[၁] “အရိယတုဏှီဘာဝ”ဟူသည် (စတုက္ကနည်း) ဒုတိယဈာန်ဖြင့်နေခြင်း ဖြစ်ပုံ၊ ဒုတိယဈာန်ဖြင့်နေသော မိမိအား ဝိတက္ကနှင့် တကွ သညာ, မနသိကာရတို့ ဖြစ်လာပုံ၊ ဘုရားရှင်က အရိယတုဏှီဘာဝ၌ မမေ့မလျော့လင့်-အစရှိသည်ဖြင့် မိန့်ကြားတော် မူခြင်းကြောင့် ဒုတိယဈာန်နှင့် ပြည့်စုံစေ၍ နေခဲ့ပုံ၊ ဘုရားရှင် ချီးမြှောက်တော်မူအပ်သော မြတ်သောအဘိညာဉ်နှင့် ပြည့်စုံသောသာဝက-ဟု ပြောဆိုသူသည် မိမိကို ညွှန်ပြပြောဆိုပါက မှန်ကန်သောပြောဆိုရာရောက်ပုံ-အစရှိသည်ဖြင့် အရှင်မဟာမောဂ္ဂလ္လာန်က ရဟန်းတို့အား သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ဟောတော်မူပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ/ဋီကာတို့၌-“အာဝုသော” “ဘိက္ခဝေ”ဟူသော အာလုပ်ပုဒ် သုံးစွဲပြောဆိုရာ၌ ဘုရားရှင်နှင့် သာဝကတို့ မတူကြပုံ၊ ဓမ္မပဋိဂ္ဂါဟကရဟန်းတို့က ခွန်းတုံ့ပြန်၍ ပြောဆိုရာ၌လည်း မတူပုံ၊ သာဝကတို့သည် ဘုရားရှင်နှင့် မတူအောင် အာလုပ်ပုဒ်ကို အသုံးပြုကြပုံကို အကျယ်တဝင့် ဖွင့်ဆိုထားပါသည်။ ။ အရိယတုဏှီဘာဝ-သည် တိတ္ထိတို့၏ “မူဂဗ္ဗတ”နှင့် မတူပုံ၊ ဒုတိယဈာန်ကို အလေ့အလာနည်းပါးလျှင် ဝိတက္ကာရမ္မဏ သညာ, မနသိကာရတို့ဖြစ်တတ်ပုံ၊ ဘုရားရှင်သည် ဤနည်းဖြင့် (၇)ရက်ပတ်လုံး မဟာမောဂ္ဂလ္လာန်ထေရ်အား ဟာနဘာဂိယ သမာဓိကို ပွားစေတော်မူ၍ မထေရ်ကို ဆဠာဘိညအဖြစ်သို့ ရောက်စေပုံ-တို့ကို ဖွင့်ပြ ထားပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၄၆၂။ သံ၊မြန်၊၁၊၄၅၁။ သံ၊ဋ္ဌ၊၂၊၂၁၄။ သံ၊ဋီ၊၂၊၁၉၄။

    -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁၀-ဘိက္ခုသံယုတ္တ၊ ပဌမသုတ်။

  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