍ အမှုလုပ်ရာသို့ သွားသည်ရှိသော် ဗာရာဏသီပြည်သို့ ဆွမ်းခံသွားသော ပစ်စကေဗုဒ်ဓါ လေးဆူတို့ကို မြင်လျှင် သဲတို့ကို လေးပုံပုံ၍ အထက်၌ သစ်ခက်တို့ကို ခင်းပြီးလျှင် ပစ်စကေဗုဒ်ဓါတို့ကို ပင့်၍ အစဉ် အတိုင်း သီတင်းသုံးစေပြီးလျှင် သစ်ရွက်တို့ဖြင့် ရေကိုဆောင်ယူကာ ရေစက်ချ၍ ပစ်စကေဗုဒ်ဓါ တစ်ဆူအား မုယောမုန့်ကို တစ်ဆုပ်စီ လှူပြီးလျှင် ရှိခိုး၍ အရှင်ဘုရားတို့ အကြှနျုပျသညျ ဤမုယောမုန့်ဆုပ်တို့ကို လှူရသော ကောင်းမှုကြောင့် ဘဝဆက်တိုင်း သူဆင်းရဲတို့ အမျိုး၌ မဖြစ်ရပါစေ၊ သဗ္ဗညုတဉာဏ်ကို သိခြင်း၏ အကြောင်း ဖြစ်ပါစေ ဟု ဆုတောင်းလေ၏။
ဆုတောင်းပြည့်လှ အတိတ်ဉာဏ်ရ
ပြင်ဆင်ရန်ပစ်စကေဗုဒ်ဓါ လေးဆူတို့လည်း မုယောမုန့်တို့ကို သူဆင်းရဲ ရှေ့မှာပင် ဘုဉ်းပေးပြီးလျှင် အနုမောဒနာပြု၍ နန္ဒမူလိုဏ်သို့ ကြွကုန်၏။ သူဆင်းရဲလည်း ပစ်စကေဗုဒ်ဓါတို့ကို မျက်စိတဆုံး ဖူးမြော်ပြီးလျှင် မိမိအလှူကို အောက်မေ့၍ ပီတိဖြစ်ကာ အမှုလုပ်ရာသို့ သွားလေ၏။ ထိုနေ့မှစ၍ ထိုကောင်းမှုကို အသက်ထက်ဆုံး အောက်မေ့၍ သေလွန်သောအခါ မုယောမုန့် လှူသော ကောင်းမှုကြောင့် ဗြဟ္မဒတ် မင်းကြီး၏ မိဖုရားကြီးဝမ်း၌ ဖြစ်၍ ဗြဟ္မဒတ္တ သတို့သားဟု အမည်မှည့်ကုန်၏။ ထိုဗြဟ္မဒတ်မင်းသားသည် ခြေဖြင့်သွားနိုင်သောအခါ မှစ၍ ငါကား ဤဗာရာဏသီပြည်မှာပင် သူရင်းငှား ဖြစ်၍ အမှုလုပ်သွားရာ ပစ်စကေဗုဒ်ဓါလေးဆူတို့ကို မွငျ၍ မုယောမုန့် လေးဆုပ်တို့ကို လှူသောကောင်းမှုကြောင့် မင်းမျိုး၌ ဖြစ်ရ၏ ဟု ကြည်လင်သော ကြေးမုံပြင်ဝယ် မျက်နှာရိပ် ထင်သကဲ့သို့ ရှေးဘဝတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာ အလုံးစုံကို ဇာတိဿရဉာဏ်ဖြင့် သိမြင်လေ၏။
အတိတ်ကံကြောင်းပြု ဝမ်းမြောက်မှု
ပြင်ဆင်ရန်ထိုမင်းသားသည် အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာတို့ကို သင်ကြားပြီးလျှင် အိမ်ရှေ့မင်းအဖြစ်ကိုရ၍ နောက်အခါ အဘမင်းကြီး သေလွန်လျှင် မင်းအဖြစ်ကို ရလေ၏။ ကောသလငမ်း၏ သမိးတော်ကို ဆောင်ယူကာ မိဖုရားကြီး ပြုလေ၏။ နန်းတက်မင်္ဂလာ ပြုသောနေ့၌ မြို့အလုံးကို နတ်မြို့ကဲ့သို့ နတ်ဆာဆင်၍ ထီးဖြူဆောင်းမိုးအပ်သော ရာဇပလ္လင်ပေါ်တွင်နေလျက် ငါ့မှာ ထီးနန်းစည်းစိမ် ဂုဏ်သိန်ကျက်သရေ အခြွေအရံတို့ကို ရခြင်းကား တခြားအကြောင်းကြောင့် မဟုတ်၊ ရှငျပစေ်စကဗုဒ်ဓါ လေးဆူတို့အား မုယောမုန့် လေးဆုပ်ကို လှူခဲ့ဖူးသော ကောင်းမှုကုသိုလ်ကြောင့် ရပေသည်ဟု ဝမ်းမြောက်ဝမ်းသာ ဖရဏာပီတိ ဂွမ်းဆိထိသကဲ့သို့ တစ်ကိုယ်လုံး ပျောင်းအိလျက် လူအပေါင်းတို့ အလယ်၌ -
