ကေဒါ (အင်္ဂလိပ်: Cadre) ဆိုသည်မှာ ရုရှားပြည်တွင် ကွန်မြူနစ်ပါတီက မိမိ၏ ပါတီစိတ်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများတွင် မိမိတို့ ချမှတ်ထားသော ဝါဒလမ်းစဉ်များကို ဆောင်ရွက်ရန်အတွက် အခြေခံအားပြုရသော ပါတီဝင်များကို ခေါ်ဆိုသည်။ ကေဒါသည် အဖွဲ့အစည်းတစ်ခုကို ခိုင်မာကျစ်လျစ်အောင် ဖွဲ့စည်းရာ၌ စံနစ်တကျ လေ့ကျင့်သင်ကြားထားပြီးသော အမာခံအမြူတေ ပါတီဝင်များဖြစ်၍ ၎င်းတို့က တစ်ဆင့် ပါတီကျယ်ပြန့်အောင် စည်းရုံးလှုံ့ဆော်ကာ စံပြအဖြစ် အားထုတ် ဆောင်ရွက်ကြရသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ကေဒါ" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။