ကျောက်ကျော သည် ဂျယ်လီနှင့် ဆင်တူသော စားဖွယ်ရာတစ်မျိုးဖြစ်ပြီး အယ်လ်ဂျေးဟုခေါ်သော ပင်လယ်ရေညှိမှ ရရှိသည်။


စားသောက်ဖွယ်ရာများ

ပြင်ဆင်ရန်

ကျောက်ကျောဖြင့် သီးစုံကျောက်ကျော၊ အုန်းနို့ကျောက်ကျော၊ ကြက်ဥကျောက်ကျော စသဖြင့် စားသောက်ဖွယ်ရာအမျိုးမျိုး ဖန်တီးနိုင်သည်။

သီးစုံကျောက်ကျော

ပြင်ဆင်ရန်

သီးစုံကျောက်ကျောသည် ကျိုထားသော ကျောက်ကျောတွင် လှီးဖြတ်ထားသော စတော်ဘယ်ရီသီး၊ နာနတ်သီး၊ ရှောက်ချိုသီး၊ သီးမွှေးငှက်ပျောသီး၊ သင်္ဘောသီး စသော အသီးများထည့်ကာ ပြုလုပ်သော အစားအသောက်တစ်မျိုး ဖြစ်သည်။

ပါဝင်သောပစ္စည်းများ

ပြင်ဆင်ရန်
  • ကျောက်ကျောမှုန့်
  • အုန်းသီး
  • သကြား
  • ဆား
  • စတော်ဘယ်ရီသီး
  • နာနတ်သီး၊ ရှောက်ချိုသီး၊
  • သီးမွှေးငှက်ပျောသီး၊ သင်္ဘောသီး


ကြက်ဥကျောက်ကျော

ပြင်ဆင်ရန်

ကြက်ဥကျောက်ကျောသည် ကျောက်ကျောနှင့် ကြက်ဥ၊ အုန်းနို့ တို့ဖြင့် အလွှာလိုက် ပြုလုပ်ထားသော စားသောက်ဖွယ်ရာ ဖြစ်သည်။

ပါဝင်သောပစ္စည်းများ

ပြင်ဆင်ရန်
  • ကျောက်ကျော
  • ဘဲဥ ( သို့ ) ကြက်ဥ
  • စပျစ်သီးခြောက်
  • နို့မှုန့်
  • အုန်းသီး
  • သကြား
  • ဆား၊ အနံ့