ကောလိပ်မြိုင် (၁၉၃၂-၁၉၉၄) သည် မြန်မာနိုင်ငံသား သဘင်အနုပညာရှင် ဖြစ်သည်။ ကိုယ်ပိုင်တေးများဖြင့်သာ ဖျော်ဖြေလေ့ရှိပြီး ပြည်ချစ်မယ်ဘွဲ့ ရဖူးသည်။

ကောလိပ်မြိုင်
{{{သက်တမ်း}}}
မွေးသက္ကရာဇ် ၁၉၃၂
အမည်ရင်း မလှမြိုင်
မိဘအမည် ဦးညွန့်မောင် + ဒေါ်ရှိန်
မွေးဖွားရာဒေသ ဓနုဖြူမြို့
နိုင်ငံသား
လူမျိုး မြန်မာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် အငြိမ့်မင်းသမီး
ကြင်ဖော် ဦးတင်မော်
သားသမီး ဦးသျှန်ထွန်း၊ မအေးအေးမော်
ထင်ပေါ်ကျော်ကြားမှု အငြိမ့်မင်းသမီးကြီး ပြည်ချစ်မယ် ကောလိပ်မြိုင်
ထင်ရှားသည့်လက်ရာများ {{{ထင်ရှားသည့်လက်ရာများ}}}
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ {{{ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ}}}
ကွယ်လွန်ရက် (၁၆-၇-၉၄) နေ့
ကွယ်လွန်ရာဒေသ {{{ကွယ်လွန်ရာဒေသ}}}
လက်မှတ် [[Image:{{{လက်မှတ်}}}|100px]]
ကွန်ယက်


ငယ်ဘဝ ပြင်ဆင်ရန်

၁၉၃၂ ခုတွင် ဓနုဖြူမြို့ လေးထပ်ပိုင်းအရပ်နေ ရွှေပန်းထိမ်ဆရာ ဦးညွန့်မောင်နှင့် ဒေါ်ရှိန်တို့မှ မွေးသည်။ အမည်ရင်းမှာ မလှမြိုင် ဖြစ်သည်။ အမေ၏မောင်မှာ မင်းသား ရွှေမန်းမောင်စိန် ဖြစ်သည်။

အနုပညာခရီး ပြင်ဆင်ရန်

ငယ်စဉ်ကပင် အဆိုအက ဝါသနာပါ၍ အသက် ၁၂ နှစ်အရွယ်ကပင် မင်းသမီးအဖြစ် ဝင်ကနေပြီ ဖြစ်သည်။ သုံးပန်လှအောင်ထွန်းကြည်နှင့် မကျင်ရီတည်ထောင်သော ဇာတ်၌ ပညာယူခဲ့ပြီး၊ ရှစ်လအကြာတွင် ရဲရဲတောက်ဘားဆပ်ကပ်၌ အာရှမယ် စိန်လှမြိုင်အမည်နှင့် အငြိမ့်တေးသရုပ်ဖော်များ ကပြခဲ့သည်။

ကျိုက်လတ်ဖျာပုံဘက်တွင် ပွဲထွက်စဉ် ဦးဒန်ပေါက်က ရန်ကုန်သို့ခေါ်လာသည်။ ဦးဒန်ပေါက်ကွယ်လွန်သည့်အခါ ဦးပိုလိုအငြိမ့်၌ ပါဝင်ခဲ့သည်။ ထိုစဉ်က အငှားရှိမှ လူစု၍လိုက်ရသော ညကြေး ၅ ကျပ်ရ အငြိမ့်မျိုး ဖြစ်သည်။

(၅) လအကြာ အာဇာနည်ခေါင်းဆောင်ကြီးများ တမ်းတတေးများ သီဆိုရာ၌ ပရိသတ်က ချီးမြှင့်သော ရွှေလက်စွပ်ဆုကို ပထမဆုံးရရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် အငြိမ့်မင်းသမီး မလှမြိုင်ဟူ၍ နာမည်ကြီးလာခဲ့သည်။

လွတ်လပ်ရေးရသည့်နှစ် အငြိမ့်ထောင် ဦးလေးဆင် အကူအညီဖြင့် မခင်မြိုင် ခေါင်းဆောင်၊ လွတ်လပ်ရေးစိန်စိန် လက်ထောက်၊ ဒိန်ခဲနှင့် ရွှေငါးက လူရွှင်တော်လုပ်ကာ ရန်ကုန်တက္ကသိုလ် ဥတ္တရဆောင် မိတ်ဆက်လက်ဖက်ရည်ပွဲ၌ ကရာ မခင်မြိုင်အား ပြည်ချစ်မယ် ကောလိပ်မြိုင်ဘွဲ့နှင့် ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့သည်။

ကောလိပ်မြိုင်အား အငြိမ့်သမ္ပဇဉ်များကို လက်ထပ်သင်ကြားပေးခဲ့သူမှာ သုံးပန်လှ ဆရာအုန်းဖြစ်သည်။ သီချင်းကြီးကို မယ်ဒလင် ဦးယုကြိုင်၏ တိုက်တွန်းချက်အရ ဘာဂျာ ဆရာစိုးကြီးထံ၌ သင်ကြား ဆည်ပူးခဲ့သည်။ သူ၏ထူးခြားသော ကရုဏာသံနှင့် "လည်ချောင်း၌ ခလုတ်ကလေး ပါသည်" ဆိုသော ဟဲသံကြောင့် ပရိသတ်ကို ဆွဲဆောင်အားကြီးခဲ့သည်။ ဗုံရှည်အကနှင့် သီချင်းများကိုလည်း ဆရာစိုးကြီးက သင်ကြားပေးခဲ့သည်။

