ကောက်ညှင်းက မစေး၊ ဆန်ကြမ်းက စေး

ကောက်ညှင်းက မစေး၊ ဆန်ကြမ်းက စေး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

စေးသင့်သော ကောက်ညှင်းက မစေးဘဲ မစေးသင့်သော ဆန်ကြမ်းက စေးနေသကဲ့သို့ နှစ်ဦးနှစ်ဖက်ရှိရာတွင် သဘာဝအလျောက် ရှက်ရ နာရမည့်ဘက်က ဘာမျှမဖြစ်ဘဲ မရှက်မနာရမည့်ဘက်က အဖြစ်သည်းသည်ဟု ဆိုလိုသည်။

ဆိုလိုရင်းတူညီသောအခြားစကားပုံ ပြင်ဆင်ရန်

  • မြင်းကမလှုပ် ခုံကလှုပ်- နှင့် အတူတူ။

မူလရင်းမြစ် ပြင်ဆင်ရန်

  • "အောင်မာ အောင်မာ၊ ကောက်ညှင်းက မစေး၊ ဆန်ကြမ်းက စေး ရတယ်လို့၊ မိန်းကလေးလုပ်တဲ့လူက မနာ၊ မင်းက နာရတယ်လို့ ရှိသေး။" [၁၃၃၉] ငွေတာရီ၊ ၂၁၁၊ ၁။ ၆၈။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၅