ကံကောင်းတဲ့ကျား သွားရင်း သမင်တွေ့
ကံကောင်းတဲ့ကျား သွားရင်း သမင်တွေ့ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ကံကောင်းသော ကျားသည် သွားရင်းလာရင်း မမျှော်လင့်ဘဲ သမင်နှင့် ပက်ပင်းတိုး၍ သမင်သားစားရသကဲ့သို့ ကံကောင်းသူသည် မမျှော်လင့်ဘဲ အခွင့်ကောင်းနှင့် ကြုံတွေ့ရသည်ကို ဆိုလိုသည်။
အခြားအသုံးအနှုန်း
ပြင်ဆင်ရန်- ကံကောင်းတဲ့ကျား သားကောင်နှင့် ရင်ဆိုင်တွေ့
မူလရင်းမြစ်
ပြင်ဆင်ရန်- ကံကောင်းတဲ့ကျား သားကောင်နှင့် ရင်ဆိုင်တွေ့ ဆိုသလို ငါကိုယ်တော်မင်းသား စဉ်းစားတိုင်း ဝမ်းမြောက်တော်မူလှချည်ရဲ့။ [၁၂၉၇] ဒဂုန်၊ ၁၆၊ ၁၈၁။ ၂၁၆။
- ကံကောင်းတဲ့ကျား လမ်းသွားရင်း သမင်နဲ့တွေ့ဆိုသလို မုဆိုးဖိုညွန့်တင်မှာ ထားရီအနီးမှ မခွာချင်သည်နှင့် အဆင်သင့်ပင်... [၁၂၉၉] ဒဂုန်၊ ၂၀၇။ ၂၁၈။