ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။ မြန်မာဆိုရိုးစကား တစ်ခုလည်း ဖြစ်သည်။[၁]

ဆိုလိုရင်း ပြင်ဆင်ရန်

အဆင်မပြေနေသူအဖို့ ကြံစည်လုပ်ဆောင်တိုင်း မအောင်မမြင် ဆုံးရှုံးမှုနှင့်သာ တွေ့ကြုံရသည်။

အခြားအသုံးအနှုန်း ပြင်ဆင်ရန်

  • ကံမရှိ ဉာဏ်ချိတိုင်းမွဲ

နမူနာအသုံး ပြင်ဆင်ရန်

  • ကံသာဖမိ၊ ကံမရှိက၊ ဉာဏ်ချိတိုင်းမွဲ၊ ကြံတိုင်းလွဲ၏။ [၁၂၆၆] မဃ* ၂၅၁။
  • ဉာဏ်နှင့်ဝီရိယ ကောင်းစေကာမူ ကံမပါက ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ဟူသကဲ့သို့ ကြံသမျှ အရာမထင်ဖြစ်တတ်ကြောင်းကို လူတိုင်းပင် သတိမူအပ်ပေသည်။ [၁၃၈၁]စာဗိမာန်၊ ၅၊ ၁။ ၄၇။

ကျမ်းကိုး ပြင်ဆင်ရန်

  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ၊ နှာ-၄