ကျိုတိုအနုပညာစင်တာ
ကျိုတိုအနုပညာပြတိုက် (京都芸術センター, Kyōto Geijutsu Sentā) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့အချက်အချာကျသည့်နေရာတွင် တည်ရှိသည့် အနုပညာနှင့်ပတ်သက်သည့်ပွဲများကျင်းပရာနေရာ ဖြစ်သည်။ ဤစင်တာကို သုံးထပ်ကွန်ကရစ်အဆောက်အဦပုံစံတည်ဆောက်ထားသည်။[၁] ဤစင်တာနေရာကို ယခင်က မဲအိရင်းမူလတန်းကျောင်းကပိုင်ဆိုင်သည်။ ထိုမူလတန်းကျောင်းကို မဲဂျိခေတ်ကာလက ကျိုတိုမြို့နေပြည်သူများက တည်ထောင်ခဲ့သည်။ စတင်တာတွင် စတူဒီယို၊ ရုပ်ပုံပြခန်း၊ ဇာတ်ရုံ၊ ဂျပန်ပုံစံခန်းမ၊ လွတ်လပ်စွာနားယူနိုင်သည့်နေရာ၊ စာကြည့်တိုက်နှင့် စုံစမ်းမေးမြန်းရန် နေရာ၊ ဂျပန်ပုံစံလက်ဖက်ရည်သောက်ခန်း၊ မအဲဒကော်ဖီမဲအိရင်းကော်ဖီဆိုင်၊ အထွေထွေအခန်းတစ်ခုနှင့် ဈေးဆိုင်ခန်းများ ပါရှိသည်။ ဤစင်တာကို ကျိုတိုအနုပညာနှင့် ယဉ်ကျေးမှုအဖွဲ့က စီမံလျက်ရှိပြီး အနုပညာရှင်များ၏ လုပ်ငန်းဆောင်တာများကို ထောက်ပံ့ပေးရန် ရည်ရွယ်သည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်- ၁၈၆၉ ခုနှစ် - ဆန်းဘန်းဂုမိမူလတန်းကျောင်းကို Meirinsya နေရာတွင် တည်ထောင်ခဲ့သည်။ ဤကျောင်းကို မဲအိရင်းမူလတန်းကျောင်းဟု အမည်ပြောင်းလဲခဲ့သည်။
- ၁၉၃၁ ခုနှစ် - အဆောက်အဦကို ကွန်ကရစ်အဆောက်အဦအဖြစ်သို့ ပြန်လည်ပြုပြင်ခဲ့သည်။
- ၁၉၉၃ ခုနှစ် - မဲအိရင်းမူလတန်းကျောင်းကို ပိတ်သိမ်းခဲ့သည်။
- ၁၉၉၆ ခုနှစ် - မဲအိရင်းမူလတန်းကျောင်းနေရာတွင် အနုပညာနှင့်ယဉ်ကျေးမှုစင်တာကို ဆောက်လုပ်ခဲ့သည်။
- ၂၀၀၀ ခုနှစ် (ဧပြီလ) - မူလမဲအိရင်းမူလတန်းကို ပြုပြင်မွမ်းမံပြီး ကျိုတိုအနုပညာပြတိုက်ကို ဖွင့်လှစ်ခဲ့သည်။
- ၂၀၀၈ ခုနှစ် (ဇူလိုင်လ ၂၃ ရက်) - ဂျပန်နိုင်ငံ၏ ဒြပ်ရှိယဉ်ကျေးမှုဆိုင်ရာအမွေအနှစ် (Tangible Cultural Properties of Japan) အဖြစ် သတ်မှတ်ခဲ့သည်။
လုပ်ဆောင်မှုများ
ပြင်ဆင်ရန်ပိုမိုဖတ်ရှုရန်
ပြင်ဆင်ရန်- Issue Paper of Kyoto Art Center
- Matsumoto, Shigeaki. Geijyutsu Sozo Kyoten to Jichitai Bunka Taisaku -Kyoto Geijutsu Senta no Kokoromi- [arts of creating arts and policy of municipally owned cultures -An attempt to Kyoto Art Center-], Suiyo-sya, 2005, ISBN 4-88065-157-5, ISBN 978-4-88065-157-6
- Kyoto Toshi Kenkyu, Kyoto [Urban Research, Kyoto], Vol. 15-19
ပြင်ပလင့်များ
ပြင်ဆင်ရန်- Kyoto Art Center website Archived 30 March 2024 at the Wayback Machine.
- KYOTO ART CENTER – Kyoto Art Box
- Introduction to buildings (in ဂျပန်)
- The 11th BELCA Awards in renovation category (in ဂျပန်)
- About the site of Meirin elementary school (in ဂျပန်)
- Kyoto Information Museum (in ဂျပန်)
- Kyoto Arts and Culture Foundation (in ဂျပန်)
- Meirinsya (in ဂျပန်)
ကိုဩဒိနိတ်: 35°00′19.5″N 135°45′30″E / 35.005417°N 135.75833°E