ကူတူပါလောင် ဒုက္ခသည်စခန်း

ကူတူပါလောင် ဒုက္ခသည်စခန်း ( ဘင်္ဂါလီ: কুতুপালং শরনার্থী শিবির) သည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်း ဖြစ်သည်။ အိမ်နီးချင်း မြန်မာနိုင်ငံမှ လူမျိုးရေးနှင့် ဘာသာရေးပြဿနာများကြောင့် တိမ်းလာသော ရိုဟင်ဂျာ(အငြင်းပွားဖွယ် ဘင်္ဂါလီအသုံးအနှုန်း)တို့ နေသည်။ [၂] [၃] အစိုးရထိန်းသော ဒုက္ခသည်စခန်း ၂ ခုအနက် တခုဖြစ်သည်။ ကျန်တခုမှာ နာယာပါရာ ဒုက္ခသည်စခန်း ဖြစ်သည်။ [၄]

ကူတူပါလောင် ဒုက္ခသည်စခန်း
কুতুপালং শরনার্থী শিবির
ကူတူပါလောင် ဒုက္ခသည်စခန်းအား အဝေးမှ မြင်ရပုံ (Photo taken by Maaz Hussain/VOA)
ကူတူပါလောင် ဒုက္ခသည်စခန်းအား အဝေးမှ မြင်ရပုံ
(Photo taken by Maaz Hussain/VOA)
Country ဘင်္ဂလားဒေ့ရှ်
Divisionစစ်တကောင်းပြည်နယ်
Districtကော့ဘဇာ ခရိုင်
လူဦးရေ (17 October 2017)[၁]
 • စုစုပေါင်း၂၂,၂၄၁ (ပင်မစခန်း)
၅၄၇,၆၁၆ (တိုးချဲ့မြေ)

ကူတူပါလောင်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို ဥရောပယူနီယံအမေရိကန်ကနေဒါဂျပန်ဖင်လန်ဆွီဒင် အစိုးရများနှင့် အိုင်ကီယာ ဖောင်ဒေးရှင်းက ထောက်ပံ့သည်။ [၅] [၆]

သမိုင်း ပြင်ဆင်ရန်

စခန်းအနေဖြင့် တရားမဝင် ရှိနေသည်မှာ ၁၉၉၁ ခု ကတည်းက ဖြစ်သည်။ ပြည်သာယာ စစ်ဆင်ရေးဖြင့် တရားမဝင် နေထိုင်သူများကို တပ်မတော်က ရှင်းလင်းသည့်အခါ ရိုဟင်ဂျာ ထောင်ပေါင်းများစွာ ထိုနေရာသို့ ပြေးကြသည်။ [၇] [၈]

၂၀၁၇ ခု၊ ဇူလိုင်လကောက် စာရင်းအရ ကူတူပါလောင်နှင့် နာယာပါရာ စခန်းနှစ်ခုတွင် မှတ်ပုံတင်ထားသူ ၃၄၀၀၀ ခန့် ရှိသည်။ [၉] ၂၀၁၇ ခု၊ စက်တင်ဘာလတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုက္ခသည်စခန်း ၂ ခု၏ စုစုပေါင်းလူဦးရေသည် ၇၇၀၀၀ ကျော်အထိ တိုးလာသည်ဟု ခန့်မှန်းခဲ့သည်။ [၁၀]

၂၀၁၉ ခု၊ စက်တင်ဘာလ ၁၅ ရက်တွင် တိုးချဲ့မြေရှိ လူများကိုပါ စာရင်းကောက်ရာ လူဦးရေစုစုပေါင်း ၆၁၃ ၂၇၂ ရှိ၍ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်လာသည်။ [၁၁]

တိုးချဲ့မြေမှာ ဆင်သွားလမ်းတွင် ရှိနေသဖြင့် အာရှဆင်တို့ ရန်ပြုသည်လည်း ရှိသည်။ [၁၂]

ကိုးကား ပြင်ဆင်ရန်

  1. "How Suu Kyi sees the Rohingya crisis"၊ BBC News၊ 25 January 2018။ 26 January 2018 တွင် ပြန်စစ်ပြီး 
  2. The young and the hopeless in Bangladesh's camps (in en)။ United Nations High Commissioner for Refugees။ 14 July 2017 တွင် ပြန်စစ်ပြီး။
  3. "Rohingya huddled in Bangladesh camps fear plan to move them on"။ 14 July 2017 တွင် ပြန်စစ်ပြီး 
  4. Stories from the Rohingya Camps in Bangladesh။ 14 July 2017 တွင် ပြန်စစ်ပြီး။
  5. Diary book - 12 May 2014 - Our work at the Refugee camps near Coxs bazaar။ Ikea foundation။ 8 October 2018 တွင် ပြန်စစ်ပြီး။
  6. Vital UNHCR aid arrives in Cox’s Bazar, additional emergency staff deployed။ UNHCR။ 8 October 2018 တွင် ပြန်စစ်ပြီး။
  7. Bangladesh: Rohingya refugees moved from Kutupalong camp to new site။ UNHCR။ 8 October 2018 တွင် ပြန်စစ်ပြီး။
  8. Workign at the Rohingya camp။ Blog - IKEA Foundation။ 8 October 2018 တွင် ပြန်စစ်ပြီး။
  9. Shelter urgently needed for Rohingya fleeing Myanmar violence (in en)။ United Nations High Commissioner for Refugees။ 21 December 2017 တွင် ပြန်စစ်ပြီး။
  10. "Rohingya influx strains camp resources in Bangladesh" (in en)၊ United Nations High Commissioner for Refugees။ 4 October 2017 တွင် ပြန်စစ်ပြီး 
  11. Population Map : UNHCR, Bangladesh, Cox's Bazar။ United Nations High Commissioner for Refugees။ 11 October 2019 တွင် ပြန်စစ်ပြီး။
  12. Why Elephants Pose A Threat To Rohingya Refugees။ 2019-04-17 တွင် ပြန်စစ်ပြီး။