ကူးမား မန်ဂလမ် ဘာလာ(कुमार मंगलम बिरला )ကို ၁၉၆၇ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အိန္ဒိယလူမျိုး စက်မှုလုပ်ငန်းရှင်၊ Aditya Birla Group ၏ ဥက္ကဋ္ဌဖြစ်၍ အိန္ဒိယရှိ သူ၏ ကုမ္ပဏီများမှာ Grasim, Hindalco, UltraTech Cement, Aditya Birla Nuvo, Idea Cellular, Aditya Birla Retail တို့ဖြစ်ပြီး ကနေဒါရှိ Aditya Birla Minacs နှင့် နည်းပညာနှင့်သိပ္ပံသင်တန်းကျောင်း (BITS Pilani)၏ အဓိပတိတစ်ဦးလည်း ဖြစ်သည်။ သူသည် အမျိုးမျိုးသော စည်းမျဉ်းနှင့်အသက်မွေးဝမ်းကျောင်း ဘုတ်အဖွဲ့များတွင် အဓိကတာဝန်များကို ထမ်းဆောင်နေခဲ့ရပြီး ဆက်လက်၍လည်း လုပ်ကိုင်လျက်ရှိသည်။

ကူးမား မန်ဂလမ်
မွေးသက္ကရာဇ် (1967-06-19) ဇွန် ၁၉၊ ၁၉၆၇ (အသက် ၅၆)
မွန်ဘိုင်း
နိုင်ငံသား အိန္ဒိယ
ပညာရေး မွန်ဘိုင်းတက္ကသိုလ်
လန်ဒန်စီးပွားရေးကျောင်း
အလုပ်အကိုင် Aditya Birla Group ၏ ဥက္ကဋ္ဌ
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၇.၉ ဘီလျံ
သားသမီး ၃ယောက်


ငယ်ဘဝနှင့်အလုပ်အကိုင်များ ပြင်ဆင်ရန်

ဘာလာ သည် Rajasthan ပြည်နယ်ရှိ Marwari စီးပွားရေး ဘာလာ မိသားစုတွင် မွေးဖွားခဲ့သည်။ စာရင်းစစ်အလုပ်ကို မလုပ်ကိုင်ခင် သူသည် မွန်ဘိုင်းရှိ Sydenham ကောလိပ်မှ commerce ဘွဲ့ကိုရရှိခဲ့ပြီး သူ့အား ဂုဏ်ထူးဆောင်အဖြစ်သတ်မှတ်ခြင်းခံထားရသော လန်ဒန်စီးပွားရေးကျောင်းမှ လူသားအရင်းမြစ် အထူးပြု MBA ဘွဲ့ကိုလည်းရရှိခဲ့သည်။ သူနှင့် သူ့ဇနီးဖြစ်သူ Neerja Kasliwal တို့တွင် Ananyashree, Aryaman Vikram နှင့် Advaitesha ဟုခေါ်သော သားသမီး ၃ ဦးရှိသည်။


ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ပြင်ဆင်ရန်

Aditya Birla Group ကိုတည်ထောင်လုပ်ကိုင်နေသော ၁၀ နှစ်အတွင်းတွင် သူသည် စက်မှုဆိုင်ရာ ကြိုးပမ်းမှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စီမံခန့်ခွဲမှုတို့ကြောင့် အသိမှတ်ပြုခံခဲ့ရသည်။

စာရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

၂၀၀၆ ခုနှစ်
•၂၀၀၆ ခုနှစ် ဇွန်လတွင် မိုနာကိုနိုင်ငံ မွန်တီကာလိုမြို့တွင် ကမ္ဘာတလွှားထူးချွန်သော လူငယ်စီးပွားရေးလုပ်ငန်းရှင်ဆုကို အိန္ဒိယကိုယ်စားပြုအနေဖြင့် ရရှိခဲ့ပြီး သူ့အား တစ်နှစ်တာအတွင်း ကမ္ဘာတလွှားထူးချွန်သော လူငယ်စီးပွားရေးလုပ်ငန်းရှင် အကယ်ဒမီ၌ အဖွဲ့ဝင်အဖြစ် ထည့်သွင်းခဲ့ကြသည်။