အချင်းတို့ မြတ်သော ပစ္စေကဗောဓိဉာဏ်အမြင်ရှိသော ပစ်စကေဗုဒ်ဓါတို့၌ လက်အုပ်ချီခြင်း၊ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ အရိုအသေပြုခြင်း၊ လှူဒါန်းခြင်း စသည်တို့ကား နည်းသောအကျိုးရှိသည် မဟုတ်၊ အစေးမရှိ တင်လဲ မထည့်ဘဲ လုပ်သော မုယောမုန့်၏ အကျိုးကို ကြည့်ရှုပါလော။
များစွာသော ဆင်၊ နွား၊ မြင်း၊ ပတ္တမြား စသော ဥစ္စာ ခုနစ်ပါးသော စပါးမျိုး အလုံးစုံသောမြေပြင် နတ်သမီးနှင့်တူသော မိန်းမများ ဤဆိုအပ်ပြီးသော အကျိုးတို့ကို ကြည့်ရှုပါလော၊ ဤအကျိုးတို့ကား မုယောမုန့်ကို လှူဒါန်းခြင်းကြောင့် ရသော အကျိုးတို့သည်
ဟု ပြောဆိုကာ ဥဒါန်းကျုးလေ၏။ ထိုနေ့မှစ၍ မင်းကြီး သီဆိုသော ဥဒါန်းသီချင်းကိုသာ လျှင် ဤသီချင်းကား ငါတို့မင်းကြီး နှစ်သက်မြတ်နိုးသော သီချင်း ဖြစ်သည်ဟု စွဲလမ်းကာ တိုင်းသူပြည်သားတို့လည်း ထိုထိုအရပ် ဇာတ်ပွဲသဘင်တို့၌ သီဆိုကြကုန်၏။ ဤသို့ ကာလရှည်လျားလတ်သော် မိဖုရားကြီးသည် ထိုသီချင်းဂါထာ၏ အနကျအဓိပ္ပါယျကို သိလိုသော်လည်း မင်းကြီးကို မမေးဝံ့၊ ဆိတ်ဆိတ်သာ နေရ၏။
မင်းကြီး ဂါထာကို ဆုယူလို
ပြင်ဆင်ရန်တစ်နေ့သ၌ မင်းကြီးသည် မိဖုရားကြီးအား ဂုဏ်ကျေးဇူး တစ်စုံတစ်ခု၌ ကြည်ညိုနှစ်သက်သဖြင့် ရှင်မ သင့်အား ငါ ဆုပေးမည်၊ လိုရာဆုကို ယူလော ဟု ပြော၏။ အရှင်မင်းကြီး ကောင်းပြီ ယူမည်ဟု ပြော၏။ သင့်အား ဆင် မြင်း စသည်တို့တွင် အဘယ်ကိုပေးရမည်နည်း ဟု မေး၏။ အရှင်မင်းကြီး အကြှနျုပျအား မပြည့်စုံခြင်း မည်သည် မရှိပါ၊ ဆင် မြင်း စသည်တို့ကို အလိုမရှိပါ၊ အကယ်၍ ပေးလိုပါမူ သင်မင်းကြီးတို့ သီဆိုအပ်သော သီချင်းဂါထာ၏ အနကျအဓိပ္ပါယျကိုသာ ပြောကြားပါ ဟု လျှောက်၏။ ရှင်မ ဤဆုဖြင့် ဘယ်အကျိုးရှိမည်နည်း၊ တစ်ပါးသောဆုကို ယူပါ ဟု ပြော၏။ အရှင်မင်းကြီး တစ်ပါးသော ဆုကို အလိုမရှိပါ၊ ဤဆုကိုသာ အလိုရှိပါ၏ ဟု လျှောက်၏။ ရှင်မ ကောင်းပြီ ပြောဆိုမည်၊ သို့သော်လည်း သင်တစ်ယောက်တည်းအား ဆိတ်ကွယ်ရာ၌ မပြောဆိုလို၊ မြို့အလုံး၌ စည်လည်စေ၍ မင်းအိမ်တံခါး၌ ရတနာ မဏ္ဍပ် ဆောက်လုပ်ပြီးလျှင် ရတနာ ပလ္လင်ကို ခင်းစေ၍ ပလ္လင်ထက်၌ နေလျက် အလုံးစုံသော သူတို့အား ပြောဆို ဟောကြားမည် ဟု ဝန်ခံလေ၏။
မိဖုရား လျှောက်ထား မင်းဟောကြား
