(၂)သုတ် ရှိပါသည်။

[၁] အထွတ်ရှိသောအိမ်၏ အခြင် (ဒိုင်း)တို့သည် အထွတ်၌ ပေါင်းစုံစုဝေးတတ် ထားသကဲ့သို့၊ အထွတ်ကို ဖျက်ဆီးလိုက်လျှင် အားလုံးပျက်စီးကုန်သကဲ့သို့၊ ထို့အတူ အလုံးစုံသောအကုသိုလ်တရားတို့သည် အဝိဇ္ဇာ၌ ပေါင်းဆုံစုဝေးကျရောက်ကုန်၏။ အဝိဇ္ဇာကို ဖျက်ဆီးလိုက်လျှင် အလုံးစုံသောအကုသိုလ်တရားတို့ ပျက်စီးနိုင်ပုံ၊ အဝိဇ္ဇာ မဖြစ်အောင် သတိဖြင့် နေကြရမည်-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။

ဋီကာ၌-အဝိဇ္ဇာမဖြစ်တော့လျှင် မောက္ခ (နိဗ္ဗာန်)ဓမ္မကိုရကြောင်း၊ မောက္ခ ဓမ္မကိုရခြင်းကြောင့် ထိုမောက္ခဓမ္မအား လျော်သောတရားတို့ကိုရကြောင်းနှင့် မှတ်သားဖွယ် ဖွင့်ပြထားပါသည်။ [၂]


ကူဋသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့၏ အားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၄၅၄။ သံ၊မြန်၊၁၊၄၄၃။ သံ၊ ၂၊၃။၂၀၆။ သံ၊ဋီ၊၂၊၁၈၇။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၉-ဩပမ္မဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသက - ပဌမသုတ်ငါးဆယ်၊ ၂-ဗလဝဂ်၊ ၂- ကူဋသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။