ကော့တေး

အရက်အမျိုးမျိုး ရောနှောထားသော အဖျော်ယမကာ

ကော့တေးဆိုသည်မှာ အရက်နှင့် ရောနှောထားသော သောက်စရာ တစ်မျိုးဖြစ်ပြီး အရက်အမျိုးမျိုးကို ရောစပ်ထားခြင်း ဖြစ်နိုင်သကဲ့သို့ အရက်တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုသော အရက်နှင့် အခြားသုံးဆောင်စရာများဖြစ်သော သစ်သီးဖျော်ရည်၊ အရသာထည့်ထားသော သကြားရည် သို့မဟုတ် ကရင်မ်တို့ကို ရောစပ်ထားခြင်းလည်း ဖြစ်နိုင်သည်။ ကော့တေးအမျိုးမျိုး ရှိပြီး ရောစပ်ထားသော အရက်သို့မဟုတ် ပါဝင်သော သုံးဆောင်စရာ ပမာဏပေါ်မူတည်၍ အမျိုးမျိုး ကွဲပြားသည်။ ကော့တေး၏ မူလအစကိုမူ ငြင်းခုံနေကြဆဲဖြစ်သည်။

'ကော့တေးဖန်ခွက်ဖြင့် ထည့်ထားသော မာတီနီကော့တေး