ကေယာမသ်

ကုရ်အာန်၏ ၇၅ ခုမြောက် စူရာ

စူရာ ကေယာမသ် (အင်္ဂလိပ်: Sūrat al-Qiyāmah, အာရပ်: سورة القيامة‎, "The Rising Of The Dead", "ပြန်လည်ရှင်သန်ထမြောက်ခြင်း") သည် ကုရ်အာန်၏ ၇၅ ခုမြောက် စူရာ ဖြစ်သည်။ အာယသ်တော်ပေါင်း ၄၀ ရှိပြီး မကာမြို့တွင် ကျရောက်သော စူရာဖြစ်သည်။ ကေယာမသ်နေ့ကို မအားဒ် ဟုလည်း ခေါ်ဆိုသည်။ ဦးစွာပထမ ကေယာမသ် ဆိုက်ရောက်လာမည့်အကြောင်းကို ဖော်ပြပြီး ကယာမသ်၏ အတိတ်လက္ခဏာပုံစံများကို တင်ပြထားသည်။ ထို့နောက် ကောင်းမှုပြုသူတို့နှင့် မကောင်းမှုပြုသူများ တွေ့ကြုံခံစားရမည့် အခြေအနေများကို တင်ပြထားသည်။ ထို့နောက် လူသားတို့ လောကီမှ လောကုတ္တရာသို့ ကူးပြောင်းချိန် အနေအထားများကို တင်ပြထားပြီး လူသားတို့ကို ဖန်ဆင်းရခြင်း ရည်ရွယ်ချက်နှင့် မအားဒ်-ပြန်လည်ရှင်သန်ထရမည့် နေ့တို့၏ ဆက်နွယ်မှုကို ဖော်ကျူးတင်ပြထားသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. Al-Qiyama at Sacred Texts

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်