ပြင်ဆင်ရန်မိဖုရားကြီးလည်း မင်းကြီး ပြောဆိုသည့်အတိုင်း ပြုလုပ်စေပြီးလျှင် အရှင်မင်းကြီး စီမံ၍ ပြီးပါပြီ၊ ကြွတော်မူပါ ဟု ပင့်ဖိတ်၍ ပလ္လင်၌ နေစေပြီးလျှင် -
ကုသိုလ်ကို အလိုရှိ၍ တိုင်းနိုင်ငံကို ကြီးပွားစေတတ်သော အရှင်မင်းကြီး အရှင်မင်းကြီးသည် သီချင်းဂါထာကို အလွန် နှစ်သက်ဝမ်းမြောက်စွာ အမြဲမပြတ် ဆိုဘိ၏၊ ထိုသီချင်းဂါထာ၏ အနက်ကို မေးမြန်းပါ၏၊ ဖြေကြားတော်မူပါ
ဟု မင်းကြီးအား ပရိသတ်ဗိုလ်ထု၏ အလယ်တွင် လျှောက်ထားလေ၏။ ထိုအခါ မင်းကြီးသည် -
ရှင်မ ငါသည် ရှေးအခါ ဤဗာရာဏသီပြည်၌ ပင်လျှင် အထင်ရှားသော သူဆင်းရဲမျိုး၌ ဖြစ်၍ သူတစ်ပါး အမှုကိစ္စ၌ အခစား ပြုလုပ်ကာ အသက်မွေးလျက် သီလကို စောင့်သုံးခဲ့ဖူးပြီ။
ရှင်မ ငါသည် အမှုလုပ်ရာသို့ သွားသည်ရှိသော် မဂ်ဖိုလ်မှလာသော အကျင့်သီလနှင့် ပြည့်စုံလျက် အာသဝေါတရားလေးပါး မရှိ ငြိမ်းချမ်းသော အရှငျပစေ်စကဗုဒ်ဓါ လေးဆူတို့ကို ဖူးမြင်ရပြီ။
ရှင်မ ငါသည် ထိုပစ်စကေဗုဒ်ဓါ လေးဆူတို့၌ စိတ်ကို ကြည်ညိုစေလျက် သစ်ရွက်အခင်း၌ သီတင်းသုံးစေပြီးလျှင် မိမိလက်တို့ဖြင့် မုယောမုန့် လေးဆုပ်တို့ကို လှူဒါန်းခဲ့ဖူးပြီ။
ရှင်မ ငါ၏ ဤသို့သော သဘောရှိသော အကျိုးသည် မုယောမုန့် လေးဆုပ်ကို လှူဒါန်းသော ကုသိုလ်၏အကျိုး ဖြစ်သည်၊ မြေအပြင်ကို အစိုးရ၍ ပြည့်စုံမွန်မြတ်သော ဤမင်းစည်းစိမ်ကို ခံစားရပြီ
ဟု မိဖုရားကြီး အမှူးရှိသော ပရိသတ်တို့အား ကောင်းကင် အလယ်တွင် လပြည့်ဝန်းကို ထင်စေဘိသကဲ့သို့ ထင်ရှားစွာ သီချင်းဂါထာ၏ အနက် အဓိပ္ပါယျကို ဟောကြားလေ၏။
မင်းကြီး စေတနာ ချီးကျူးကာ
ပြင်ဆင်ရန်ထိုအခါ မိဖုရားကြီးသည် မင်းကြီး၏ တရားစကားကို ကြားနရလျှင် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ -
ကုသိုလ်ကို အလိုရှိသော အရှင်မင်းကြီး လှူဒါန်း၍ သာ စာတော်မူပါ၊ ဒါန စသော ကုသိုလ်ကောင်းမှုတို့၌ မမေ့လျော့ပါလင့်၊ ပဋိရူပဒေသဝါသ စသော စက်လေးပါးကိုလည်း လည်ပါစေလော့၊ တရားကို စောင့်ပါလော့-
ဟု မင်းကြီးအား ချီးကျူးကာ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ရန် တိုက်တွန်းလေ၏။
အို-တင့်တယ်လှပသော ကောသလမင်းကြီး၏ သမီးတော် ငါသည် အရိယာတို့ သွားလာလော့ကျက်အပ်သော ဒါန ဟူသော လမ်းခရီးကို အဖန်တလဲလဲ သွားပါအံ့၊ ငါသည် ရဟန္တာတို့ကို ဖူးမြင်ခြင်းငှာ နှစ်သက် မြတ်နိုးလှပါ၏
ဟု မိဖုရားကြီးအား ပြောဆို ဝန်ခံလေ၏။
မိဖုရား အတိတ်ကံ စစ်မေးပြန်
