ကံမဲ့သူ ရှာမှီး၊ ကံကြီးသူ ခံစား
ကံမဲ့သူ ရှာမှီး၊ ကံကြီးသူ ခံစား သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ ကံနည်းသူ စုဆောင်း၊ ကံကောင်းသူ ခံစား ဟုလည်း ရှိသည်။[၁]
အနက်အဓိပ္ပာယ်
ပြင်ဆင်ရန်ကုသိုလ်ကံ မရှိသူသည် ဥစ္စာပစ္စည်းများကို ရှာဖွေစုဆောင်းထားပါသော်လည်း မခံစားရဘဲ ရှိတတ်သည်။ ကုသိုလ်ကံရှိသူမှာမူ ထိုသူ ရှာဖွေစုဆောင်းခဲ့သော စည်းစိမ်ဥစ္စာများကို အဆင်သင့် ခံစားရသည်။[၁]