ကံယုံ၍ ဆူးပုံမနင်းရာ
lee ပဲ ခွေးဘယသား ။
ရှင်းလင်းချက် ပြင်ဆင်ရန်
ဆူးပုံကို နင်းလျှင် ဆူးစူးမည်သာဖြစ်၍ မိမိကံကောင်းလှသည်ဟု ကံကိုယုံပြီး ဆူးပုံကို မနင်းသင့်သကဲ့သို့ ဒုက္ခဖြစ်စေနိုင်သော ကိစ္စမှန်သမျှ ကံကို ယုံပြီး ဇွတ်မပြုလုပ်သင့်ဟု ဆိုလိုသည်။
အခြားအသုံးအနှုန်း ပြင်ဆင်ရန်
- ကံယုံ ဆူးချုံမတိုးနှင့်- ဟူ၍လည်း အသုံးရှိသည်။
ဆိုလိုရင်းတူညီသောအခြားစကားပုံ ပြင်ဆင်ရန်
- ကံယုံ မီးပုံမဆင်းရာ နှင့် အတူတူ။
နမူနာအသုံး ပြင်ဆင်ရန်
- ကမ္မံ သတ္တေ ဝိဘဇ္ဈတိတဲ့။ ကံသာလျှင် အဖ၊ ကံသာလျှင် အမိ။ သို့သော်လည်း ကံကို ယုံ၍ ဆူးပုံ မနင်း ထိုက်ဘူးပေါ့။ [၁၃၂၅] ယဉ်ကျေးမှု၊ ၄၊ ၁။ ၈၄။