ကေသရီယစေတီတော် သည် အိန္ဒိယနိုင်ငံတွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်သည် ဗီဟာပြည်၊ ချမ်ပရန် (အရှေ့) ခရိုင်၊ ပတ်နာ (Patna) မှ ၁၁၀ ကီလိုမီတာ (၆၈ မိုင်) အကွာရှိ ကေသရီယမြို့ (Kesariya) တွင် တည်ရှိသည်။ စေတီတော် BCE ၃ ရာစုတွင် ပထမဆုံး တည်ဆောက်ခဲ့သည်။ စေတီတော်၏ အဝန်းသည် ပေ ၄၀၀ နီးပါး (၁၂၀ မီတာ) နှင့် အမြင့်သည် ၁၀၄ ပေခန့် (၃၂ မီတာ) ရှိသည်။[၁]

ကေသရီယစေတီတော်
Kesariya Stupa
ကေသရီယစေတီတော် သည် အိန္ဒိယနိုင်ငံ တွင် တည်ရှိသည်
ကေသရီယစေတီတော်
အိန္ဒိယနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာ အိန္ဒိယ
ကိုဩဒိနိတ်26°20′03″N 84°51′17″E / 26.334140°N 84.854762°E / 26.334140; 84.854762ကိုဩဒိနိတ်: 26°20′03″N 84°51′17″E / 26.334140°N 84.854762°E / 26.334140; 84.854762
ဘာသာရေး နှီးနွယ်မှုBuddhism
ပြည်နယ်Bihar
နိုင်ငံအိန္ဒိယနိုင်ငံ
အမြင့်104ft

သမိုင်း ပြင်ဆင်ရန်

 
Buddha Statue

စေတီတော်အား စူးစမ်းရှာဖွေမှုများကို ၁၉ ရာစုအစောပိုင်းတွင် စတင်ခဲ့သည်။ ၎င်းမတိုင်မီ ၁၈၁၄ ခုနှစ်တွင် Colonel Mackenzie က ခေါင်းဆောင်၍ ရှာဖွေမှုများ ပြုလုပ်ခြင်း၊ ၁၈၆၁ - ၆၂ ခုနှစ်များတွင် ဗိုလ်ချုပ် General Cunningham ၏ တူးဖော်လေ့လာမှုများလည်း ရှိခဲ့သည်။ တူးဖော်မှုကို ၁၉၉၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံရှေးဟောင်းသုတေသနလေ့လာရေး (ASI) က ပြုလုပ်ခဲ့ပြီး KK Muhammed က ဦးဆောင်ကာစီမံခန့်ခွဲမှုများ ပြုလုပ်ခဲ့သည်။ မူလစေတီတော်သည် အသောကမင်း (250 BCEခန့်) က ဖြစ်သည်။ ၎င်းနေရာတွင် အသောကမင်း စိုက်ထူခဲ့သည့် ကျောက်စာတိုင်တစ်ခု၏ အကြွင်းအကျန်များ ရှာဖွေတွေ့ရှိခဲ့သည်။[၁] [၂]

 
Panorama of the stupa.

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Le Huu Phuoc, Buddhist Architecture, Grafikol 2009, pp.169-171
  2. Buddhist Architecture, Lee Huu Phuoc, Grafikol 2009, p.140-174