ကျိုတိုဆေးဝါးတက္ကသိုလ် (京都薬科大学, Kyoto yakka daigaku)သည် ဂျပန်နိုင်ငံကျိုတိုမြို့တွင် တည်ရှိသည့် ပုဂ္ဂလိကတက္ကသိုလ်တစ်ခု ဖြစ်သည်။ ကျောင်းကို ၁၈၈၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တက္ကသိုလ်တစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ ကျောင်းတွင် ဆေးဝါးဆိုင်ရာသိပ္ပံပညာရှင်များကို လေ့ကျင့်သင်ကြားပေးသည့်အတွက် ဆေးဝါးနှင့်သက်ဆိုင်ရာနယ်ပယ်တွင် သုတေသနဆိုင်ရာကျွမ်းကျင်အဆင့်ရှိကြသည်။ ကျိုတိုဆေးဝါးတက္ကသိုလ်သည် နယ်ပယ်များစွာအတွက်လည်း ဓာတ်ခွဲခန်းများ ရှိသည်။ ဓာတ်ခွဲခန်းတစ်ခုစီတွင် အဖွဲ့ဝင် ၁၀ ဦးခန့်ရှိပြီး ၎င်းတို့၏ သက်ဆိုင်ရာသုတေသနများကို အာရုံစိုက်ကာ လုပ်နိုင်ကြသည်။[ရှင်းလင်းချက်လိုအပ်သည်။] ကျောင်းသားများသည်လည်း ၎င်းတို့နှင့်သက်ဆိုင်သည့် ဆေးဝါးဆိုင်ရာဘာသာရပ်များအတွက် သုတေသနများကို ပြုလုပ်ကြရသည်။

တက္ကသိုလ်၏ အဓိကဝင်ပေါက်

ပြင်ပလင့်များ

ပြင်ဆင်ရန်

ကိုဩဒိနိတ်: 34°59′26.2″N 135°48′35″E / 34.990611°N 135.80972°E / 34.990611; 135.80972