၂၀၀၅ ခုနှစ်
•“အိန္ဒိယ၏ ထူးချွန်သော လူငယ်စီးပွားရေးလုပ်ငန်းရှင်ဆု” ကိုရရှိခဲ့သည်။ •Business Today မှ သူ့ကို “အမှုဆောင်ချုပ်များထဲတွင် ငယ်ရွယ်၍ လုပ်ငန်းများစွာ ဆောင်ရွက်နိုင်သူ” အဖြစ် အမည်ပေးခဲ့သည်။

၂၀၀၄ ခုနှစ်
•ကမ္ဘာ့စီးပွားရေးဖိုရမ် (Davos)မှ ကမ္ဘာလုံးဆိုင်ရာဦးဆောင်သူလူငယ် အဖြစ် ရွေးချယ်ခဲ့သည်။ •သူ၏ အိန္ဒိယစီးပွားရေးအပေါ် အလွန်အမင်းကူညီမှုတို့ကြောင့် Banaras ဟိန္နူတက္ကသိုလ်က D.Litt (Honoris Gausa)ဘွဲ့ကို ပေးခဲ့သည်။ •သူ၏စီးပွားရေးထူးချွန်မှုနှင့် အိန္ဒိယစီးပွားရေးတို့ကို ကူညီထောက်ပံ့ခြင်းကို ဂုဏ်ပြုသောအားဖြင့် အိန္ဒိယတဝှမ်း စီမံခန့်ခွဲမှုအဖွဲ့အစည်းကြီးက “ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်”အဖြစ် သတ်မှတ်ပြောဆိုကြသည်။

၂၀၀၃ ခုနှစ်
•ကုန်သွယ်မှုအကောင်းဆုံးဖြစ်ခဲ့သောကြောင့် Economic Times Awards မှ “နှစ်တစ်နှစ်၏ အကောင်းဆုံး စီးပွားရေးရှေ့ဆောင်”အဖြစ် အမည်ပေးခဲ့သည်။ •ထိုဆုတံဆိပ်ကြောင့် အိန္ဒိယနိုင်ငံ၏ “၂၀၀၃ ခုနှစ်၏ အကောင်းဆုံး စီးပွားရေးသမား” အဖြစ်လည်း ရွေးချယ်ခံခဲ့ရသည်။ •အမျိုးသားစက်မှုအင်ဂျင်နီယာကျောင်း (NITIE)မှ “The Lakshya -- စီးပွားရေးစိတ်ကူးကောင်းသူဆု” ပေးခဲ့သည်။ •အိန္ဒိယ-အမေရိကန် အဖွဲ့အစည်းမှ “ထူးချွန်သောလူငယ်”ဆုကို ရခဲ့သည်။ •၂၀၀၃ ခုနှစ်၏ ဈေးကွက်နှင့်စီမံခန့်ခွဲမှုဆိုင်ရာ အထူးချွန်ဆုံးဆုကို ရခဲ့သည်။

၂၀၀၂ ခုနှစ်
•Qimpro ဖောင်ဒေးရှင်း၏ “Qimpro ပလက်တီနမ်အဆင့်ဆု” ကိုရခဲ့သည်။ •CNBC/INSEAD က ချီးမြှင့်သော “၂၀၀၂ ခုနှစ် အာရှစီးပွားရေးခေါင်းဆောင်ဆု”တွင် ထိပ်သီးအာရှ စီးပွားရေးခေါင်းဆောင် ၅ ယောက်စာရင်း၌ပါခဲ့သည်။

၂၀၀၁ ခုနှစ်
•မွန်ဘိုင်း Pradesh လူငယ်လွှတ်တော်မှ “စီးပွားရေးထူးချွန်မှုနှင့် တိုင်းပြည်ကိုထောက်ပံ့မှု”ကြောင့် Rajiv Gandhi ဆု •အမျိုးသား HRD ကွန်ယက် (Pune)မှ “နှစ်တစ်နှစ်၏ အကောင်းဆုံး စီးပွားရေးသမား”ဆု •အပြည်ပြည်ဆိုင်ရာဆုများအဖြစ် “စီးပွားရေးထူးချွန်မှုနှင့် စက်မှုလုပ်ငန်းတို့ကို ကူညီထောက်ပံ့ခြင်း”ဆု •ဦးဆောင်သူများကျောင်းမှ “စီးပွားရေးဦးဆောင်မှုအတွက် ရွှေဒေါင်းအမျိုးသားဆု” •Rotary Club ၏ “အလုပ်အကိုင်ထူးချွန်ဆု”

