ကျောက်ခမောက်တောင်
ကျောက်ခမောက်တောင်သည် စေတုတ္တရာ မြို့နယ်၊ စေတုတ္တရာမြို့မှ အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာဝယ် တည်ရှိသည်။ ကျောက်ခမောက်တောင်ပေါ်၌ ကျောက်ခမောက်တောင်စေတီနှင့် ရဟန္တာ ခြေတော်ရာ ယုံကြည်သမုတ်ကြသော ကျောက်ဖြူသား ဖိနပ် ရှိသည်။ ကျောက်ခြေထာက်ဟုလည်း ခေါ်သည်။ အရှည် ၁ ပေ၊ အထူ ၂ လက်မ ကျော်သည်။ နေရောင်အောက်ဝယ် ဖြူဖွေးပြီး၊ အရိပ်ထဲဝယ် ခဲရောင် ပေါက်နေသည်။ [၁]