ကျိုက်ထီးဆောင်းစေတီ
ကျိုက်ထီးဆောင်းစေတီတော် (ကျိုက်ကလွတ်ဒက်စေတီတော်) သည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ရွာတွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]
ကျိုက်ထီးဆောင်းစေတီ | |
---|---|
Kyaik Htee Saung Pagoda | |
အချက်အလက်များ | |
ကိုဩဒိနိတ် | 17°09′38″N 97°10′17″E / 17.160439°N 97.171523°Eကိုဩဒိနိတ်: 17°09′38″N 97°10′17″E / 17.160439°N 97.171523°E |
ဘာသာရေး နှီးနွယ်မှု | ဗုဒ္ဓဘာသာ |
Sect | ထေရဝါဒ ဗုဒ္ဓဘာသာ |
တိုင်း | မွန်ပြည်နယ် |
နိုင်ငံ | မြန်မာနိုင်ငံ |
လက်ရှိအခြေအနေ | active |
ဝက်ဘ်ဆိုဒ် | kyaikhteesaung.org |
သမိုင်းကြောင်း
ပြင်ဆင်ရန်သာသနာနှစ် ၁၁၁ ခုနှစ်တွင် မြတ်စွာဘုရားသည် သုဝဏ္ဏဘုမ္မိသို့ ဒေသစာရီ ကြွတော်မူ၏။ ထိုအခါ ကော့ကလွတ်တကောနတ်ဘီလူးကျွန်းမှ ဘီလူးညီနောင်တို့သည် မြတ်စွာဘုရားကို ဖူးမြင်၍ ဆံတော်တစ်ဆူ ရကြ၏။ ထို့နောက် နေရပ်တွင် ဂဝံအုတ်ကျောက်တို့ဖြင့် ၁၁၃ ခုနှစ်တွင် စေတီတော်တစ်ဆူ တည်ခဲ့သည်။
မြတ်စွာဘုရားရုပ်တု၊ ဘီလူးညီနောင်ရုပ်တု၊ ရွှေငွေများအပြင်၊ နတ်သမီးဆံပင်တို့ကို ဖြတ်၍ ကျစ်ခွေကာ ပူဇော်ဌာပနာခဲ့သည်။[၁]
အတိုင်းအတာများ
ပြင်ဆင်ရန်စေတီတော်၏ အတိုင်းအတာများမှာ −
- ဖိနပ်တော် = အတောင် ၄၀
- ဖိနပ်ခုံ = ၂၃ တောင်
- ဒုတိယဖိနပ်တော် − ၃၆ တောင်
- ရှစ်မြှောင့် − ၁၈ တောင်
- ဉာဏ်တော် − အတောင် ၆၀
- စေတီတော်ပတ်လည်တွင် ရှိသည့် ကျောက်ပြင်ပျက်သည် နှစ်တောင် တစ်မိုက် ရှိသည်။
- ထီးရိုး နှစ်တောင့်ထွာရှိသည့် ကျောက်ထီး ၁၂ စင်းကို လှူဒါန်းထားသည်။
- ဂဝံကျောက်များသည် လူ ၂၀ မှ လူ ၈၀ အထိ မချီရသော ကျောက်တုံးကြီးများ ပါဝင်သည်။[၁]
ဘွဲ့တော်
ပြင်ဆင်ရန်စေတီတော်၏ ဘွဲ့တော်မှာ ကျိုက်ကလွတ်ဒက် ဟု ခေါ်သည်။ အဓိပ္ပာယ်မှာ "နတ်တည်သော ဘုရား" ဖြစ်သည်။ ထို့ပြင် နတ်သမီးဆံပင်ကြိုး ဌာပနာထား၍ "ကျိုက်ဇုတ်သွတ်" ဟုလည်း ခေါ်သည်။ ကျိုက်ဇုတ်သုတ်၊ ထီးဆောင်းဘုရားဟု ထင်ရှား၍ တည်ရှိရာ ရွာကိုလည်း ဇုတ်သုတ်ရွာဟု ခေါ်သည်။[၁]