ကေစီ ဂျွန်ဆင်
ကေစီ ဂျွန်ဆင် (၁၉၇၉-၂၀၁၀) သည် အမေရိကန် လူထင်ပေါ် တဦးဖြစ်ပြီး ဂျွန်ဆင်အင်ဂျွန်ဆင် လုပ်ငန်းစုအား အမွေဆက်ခံမည့်သူ ဖြစ်သည်။ နှစ်ဖက်ချွန် (bisexual) ဖြစ်ကြောင်း အတိအလင်း ဝန်ခံကာ ကိုယ်ဟန်ပြမယ်နှင့် သရုပ်မှန် (reality show) ရုပ်သံသရုပ်ဆောင် တီလာ တကွီလာနှင့် ၂၀၀၉ ခု၊ ဒီဇင်ဘာလ၌ စေ့စပ်သည်။
ကေစီ ဂျွန်ဆင် | |
---|---|
ဇာတိ အမည် | Casey Johnson |
မွေးဖွား | စက်တင်ဘာ ၂၄၊ ၁၉၇၉ |
ကွယ်လွန် | ဇန်နဝါရီ ၄၊ ၂၀၁၀ ကာလီဖိုးနီးယား ပြည်နယ်၊ လော့အိန်ဂျလိ | (အသက် ၃၀)
နိုင်ငံလူမျိုး | အမေရိကန် |
မိခင်ကျောင်း | ဘရောင်း တက္ကသိုလ် |
သားသမီး | အေဗာမွန်ရိုး ဂျွန်ဆင် (မွေးစား) |
မိဘ(များ) | ဝူဒီ ဂျွန်ဆင် (ဖခင်) နန်စီ ဆေး (မိခင်) |
ဆွေမျိုးသားချင်း | ရောဘတ် ဝု ဂျွန်ဆင် (၅) (အစ်ကို) ဂျက် ဝု ဂျွန်ဆင် (အစ်ကို) ဂျမ်မီ ဂျွန်ဆင် (မောင်) ဒေစီ ဂျွန်ဆင် (ညီမ) |
မွေးရာပါ ဆီးချိုဝေဒနာရှင် ကေစီကို ၂၀၁၀ ပြည့်၊ ဇန်နဝါရီလ ၄ ရက်တွင် လော့အိန်ဂျလိနေအိမ်၌ သေဆုံးလျက် တွေ့ရသည်။