"ပြုံးရွှင်ရွှင်လူသတ်သမား" နှင့် "မိစ္ဆာ" ဟု နာမည်ပြောင်ပေးခံရသော ကြောင်း ကျစ် ဟုန် (စက်တင်ဘာ ၅၊ ၁၉၇၂ – ဇူလိုင် ၃၀၊ ၂၀၁၉) မှာ တရုတ်ကွင်းဆက်လူသတ်သမားနှင့် မုဒိမ်းသမား တစ်ဦးဖြစ်သည်။ ၁၉၉၆ နှင့် ၂၀၀၅ ခုနှစ်အတွင်း မွန်ဂိုးလီးယား အတွင်းပိုင်း Ulanqab နှင့် Hohhot တို့၌ အမျိုးသမီး ၆ ဦးအား မုဒိမ်းကျင့် လူသတ်မှုများအပါအဝင် ဆိုးရွားသောပြစ်မှု ၂၀ ကျူးလွန်ကြောင်း ဝန်ခံခဲ့သည်။ တရားရုံးစီရင်ချက်ကျပြီး ၂၀၁၉ တွင် ကွပ်မျက်ခံရသည်။[၁]

Zhao Zhihong
မွေးဖွား(1972-09-05)စက်တင်ဘာ ၅၊ ၁၉၇၂
ယုံရှင်းရွာ၊ အတွင်းမွန်ဂိုးလီးယား၊ တရုတ်နိုင်ငံ
ကွယ်လွန်ဇူလိုင် ၃၀၊ ၂၀၁၉(2019-07-30) (အသက် ၄၆)
Hohhot, Inner Mongolia, China
သေဆုံးရခြင်း အကြောင်းရင်းသေနတ်တပ်ဖွဲ့ဖြင့် ပစ်ခတ်စီရင်
အခြား အမည်များ"The Smiling Killer"
"Demon"
ရာဇဝတ်ပြစ်ဒဏ်သေဒဏ်
ပြစ်ဒဏ်ကျခြင်း(များ)Murder x6
Rape x10
Robbery x1
အသေးစိတ်များ
သားကောင်များ
မှုခင်းကာလ
၁၉၉၆–၂၀၀၅
နိုင်ငံတရုတ်နိုင်ငံ
ပြည်နယ် (များ)Inner Mongolia
ဖမ်းဆီးရက်စွဲ
အောက်တိုဘာ ၂၃၊ ၂၀၀၅

အတ္ထုပတ္တိ ပြင်ဆင်ရန်

ကြောင်းကျစ်ဟုန်ကို ၁၉၇၂ စက်တင်ဘာ ၅ ရက်တွင် လျန်းချွန်ကောင်တီ ၊ ယုံရှင်းရွာ၌ မွေးဖွားသည်။ ကျောင်းပြီးသည့်နောက် မည်သည့်နေရာတွင်မျှ ကြာရှည်မနေဘဲ ကျွမ်းကျင်မှုမလိုသော အလုပ်များ လုပ်ကိုင်ခဲ့သည်။

၁၉၉၆ ဧပြီ ၉ တွင် အထည်စက်ရုံအလုပ်သမား ယန်း (မျိုးရိုးအမည်) ကို Hohhot ရှိ အများသုံးသန့်စင်ခန်း တစ်ခု၌ မုဒိမ်းကျင့် လည်ညှစ်သတ်ခဲ့သည်။[၂] အသက် ၁၈ နှစ်အရွယ် မွန်ဂိုတရုတ်လူမျိုး Huugjilt က သူမ၏ အလောင်းအား ဦးဆုံး တွေ့ရှိခဲ့ရာမှ မှားယွင်းစွပ်စွဲခံရပြီး အမှုလိုက်များ၏ ဖိအားပေးမှုဖြင့် ဝန်ခံလိုက်ရသောကြောင့် ၁၉၉၆ မေ ၂၃ တွင် သေဒဏ်ပေးခံရသည်။ ၁၉၉၆ ဇွန် ၁၀ ရက်နေ့၌ တပ်ဖွဲ့၏ ပစ်ခတ်ကွပ်မျက်ခြင်းခံရသည်။[၃]

၂၀၀၀ ပြည့်နှစ် မေ ၂၀ တွင် Hohhot ဧရိယာတွင် ဒုတိယမြောက် လူသတ်မုဒိမ်းကျင့်မှုကို မိန်းမပျိုတဦးပေါ် ကျူးလွန်ပြန်ရာ ယင်းအမှုမှာ အတော်ကြာသည့်တိုင် ဖော်ထုတ်နိုင်ခြင်းမရှိဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်၌ အမျိုးသမီးကြီးငယ် ၄ ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ချိန်မတိုင်မီ ကြားကာလ၌ သတ်ဖြတ်မှု မပြုလုပ်ခဲ့ပေ။ ပထမ ၂ မှုကို ဇန်နဝါရီ ၂ နှင့် ၇ ရက်၌လည်းကောင်း တတိယမြောက်ကို ဖေဖော်ဝါရီ ၂၄ ၌လည်းကောင်း ကျူးလွန်သည်။ ထိုအချိန်တွင် ကွင်းဆက် လူသတ်မှုများနှင့် ပတ်သက်ကာ တာဝန်ရှိသူများက စိုးရိမ်ပူပန်မှုကြီးထွားလာပြီး လူသတ်သမား မည်သူမည်ဝါ ဖြစ်ကြောင်း နှင့် ရှိရာနေရာကို သတင်းပေးနိုင်သူအား ယွမ်ငွေ ၂၀၀၀ ချီးမြှင့်မည့်အကြောင်း ကမ်းလှမ်းခဲ့သည်။[၄] ၂၀၀၅ ဇူလိုင်တွင် နောက်ဆုံးသားကောင်ကို သတ်ခဲ့သည်။

