ကော်လိုရာဒိုပြည်နယ်သည် အမေရိကန်ပြည်ထောင်စု အတွင်းရှိ ပြည်နယ်တစ်ခုဖြစ်ပြီး တောင်ဘက် ရော့ကီးတောင်ကုန်းများ ဒေသနှင့် ကော်လိုရာဒိုလွင်ပြင်၏ အရှေ့မြောက်ဘက် ဒေသနှင့် ဂရိတ်ပလိန်းဒေသ၏ အနောက်ဘက်စွန်းပိုင်း ဒေသများ ပါဝင်သည်။ ကော်လိုရာဒိုသည် အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း တောင်ကုန်းထူထပ်သော ပြည်နယ်များ နှင့် အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်း၏ တစိတ်တဒေသ ဖြစ်သည်။

ကော်လိုရာဒိုပြည်နယ်
၏ အလံတော်
အလံတော်
၏ တံဆိပ်တုံး
စည်းတံဆိပ်
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ကော်လိုရာဒို အားအရောင်ခြယ်ပြထား
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ကော်လိုရာဒို အားအရောင်ခြယ်ပြထား
နိုင်ငံအမေရိကန်ပြည်ထောင်စု
Before statehoodကော်လိုရာဒို နယ်မြေ
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
ဩဂုတ် ၁ရက်၊ ၁၈၇၆ (၃၈ခုမြောက်)
အကြီးဆုံးမြို့ဒန်ဗာမြို့
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများဒင်န်ဗာ-အော်ရိုရာ-ဘရွမ်းဖီး အမ်အက်စ်အေ
အစိုးရ
 • ပြည်နယ်အုပ်ချုပ်ရေးမှူးဂျွန်ဟစ်ကန်လူးပါး
 • လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
ဂျိုးဆက်ပ် အေ ဂါဆီယာ
လူဦးရေ
 • စုစုပေါင်း၅,၀၂၉,၁၉၆(၂၀၁၀)
 • သိပ်သည်းမှု၄၈.၃၁/sq mi (၁၈.၆၄/km)
 • ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေ$၅၆,၉၉၃
 • ဝင်ငွေအဆင့်၁၃ ခုမြောက်
ဘာသာစကား
 • ရုံးသုံးဘာသာစကားအင်္ဂလိပ်
လတ္တီကျူ37°N to 41°N
လောင်ဂျီကျူ102°03'W to 109°03'W

ကော်လိုရာဒိုပြည်နယ်သည် ကော်လိုရာဒိုမြစ်ကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ဖြစ်ပြီး ထိုမြစ်မှာ စပိန် စွန့်စားရှာဖွေသူများက တောင်ကုန်းမှ မြေနီများကို သယ်ဆောင်လာသဖြင့် အနီရောင်မြစ် (Rio Colorado) ဟု စပိန်ဘာသာဖြင့် မှည့်ခေါ်ခဲ့ကြခြင်းဖြစ်သည်။ ၁၈၆၁ ခုနှစ်တွင် ဂျက်ဖာဆန် နယ်မြေဆိုင်ရာ အရာရှိများက ကော်လိုရာဒိုသည် နယ်မြေသစ်အတွက် သင့်လျော်သော အမည်ဖြစ်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။