ကံမခိုင် သံတိုင်အိမ်ဆောက်သော်လည်း ကံမှောက်လျှင်ကျိုး
ကံမခိုင် သံတိုင်အိမ်ဆောက်သော်လည်း ကံမှောက်လျှင်ကျိုး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ကုသိုလ်ကံဇာတာညံ့နေသည့်အခါဖြစ်ပါက သံတိုင်ကို တိုင်ထူ၍ အိမ်ဆောက်စေကာမူ သံတိုင်ကျိုးသည့်အဖြစ် ကြုံရသကဲ့သို့ မူလအခြေခံ ညံ့ဖျင်းလျှင် လုပ်သမျှ အရာမထင် ဖြစ်တတ်သည်ကို ဆိုလိုသည်။
နမူနာအသုံး
ပြင်ဆင်ရန်- အသက်ကို ပန်းတစ်ပွင့် အနှုန်းထား၍ ကြိုးစားဆောင်ရွက်နေကြသည်အတွင်း ကံမခိုင် သံတိုင်အိမ်ဆောက်တော့ ကံမှောက်လျှင်ကျိုးဟူ၍ ရှေးပညာရှိတို့ ဆိုခဲ့သည်နှင့်အညီ... [၁၂၉၁] ကဝိမှန်၊ ၃၊ ၉။ ၅၄။
- ကံမခိုင်တော့ သံတိုင် အိမ်ဆောက်သော်လည်း ကံမှောက်လျှင်ကျိုး ဆိုတာမျိုးလို အဘိုးအိုဇရာဒုဗ္ဗလ အရွယ်မှာ မဟာဒုက်မကအောင် မွဲလို့ ခွက်လက်စွဲကာ တောင်းရမ်းစားသောက်ရတယ်တဲ့။ [၁၂၉၈-ခန့်] အနဂ္ဃ၊ ပ။ ၃၄။