ကျိုက်မွတ်လအိစေတီတော်
ကျိုက်မွတ်လအိစေတီတော် သည် မော်လမြိုင်မြို့အထက် ကျိတ်မြို့အရှေ့ တာတစ်သောင်းအကွာတွင် တည်ရှိသည့် မွတ်လအိတောင်ထိပ်တွင် တည်ရှိသည့် စေတီတော် တစ်ဆူ ဖြစ်သည်။[၁]
သမိုင်းကြောင်း
ပြင်ဆင်ရန်မဟာသက္ကရာဇ် ၁၁၁ ခုနှစ်တွင် ဖြစ်၏။ မြတ်စွာဘုရားသည် သထုံပြည်သို့ ကြွလာ၏။ မြတ်စွာဘုရားသည်မွတ်လအိတောင်မှ ကပ္ပရှင်ရသေ့၊ မွတ်လအပ်တောင်မှ နာရဒရှင်ရသေနှင့် အခြားတိဿရသေ့၊ သီဟရသေ့တို့ကို ဆံတော်များ ပေးသနားခဲ့သည်။
ကပ္ပရသေ့သည် ကျိတ်တောင်ပို့မြို့ကို အုပ်ချုပ်သည့် ကုလာပုမင်းနှင့် တိုင်ပင်၍ ၁၁၄ ခုနှစ်၊ နတ်တော်လတွင် ပွဲလမ်းသဘင်ကြီး ပြုလုပ်ကာ တောင်ထိပ်တွင် ဆံတော်ကို ဌာပနာကာ စေတီတည်ခဲ့သည်။[၁]
အတိုင်းအတာများ
ပြင်ဆင်ရန်စေတီတော်သည် ဖိနပ်တော် ၁၀ တောင်၊ ဉာဏ်တော် ၁၅ တောင် ရှိသည်။ တောင်ထိပ်သည် အရှေ့နှင့် အနောက် အတောင် ၄၀ ကျယ်၍ တောင်နှင့်မြောက် ၂၅ တောင် ကျယ်သည်။[၁]
အမည်
ပြင်ဆင်ရန်စေတီတော်ကို "အမြဲထင်ပေါ်သောဘုရား" ဟူ၍ မွန်ဘာသာဖြင့် ကျိုက်မွတ်လအိဟု ခေါ်တွင်သည်။[၁]