၂၀၀၀ ခုနှစ်
•ဘုံဘေစီမံခန့်ခွဲမှုအသင်းမှ သူ့အား “၁၉၉၉-၂၀၀၀ နှစ်များအတွက် အကောင်းဆုံး စီမံခန့်ခွဲမှုဆု”ကို ပေးအပ်ခဲ့သည်။

၁၉၉၉ ခုနှစ်
•Lions Clubs International ၏ “သန်းပေါင်းများစွာသော ထူးချွန်မှု”ဆု •Ahmedabad ၏ Rotary Club မှ “ကုန်သွယ်မှုလောက၏ ဒဏ္ဍာရီ”ဆု

၁၉၉၈ ခုနှစ်
•ကူးမား မန်ဂလမ် ဘာလာ သည် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အိန္ဒိယ အာမခံနှင့် ငွေလဲလှယ်ရေးဘုတ်အဖွဲ့ (SEBI) ၏ အစိုးရကိုယ်စားလှယ်အဖြစ် သတ်မှတ်ခံရသည့် တစ်ဦးထဲသော စက်မှုလုပ်ငန်းရှင်ဖြစ်သည်။ သူသည် SEBI ၏ ၁၉၉၉ ခုနှစ် အလယ်ပိုင်း အစိုးရကုန်သွယ်မှု ၁၇ ဦးပါ ကော်မတီအဖွဲ့နှင့် ပြည်တွင်းကုန်စည် ရောင်းဝယ်ရေးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
•အစိုးရကုန်သွယ်မှုအဖွဲ့အတွက် သူ၏တင်သွင်းချက်သည် အိန္ဒိရ အစိုးရကုန်သွယ်မှုလေ့ကျင့်ရေးတွင် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာခဲ့သည်။
•Rotary Club ၏ “အလုပ်အကိုင်ထူးချွန်ဆု”ကို ရရှိထားသူဖြစ်သည်။

၁၉၉၇ ခုနှစ်မှ ယနေ့ထိ NDTV ၏ အိန္ဒိယစီးပွားရေးအပတ်စဉ်ကဏ္ဍမှ သူ့အား နှစ်တစ်နှစ်၏ အကောင်းဆုံး စီးပွားရေးသမားအဖြစ် သတ်မှတ်ထားသည်။ ကုန်သွယ်မှုဘဏ္ဍာရေး စူပါစတား ၁၀ ယောက်ထဲမှ တစ်ယောက်အဖြစ် သူ့အား ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့က ရည်ညွှန်းသည်။ စီးပွားရေးလောကမှလည်း သူ့အား အိန္ဒိယ၏ အလေးစားရဆုံးနှင့် အတုယူစရာအကောင်းဆုံး အမှုဆောင်ချုပ် ၁၀ ဦးထဲမှ တစ်ယောက်အဖြစ်နှင့် နောင်ရာစုနှစ်၏ ထိပ်တန်းအမှုဆောင်ချုပ်ဖြစ်ဟုသတ်မှတ်ပြီး Hindustan Times ကလည်း နှစ်တစ်နှစ်၏ အတော်ဆုံးစီးပွားရေးလုပ်ငန်းရှင်ဟု အမည်ပေးထားသည်။

ပညာရေးအတွက် အစီအမံကောင်းများ ပြင်ဆင်ရန်

BITS Pilani တက္ကသိုလ်၏ အဓိပတိဖြစ်လာအပြီးတွင် BITS ကို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာရန်အတွက် သူသည် ၂၀၁၂ အထူးစီမံကိန်းနှင့် ၂၀၂၀ ရည်မှန်းချက်တို့ကို ရေးဆွဲခဲ့သည်။ သူ၏ ပထမဆုံးသော BITS ခရီးမှာ Goa ကျောင်းဝင်းအတွင်း အိန္ဒိယ၏ ပထမဆုံးသော Innovation fest-'QUARK 2010' အတွက်ဖြစ်သည်။ QUARK သည် တစ်တိုင်းပြည်လုံးမှ ကောလိပ်များ လာရောက်သည့် နှစ်စဉ်ကျင်းပသော အိန္ဒိယ၏ နာမည်ကြီး နည်းပညာဆိုင်ရာ ပွဲတော်များထဲမှ တစ်ခုဖြစ်သည်။