ကောက်သော် မစားလောက်၊ ဖြောင့်သော် စားမနိုင်
ကောက်သော် မစားလောက်၊ ဖြောင့်သော် စားမနိုင် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်တံငါသည်သည် ကောက်သော ငါးမျှားချိတ်ဖြင့် တစ်နေကုန် ငါးမျှားသည့်တိုင်အောင် လှေတစ်စင်းစာ ငါးမရနိုင်၊ မုဆိုးသည် ဖြောင့်သော မြားမြင့် သားကောင်ကို ပစ်ခတ်လျှင် တစ်နေ့တည်း လှေတစ်စင်းစာမက ရနိုင်သကဲ့သို့ ကောက်ကျစ်သော နည်းလမ်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသော် ဝဝလင်လင် မစားရ၊ ဖြောင့်မှန်သော နည်းလမ်းဖြင့် အသက်မွေးဝမ်းကျောင်းပြုပါက စားမကုန်နိုင်အောင် ကြွယ်ဝမည်ဟု ဆိုလိုသည်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "အရှင်မင်းကြီး၊ မုဆိုးသည် မြားဖြောင့်နှင့် တစ်နေ့လယ်၍ ရှာသော် လှေလောင်းတစ်စင်းပြည့်၏။ တံငါသည် ငါးမျှားကောက်နှင့် တစ်နေ့လယ်၍ ရှာသော် လှေလောင်းတစ်စဉ်းမပြည့်နိုင်။ ထို့ကြောင့် ကောက်သော် မစားလောက်၊ ဖြောင့်သော် မစားနိုင် ဟု ပညာရှိတို့ ဆိုကြကုန်၏" [၁၁၄၃] ဏီပုံ။ ၆၉။