အံ့ဩဖွယ်ပြုခြင်း သုံးပါး

၁။ ပစ္စယပဋိသေဝနကုဟနာ၊

၂။ သာမန္တဇပ္ပနကုဟနာ၊

၃။ ဣရိယာပထသန္နိဿိတကုဟနာဟု အံ့ဩဖွယ်ပြုခြင်း သုံးပါး ရှိ၏၊

၁။ ပစ္စယပဋိသေဝနကုဟနာ

ပြင်ဆင်ရန်

ဒါယကာ ဒါယိကာမတို့က ပစ္စည်းလာဘ်ဖြင့် လာလှူသောအခါ အလိုနည်းပါးလေဟန် ပယ်လှန်၍ အတင်းလှူလျှင်ဖြစ်စေ, များများလှူလျှင်ဖြစ်စေ အသင်တို့အား ချီးမြှောက်သောအားဖြင့် အလှူခံရတော့မည်ဟု ဆို၍ ထပ်ခါ ထပ်ခါ လှူချင်အောင် လာဘ်များများရအောင် အံ့ဩဖွယ်ပြုခြင်း စသည်တို့တည်း။

၂။ သာမန္တဇပ္ပနကုဟနာ

ပြင်ဆင်ရန်

ယုတ်မာသော အလိုဆိုးဖြင့် ဈာန်ရပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်ဟု မှတ်ထင်စရာစကားဖြင့် အံ့ဩဖွယ်ပြုခြင်း သူတစ်ပါးကို ပြောသကဲ့သို့ မိမိနှင့် နီးစပ်အောင်ပြောခြင်း, အလိုဆိုးဖြင့် ကိုယ်နှုတ်ကို လူရှေ့သူရှေ့၌ လွန်စွာ စောင့်စည်းဟန်ဆောင်၍ အလွန် မျက်မှောင်ကြုတ်ခြင်း, အံ့ဩစေခြင်း စသည်တည်း။

၃။ ဣရိယာပထသန္နိဿိတကုဟနာ

ပြင်ဆင်ရန်

ယုတ်မာသော အလိုဆိုးဖြင့် သူတစ်ပါးတို့ ချီးမွမ်းအောင် အထင်ကြီးအောင် ပြုအပ်သော သွား, ရပ်, ထိုင်, လျောင်း, ဣရိယာပုထ်တို့ဖြင့် ပြုရိုးပြုစဉ် မဟုတ်ဘဲ ဖြည်းဖြည်းသက်သာ ဟန်ဆောင်ကာ လူအများ မြင်ရာ၌သာ အံ့ဩဖွယ်ပြုခြင်း စသည်တည်း။ ထိုသို့ အထင်ကြီးအောင် ဟိတ်ဟန်ဆောင် အားထုတ်မှုဖြင့် ရလေသမျှ ပစ္စည်းတို့ကို သုံးဆောင်ခြင်းသည် မိစ္ဆာဇီဝပင် ဖြစ်၏၊ []

  1. လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ (ဝိနည်းပဒေသာ သင်တန်း)