ဖမ်းဆီးရမိမှု ၊ ရုံးတင် စစ်ဆေးမှု နှင့် အဆုံးစီရင်ကွပ်မျက်ခြင်း ပြင်ဆင်ရန်

'ကြောင်း' လူသတ်မှု နောက်ဆုံးကျူးလွန်သည့် Hohhot မြို့စွန် တာလီရွာခံ ယွင်းဝမ်က ၂၀၀၅ ဇွန်တွင် လူသတ်သမား အား ဓာတ်ပုံမှ ရွေးထုတ်ပေးခဲ့သည်။ သို့သော် သူသတ်သမား၏ အမည်နှင့် နေထိုင်ရာအရပ်ကို မသိရှိခဲ့ပေ။ ကျူးလွန်သူအား ရဲများနှင့် ပူးပေါင်းရှာဖွေစဉ် ကြောင်းကျစ်ဟုန်ကို သူ၏ အလုပ်ခွင်၌ ဖော်ထုတ်ခဲ့ရာ ၂၀၀၅ အောက်တိုဘာ ၂၃ တွင် ၎င်း အဖမ်းခံရသည်။

လူသတ်မှု ၂၀ ၊ သက်ငယ်မုဒိမ်းမှု ၂ မှုအပါအဝင် မုဒိမ်းမှု ၁၀ မှုနှင့် အမှုအားလုံးပေါင်း ၂၀ ကျော်ကို ၁၉၉၆ နှင့် ၂၀၀၅ အကြား၌ ကျူးလွန်ခဲ့ကြောင်း တစ်မုဟုတ်ချင်းဝန်ခံသည်။ ထို့ပြင် လုယက်မှု ၊ ခိုးမှုနှင့် ပိုင်ဆိုင်ပစ္စည်း အလွဲသုံးစားလုပ်မှု များစွာအတွက်လည်း တာဝန်ရှိခဲ့သည်။ Huugjilt ကွပ်မျက်ခံရသည့် ၁၉၉၆ အထည်စက်အလုပ်သမား ယန် အသတ်ခံရမှု အတွက်လည်း ဝန်ခံခဲ့ရာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သည်။[၅]

ကြောင်း၏ ရာဇဝတ်မှု အသစ်များ ဆက်တိုက်ဆိုသလိုပေါ်ပေါက်လာရာ တရားခွင်ကို ကြိမ်ဖန်များစွာ ရပ်နားခဲ့ရသည်။ တချိန်တည်းမှာပင် Hohhot ခရိုင်တရားရုံးက ၂၀၁၄ ဒီဇင်ဘာ ၁၅ တွင်  Huugjilt ၌ အပြစ်ကင်းကြောင်း သေလွန်ပြီးမှ စီရင်ချက်ချခဲ့ပြီး ၎င်း၏ ဆွေမျိုးညာတကများအား လူသိရှင်ကြားတောင်းပန်ကာ လျော်ကြေးအဖြစ် ယွမ်ငွေ ၃၃၀၀၀၀ ကို ပေးခဲ့သည်။[၆]

ကြောင်းအား ရုံးတင်စစ်ဆေးမှုကို ၂၀၁၅ ဇန်နဝါရီ ၅ ရက်တွင် စတင်ပြီး တံခါးပိတ်စီရင်သည်။ ပြစ်မှု စုစုပေါင်း ၂၁ မှုနှင့် စွဲချက်တင်ခံရသည်။ တရားခွင်၌ဝန်ခံထွက်ဆိုမှုပြုလုပ်စဉ်အတွင်း သူကျူးလွန်ခဲ့သော ပြစ်မှုအတွက် ရိုးသားသူ တစ်ဦး အသတ်ခံရသည့်အတွက် နောင်တရမိကြောင်း နှင့် တောင်းပန်မှုပြုခဲ့သည်။ အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်သော ကြောင်း ကို လူသတ်မှု ၆ မှု ၊ မုဒိမ်းမှု ၁၀ မှု နှင့် အနည်းဆုံး လုယက်မှု ၁ မှုတို့အတွက် အပြစ်ရှိကြောင်း Hohhot ခရိုင်တရားရုံးက ၂၀၁၅ ဖေဖော်ဝါရီ ၉ တွင် စီရင်ချက်ချသည်။ သူ၏ အများပြည်သူအခွင့်အရေး ပယ်ဖျက်ခံရပြီး သေနတ်တပ်ဖွဲ့၏ ပစ်ခတ်စီရင်ခြင်းဖြင့် သေဒဏ်ကျခံရသည်။ ထို့ပြင် တရားရုံး၏ ဆုံးဖြတ်ချက်အရ နိုင်ငံတော်အား ၁၀၂၀၀၀ နှင့် သားကောင်များ၏ ဆွေမျိုးသားချင်းများအတွက် ၁၀၂၀၀၀ စုစုပေါင်း ယွမ်ငွေ ၁၅၅၀၀၀ ကို ဒဏ်ကြေး ပေးဆောင်ရသည်။[၇]

၂၀၁၉ ဇူလိုင် ၃၀ တွင် ကြောင်းအား ကွပ်မျက်သည်။ ကွပ်မျက်မခံရမီ ဥပဒေအရ လက်ခံရမည်ဖြစ်သော သားကောင်များ၏ ဆွေမျိုးသားချင်းများနှင့် နောက်ဆုံးတွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။[၈]

ကိုးကား ပြင်ဆင်ရန်