ကောလ်ထန် မောရိယယ် (စာရေးဆရာ)

(ကောလ်ထန် မောရိယယ်၊ စာရေးဆရာ မှ ပြန်ညွှန်းထားသည်)

၁၉၄၅ ခုနှစ်တွင် ကျောက်ပန်းတောင်း မြို့နယ်၊ ပုပ္ပားရွာတွင် မွေးဖွား ခဲ့သည်။ အမည်ရင်း ဇော်ဝင်း။ ငယ်စဉ်က ပုပ္ပားရွာ၊ မူလတန်း ကျောင်းနှင့် ကျောက်ပန်းတောင်မြို့ အစိုးရ အထက်တန်း ကျောင်းများတွင် ပညာ သင်ကြား ခဲ့သည်။ ‘ပုပ္ပား ကိုကိုဇော်’ ကလောင် အမည်ဖြင့် လုံးချင်း ဝတ္ထု စာအုပ်များ ရေးသားပြီး ထင်ရှား လာခဲ့သည်။ ယင်းသို့ စာရေးဆရာ မဖြစ်မီ တလျှောက်လုံး ဘဝ မျိုးစုံ ကျင်လည် ခဲ့သည်။ ပုပ္ပား ကိုကိုဇော် အမည်ဖြင့်ပင် မဂ္ဂဇင်းများတွင် ဝတ္ထုတိုများ ရေးသား ခဲ့သည်။ ပုပ္ပားကိုကိုဇော် ကလောင်အမည်ဖြင့် ရေးသားခဲ့သော စာအုပ်များတွင် 'ပန်းစားဘီလူး' မှာ ထင်ရှားသော စာအုပ်တစ်အုပ် ဖြစ်သည်။ နောက်ပိုင်းတွင် ‘ကောလ်ထန် မောရိယယ်’ ကလောင် အမည်ခံ ယူပြီး ရှုမဝ၊ ဒဂုန်၊ ပင်ခုန်ပွင့် မဂ္ဂဇင်း များတွင် ဝတ္ထုတို၊ ဝတ္ထုလတ် မဂ္ဂဇင်း ဝတ္ထုရှည်များ ရေးသား ခဲ့သည်။ လုံးချင်း စာအုပ် များလည်း ရေးသား ထုတ်ဝေ ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်