ကော့တ်လင်း (အင်္ဂလိပ်: Kotlin) သည် ခွပလက်ဖောင်းသုံး တည်ငြိမ်သော စနစ်အမျိုးအစား၊ အထွေထွေသုံး ပရိုဂရမ္မင်း ဘာသာစကားဖြစ်ပြီး တိုက်မှန်းစနစ် (type inference) ပါလေသည်။ ကိုတင်လင်းကို ဂျာဗားနှင့် အပြန်အလဲသုံးနိုင်အောင် စီမံထားသည်။ ဂျာဗားယောင်ပြစက် (Java Virtual Machine) တွင် အလုပ်လုပ်ပြီး တိုက်မှန်းစနစ်ကြောင့် ဖွဲ့စည်းပုံ (syntax) ပိုကောင်းသည်။ ဂျာဗားနှင့် တွဲအလုပ်လုပ်နိုင်ရုံမက ဂျာဗားစခွစ်အပြင် (LLVM မှတဆင့်) ဌာနေကုဒ်လည်း ထုတ်နိုင်သည်။ ကော့တ်လင်း ဖောင်ဒေးရှင်းကို ဂျက်ဘရိန်း (JetBrains) နှင့် ဂူးဂဲလ် တို့က မတည်ပေးထားသည်။

ကော့တ်လင်း
Usual filename extensions.kt
.kts
Paradigmမျိုးစုံ
ဒီဇိုင်းဆွဲသူဂျက်ဘရိန်း
မွမ်းမံသူဂျက်ဘရိန်း
အမျိုးအစားစနစ်Inferred, static, strong
လိုင်စင်Apache License 2.0
ဝက်ဘ်ဆိုဒ်kotlinlang.org

အန်ဒြိုက်အတွက် ဂျာဗားအား ခြေကန်လို၍ ကိုတင်လင်းကို ဂူးဂဲက ထောက်ပံ့ထားခြင်း ဖြစ်သည်။ အန်ဒြိုက်စတူဒီယို ၃.၀ ကို ၂၀၁၇ ခု၊ အောက်တိုဘာလတွင် စဖြန့်ရာ ဂျာဗားပေါင်းစက် (Java compiler) နှင့်အတူ အစားလဲရန် ကော့တ်လင်းကို ထည့်ပေးခဲ့သည်။