ကျီးကန်း သူကောင်းမြှောက် ချေးခြောက် ကောက်စား
ကျီးကန်း သူကောင်းမြှောက် ချေးခြောက် ကောက်စား ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
ပြင်ဆင်ရန်ကျီးကန်းသည် သူကောင်းအဖြစ် ချီးမြှင့်မြှောက်စား ခံရစေကာမူ ပင်ကိုသဘောကို မစွန့်နိုင်ဘဲ မစင်ခြောက်ကို ကောက်စားသကဲ့သို့ စိတ်ထားအောက်တန်းကျသူသည် ချီးမြှင့်မြှောက်စား ခံရစေကာမူ မိမိပင်ကိုသဘောကို မစွန့်လွှတ်နိုင်ဘဲ နိမ့်ကျသော အမှုမျိုးကို ပြုလုပ်သည်။
မူလရင်းမြစ်
ပြင်ဆင်ရန်- "မမြှောက်စားအပ်တဲ့သူကို မြှောက်စားတော့ ကျီးကန်း သူကောင်းမြှောက် ချေးခြောက် ကောက်စားဆိုတာမျိုး ဖြစ်တတ်တယ်။" [၁၃၁၅] ဆက်ဆံ။ ၁၇၈။