ပြင်ဆင်ရန်ထိုအခါ မင်းကြီးသည် မိဖုရားကြီး၏ လှပတင့်တယ်ခြင်း၊ စည်းစိမ် အခြံအရံ ပေါများခြင်းကို ကြည့်ရှုပြီးလျှင် ရှင်မ ငါ၏ ရှေးက ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုကို ပြောကြားအပ်ပြီ
အို-လှပတင့်တယ်သော ကောသလမင်းကြီး၏ သမီးတော် သင်သည် နတ်သမီးနှင့် တူ၏၊ မောင်းမတို့ အလယ်၌ သိကြားမင်း၏ မိဖုရားကဲ့သို့ တင့်တယ်လှ၏၊ ရှေးအခါ အဘယ်ကောင်းမှုကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကြောင့် အဆင်းလှသနည်း
ဟု မိဖုရားကြီးကို တစ်ဖန် မေးမြန်းပြန်၏။
ရှေးအတိတ်ကံများ အကျိုးခံစား
ပြင်ဆင်ရန်မိဖုရားကြီးလည်း မင်းကြီးကဲ့သို့ပင် ရှေးဘဝက အဖြစ်အပျက်ကို သိနိုင်သော ဇာတိဿရဉာဏ်ကို ရရှိပေ၏။ ထိုကြောင့် မင်းကြီး မေးသောစကားကို ကြားလျှင် -
အရှင်မင်းကြီး အကျွန်ပ်လည်း ရှေးအခါ သူကြွယ်မျိုး၏ အစေအပါး ကျွန်မ ဖြစ်၍ ကိုယ် နှုတ် နှလုံး သုံးပါးကို စောင့်ရှောက်ခဲ့ပြီ၊ သီလနှင့် ပြည့်စုံခဲ့ပြီ၊ တရားသဖြင့် အသက်မွေးခဲ့ပြီ၊ ထိုကြောင့် လှပတင့်တယ် ရှုချင်စဖွယ် အဆင်းရှိပါ၏။
အရှင်မင်းမြတ် ထိုအခါ အရှင်စ္စေကဗုဒ္ဓါအား ဆွမ်းခံကြွလာစဉ် ဝေစုရသော ထမင်းကို ကိုယ်ပိုင်နှစ်သက်ဝမ်းမြောက်စွာ လှူဒါန်းခဲ့ဖူးပြီ၊ အကြှနျုပျ၏ ဤသို့ သဘောရှိသော အကျိုးသည် ဝေစုရသော ထမင်းကို လှူဒါန်းရသော ကုသိုလ်ကောင်းမှု၏ အကျိုးဖြစ်ပါ၏
ဟု မင်းကြီးအား မိမိ ရှေးဘဝက ပြုခဲ့ဖူးသော ကောင်းမှုကံကို ထင်ရှားစွာ ဖြေဆိုလေ၏။
နှဈဦးသဒ်ဒါ လွန်ကဲစွာ
ဤသို့လျှင် မင်းကြီးနှင့် မိဖုရားကြီးတို့သည် မိမိ မိမိတို့၏ ကောင်းမှုကံကို အကျယ်အားဖြင့် ပြောဆိုပြီးလျှင် မြို့တံခါး လေးမျက်နှာ မြို့တော် နန်းတော်တံခါး ဤခြောက်ဌာနတို့၌ အလှူတင်းကုပ် ခြောက်ဆောင်တို့ကို ဆောက်လုပ်နေစဉ် ဇမ္ဗူဒိပ် တစ်ကျွန်းလုံး ကျော်ကြားစေလျက် အလှူကြီးကို ပေးလှူကုန်၏။ သီလကို ဆောက်တည်ကုန်၏။ ဥပုသ်ကို စောင့်သုံးကုန်၏။ အသက်၏ အဆုံး၌ နတ်ပြည်သို့ လားကြကုန်၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ မိဖုရားကြီးသည် - ယခုအခါ ရာဟုလာမယ်တော်။
မင်းကြီးသည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) အလှူပေးကြ၊ စောင့်သီလ၊ သုံးကြဥပုသ်ကို။
(၂) သူတော်အများ၊ နိဗ္ဗာန်သွား၊ မမှားလမ်းရိုးကို။
(၃) ဘဝသံသရာ၊ ကျင်လည်ကာ၊ လိုရာပြည့်သကို။
ကုမ္မာသပိဏ္ဍိဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။