ကေအေတီ (၁၉၆၆ ဧပြီလ ၁၈ ရက်နေ့မွေး - ၂၀၁၃ ခုနှစ် ဇွန်လ ၁ရက် ကွယ်လွန်)​သည် ထင်ရှားကျော်ကြားသော မြန်မာ သီချင်းရေး ဆရာတစ်ဦး ဖြစ်သည်။ အဆိုတော် လေးဖြူ၏ သီချင်းများဖြင့် ဂီတလောကသို့ စတင် ဝင်ရောက်ခဲ့သည်။[၁]

ကေအေတီ
အမည်ရင်းကျော်ကျော်အောင်
အခြားအမည်များကေအေတီ၊ ကျော်အောင်သစ်
မွေးဖွား(1966-04-18)ဧပြီ ၁၈၊ ၁၉၆၆
ရန်ကုန်မြို့
ကွယ်လွန်ဇွန် ၁၊ ၂၀၁၃(2013-06-01) (အသက် ၄၇)
ရန်ကုန်မြို့
ဂီတဟန်ရော့ခ်
အလုပ်အကိုင်တေးရေးဆရာ၊ ကဗျာဆရာ၊ သီချင်းအကဲဖြတ်ဒိုင်
တက်ကြွသည့်နှစ်များ–၂၀၁၃

ငယ်ဘဝ ပြင်ဆင်ရန်

အဖဦးသိန်းမြင့်၊ အမိဒေါ်လှရွှေတို့မှ ရန်ကုန်မြို့တွင် မွေးဖွားသည်။ မွေးချင်း၄ယောက်အနက် အကြီးဆုံးဖြစ်သည်။ မိခင်မှာ မွန်လူမျိုးဖြစ်သည်။အမည်ရင်းမှာ ကျော်ကျော်အောင် ဖြစ်သည်။

ငယ်စဉ်က မော်လမြိုင်မြို့တွင် ကြီးပြင်းပြီး ကျောင်းနေအရွယ်တွင် မုံရွာမြို့သို့ပြောင်းရွှေ့နေထိုင်သည်။ ၁၉၈၂တွင် ဆယ်တန်းအောင်မြင်ပြီး မုံရွာကောလိပ်တွင် ပညာသင်ရင်း ကောလိပ်မဂ္ဂဇင်း ထုတ်ဝေမှုဖြစ်မြောက်ရေးတွင် ပါဝင်လှုပ်ရှားသည်။ ကျော်အောင်သစ်(မုံရွာ) အမည်ဖြင့် ကဗျာများ ရေးဖွဲ့ခဲ့သည်။ [၂] ၁၉၈၅ခုနှစ်တွင် ဒဿနိကမေဂျာဖြင့် မန္တလေးတက္ကသိုလ်တွင် တတိယနှစ်နှင့် နောက်ဆုံးနှစ် ဆက်လက်ပညာသင်ကြားသည်။

တေးရေးဆရာ ပြင်ဆင်ရန်

၁၉၈၇တွင်ဘွဲ့ရပြီးနောက် မုံရွာမြို့တွင် ပြန်လည်နေထိုင်ရင်း အဆိုတော်ရှိုင်းအောင်၏ တေးရီးစီးတွင် သီချင်းပါဝင်ရေးသားသည်။ မန္တလေးတက္ကသိုလ်မှ ကျောင်းနေဘက်သူငယ်ချင်းဖြစ်သော လေးဖြူနှင့် ၁၉၉၂တွင် ရန်ကုန်ဆင်းလာပြီး လေးဖြူ၏ ပထမဆုံးတေးစီးရီးကို စောဘွဲ့မှူး၏စတူဒီယိုတွင် အသံသွင်းသည်။ ထိုစီးရီးတွင် ကေအေတီရေးသားသော သီချင်း၇ပုင်္ဒပါဝင်သည်။ ထိုစီးရီး အောင်မြင်ပြီးနောက် သီချင်းများဆက်ရေးသားခဲ့သည်။ သူရေးသားသောသီချင်းများကို သီဆိုအောင်မြင်ခဲ့သူများတွင် မျိုးကြီးဝိုင်ဝိုင်း၊ ဇော်ပိုင်၊ အာဇာနည်တို့လဲပါဝင်သည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် မော်လမြိုင်ဇာတိ မချမ်းအိမွန် နှင့်လက်ထပ်ခဲ့သည်။[၃][၄]

ဘဝနိဂုံး ပြင်ဆင်ရန်

၂၀၁၃ ခုနှစ် ဇွန်လ ၁ ရက် ညနေတွင် ရန်ကုန်မြို့ သျှင်ပါကူ အထူးကုဆေးရုံတွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး [၅] ၂၀၁၃ ခုနှစ် ဇွန်လ ၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. ရွှေအောင်။ "တေးရေး ကေအေတီ ကွယ်လွန်"၊ ဒီဗီဘီ၊ June 1, 2013။ January 5, 2021 တွင် ပြန်စစ်ပြီး 
  2. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂၀၁၄။ ရန်ကုန်: စာပေဗိမာန်။ 2014။
  3. ၃.၀ ၃.၁ Irrawaddy။ "တေးရေး ကေအေတီ ဈာပနအခမ်းအနား ကျင်းပ ပြီးစီး"၊ Irrawaddy၊ June 3, 2013။ January 5, 2021 တွင် ပြန်စစ်ပြီး 
  4. https://burma.irrawaddy.com/lifestyle/2013/06/03/41263.html
  5. "တေးရေးဆရာ ကေအေတီ ကွယ်လွန်"၊ BBC၊ June 1, 2013။ January 5, 2021 တွင် ပြန်စစ်ပြီး