လွတ်လပ်ရေးခေတ်တွင် ကောလိပ်မြိုင်ကို ကျားသူဌေးကြီးကတော် ဒေါ်စောက နှစ်စဉ် ငှားလေ့ ရှိသည်။ အငြိမ့်အားလပ်သည့် အခါများတွင် ဆရာစိုး၏ သီချင်းကြီးအဖွဲ့မှ သီချင်းကြီးများကို သီဆို အသံလွှင့်တတ်သေးသည်။

လူရွှင်တော်ကြီး ဦးကြယ်ပြောင်၏ ဆက်သွယ်ပေးချက် အရ လှည်းတန်းဦးညွန့်၊ ဒေါ်မြလေးတို့တည်ထောင် သောအငြိမ့်၌ ဆန်းညွန့်ကောလိပ်မြိုင်အဖြစ် ပါဝင်သည်။ ဒိုက်ဦး၌ သွားကစဉ် ဆုချသောငွေကို အားလုံးခွဲယူမည်ဟု အဆိုပေါ်လာသဖြင့် ထိုအငြိမ့်မှ ထွက်ကာ ဗဟန်းအုတ်လမ်း ဦးစံမြ၏ အငြိမ့်တွင် ကသည်။ ရှေ့ထွက် ဩဘာကြည်၊ အလယ်ထွက် လှအုံးမယ်တို့နှင့်အတူ ခေါင်းဆောင်မင်းသမီးအဖြစ် ကခဲ့သည်။ လူရွှင်တော် ဗိုက်ကြီး၊ မာလာ၊ ဒိန်ခဲတို့ ပါဝင်သည်။ ကောလိပ်မြိုင်၏ ထူးခြားမှုမှာ အငြိမ့်ခန်းတွင် ကိုယ်တိုင် မင်းသားလုပ်၍ နှစ်ပါးသွား ကပြခြင်း ဖြစ်သည်။

ထိုနောက် ရန်ကြီးအောင်စစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေးများ၌ တပ်မတော်သားများကို ဖျော်ဖြေရန် မေတ္တာရပ်ခံချက်အရ မဲကင်းအထိ လမ်းဖောက်ဆဲကာလတွင် လွယ်လင်၊ မိုင်းတုံ၊ မိုင်းဆတ်၊ ပုံပါကျင်ဒေသတို့သို့ သွားဖျော်ဖြေသည်။

အပြန်၌ ဆန်းညွန့်အငြိမ့်တွင် မင်းသမီး ရွှေလိပ်ပြာနှင့်အတူ တစ်နှစ် ပြန်ကသည်။ နောက် ကိုယ်ပိုင်အငြိမ့် ထောင်သည်။ ပံ့ပိုးသော တေးရေးဆရာများမှာ ရွှေခြံထွန်းနှင့် ဦးကိုကိုကြီး (ဦးမျိုးညွန့်) တို့ဖြစ်သည်။ ဓနုဖြူ စိန်ဒေါင်းယဉ်လည်း ရေးပေးဖူးသည်။

ခက်ခဲသော သီချင်းကြီးများကို အငြိမ့်စင်ပေါ်မှ ဖော်ထုတ်ပေးခဲ့ရင်း မန္တလေးပန်တျာကျောင်း၌ အကနည်းပြအဖြစ် ရွေးချယ်ခံရသည်။ သီချင်းကြီးကို ကိုယ်တိုင်စပ်နိုင်သည်။ ကမ္ဘာလှည့်ခရီးသည်များအား ဧည့်ခံရန် မန္တလေးပန်တျာကျောင်းမှ သွားရောက်ဖျော်ဖြေရသည်။

အကဝါသနာရှင်လေးများကိုလည်း စနစ်တကျရိုးရာမပျက် သင်ကြားပို့ချပေးခဲ့သည်။ အငြိမ့်မင်းသမီးလောက၌ သီချင်းကြီးအဆိုတော်ဟု ထူးခြားစွာ အမည်တွင်ခဲ့သည်။ တပ်မတော်သားများအား ဂုဏ်ပြု ခဲ့သော ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် နှင့်ဂီတအလင်းရောင် ဗုံရှည်သီချင်းများမှာ ထင်ရှားခဲ့သည်။

ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ၊ တရုတ်ပြည်သို့ ကိုယ်စားလှယ်အဖြစ် ရောက်ခဲ့သည်။

မိသားစုဘဝ ပြင်ဆင်ရန်

ဦးတင်မော်နှင့် လက်ထပ်ကာ သား သျှန်ထွန်း (ယဉ်ကျေးမှုဌာန ဦးစီးအရာရှိ၊ တီးဝိုင်း) နှင့် သမီ အေးအေးမော်တို့ကို ရသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

ရန်ကုန်မြို့ ပန်တျာကျောင်း အကနည်းပြဆရာအဖြစ် အမှုထမ်းစဉ် ၁၉၉၄ ခု၊ ဇူလိုင်လ ၁၆ တွင် လွန်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)