ကျောက်စိမ်းဟု ပြောဆိုခေါ်ဝေါ်နေကြသော်လည်း ယေဘုယျအားဖြင့် ဂျေဒိုက် (Jadeite) နှင့် နက်ဖရိုက်(Nephrite) ဟူ၍ ကျောက်စိမ်းနှစ်မျိုးရှိသည်။ ဤနှစ်မျိုးသည် အမြင်အားဖြင့် ခပ်ဆင်ဆင် တူသော်လည်း စင်စစ်တွင် တစ်ခုနှင့်တစ်ခု လုံးဝ ကွဲပြားခြားနားသည်။ ယင်းကွဲပြားမှုကို ပြင်သစ်လူမျိုး သိပ္ပံပညာရှင် ဒမား (Damur) ဆိုသူက စနစ်တကျ ခွဲခြားပြသခဲ့၏။ အဆိုပါကျောက်စိမ်းနှစ်မျိုးတွင် ဂျေဒိုက်ကျောက်စိမ်းသည် ပိုမိုကောင်းမွန်လှပပြီး ပိုရှားပါးသည့် အမျိုးအစားဖြစ်သည်။

ကျောက်စိမ်း
Unworked jade
ယေဘုယျ
ကဏ္ဍတွင်းထွက်ပစ္စည်း
ပုံဆောင်ခဲ စနစ်Monoclinic
ခွဲခြားသတ်မှတ်ခြင်း
အရောင်Virtually all colors, mostly green
Crystal habitIntergrown grainy or fine fibrous aggregate
Twinningzu
CleavageNone
FractureSplintery
TenacityBrittle
Mohs scale hardness6–7
DiaphaneityTranslucent, opaque
Specific gravity2.9–3.38
Refractive index1.600–1.688
Birefringence0.020–0.027
PleochroismAbsent
DispersionNone
ကျောက်စိမ်းအရိုင်းတုံး

သမိုင်းကြောင်း ပြင်ဆင်ရန်

ကျောက်စိမ်းကို သမိုင်းမတင်မီ ခေတ်များကပင် လူသားတို့ အသုံးပြုခဲ့ကြောင်း သိရှိရပေသည်။ ကနဦးကျောက်စိမ်းကို ယင်း၏ မာကျောသောသတ္တိကြောင့် ကျောက်လက်နက် တန်ဆာပလာများအဖြစ် အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ယဉ်ကျေးမှု တဖြည်းဖြည်း ထွန်းကားလာသောအခါ လူသားတို့သည် ကျောက်စိမ်းကို အလှအပ အဆင်တန်ဆာပလာ ပစ္စည်းများအဖြစ် သုံးစွဲလာကြသည်။ တရုတ်ပြည်တွင်မူ ကျောက်စိမ်းကို လွန်ခဲ့သော နှစ်ပေါင်း ၄၀ဝ၀ ခန့်ကပင် အကြီးအကျယ် သုံးစွဲခဲ့ကြသည်။ ထိုခေတ်က တရုတ်လူမျိုးတို့သည် ကျောက်စိမ်းရုပ်တုများကို အဆောင်အယောင်သဖွယ် သုံးစွဲခဲ့ကြပြီး သေဆုံးသောအခါ ယင်းကျောက်စိမ်းများနှင့်အတူ ဂူသွင်းလေ့ရှိသည်။

တရုတ်လူမျိုးများသည် ကျောက်စိမ်းကို ကျောက်များအားလုံး၏ အချုပ်အခြာ အကြီးအကဲကျောက်မျက်အဖြစ် မှတ်ယူကြသည်။ ယင်းကျောက်စိမ်း ကျောက်မျက်ကို ဆင်မြန်းသူတိုင်းတွင် သဒ္ဓါရက်ရောခြင်း၊ ရဲစွမ်းသတ္တိနှင့်ပြည့်စုံခြင်း၊ တရားမျှတသော စိတ်ဓာတ်ရှိခြင်း၊ မိမိကိုယ်မိမိ နှိမ့်ချသော နိဝါတ တရားရှိခြင်း၊ အသိအလိမ္မာ ဉာဏ်ပညာ ကြီးမြင့်ခြင်း စသော ဂုဏ်အင်္ဂါကြီး ငါးရပ်နှင့် ပြည့်စုံသည်ဟု အယူရှိသည်။

တရုတ်လူမျိုးများ၏ ကျောက်စိမ်းနှင့် ပတ်သက်၍ ယုံကြည်ထားသော ရှေးဟောင်းပုံပြင်တစ်ပုဒ်မှာ ကျောက်စိမ်းကို ကောင်းကင်နတ်မင်းက လူသားတို့အား ပေးသော လက်ဆောင်ဟူ၍ ယူဆကြသည်။ တရုတ်လူမျိုးတို့၏ ယုံကြည်ချက်အရ ယူဟန်းဟုခေါ်သော ကျောက်စိမ်းနတ်သားသည် ကောင်းကင်ဘုံ တောင်ထွတ်ပေါ်တွင် တောင်ခြေတွင် ကျောက်စိမ်းပင်များ ပေါက်ရောက်သည်ဆို၏။ တရုတ်တို့၏ တာအို (Taoiam) ဘာသာတွင် ကျောက်စိမ်းကို အဖိုဟု အဓိပ္ပာယ်ရသော “ယန်” (Yang) ဟူသော စကားဖြင့် ခေါ်ဆိုကြ၏။

တရုတ်လူမျိုးများသည် ကျောက်စိမ်းကိုအသုံးပြုဝတ်ဆင်လျှင် ၎င်းကျောက်စိမ်းသည်ဝတ်ဆင်အသုံးပြုသူပိုင်ရှင်အား အန္တာရယ်မှကာကွယ်ပေးခြင်း၊ ပိုင်ရှင်၏ကျန်းမာရေးကိုကောင်းအောင် စောင့်လျှောက်ပေးနိုင်သည်ဟု ယုံကြည်ကြသည်။ ကျောက်စိမ်းကိုတရုတ်လူမျိုးများသည် ကံကောင်းခြင်းကိုယူဆောင်လာပြီး ကံဆိုးခြင်းများကိုကာကွယ်တားဆီးပေးနိုင်သည်ဟု ယုံကြည်ကြသည်။

တရုတ်လူမျိုးများသည် ကျောက်စိမ်းကို ကမ္ဘာပေါ်တွင် ပထမဦးဆုံးစတင်အသုံးပြုခဲ့သည့်လူမျိုးများဖြစ်ကြသည်ကို ရှေးနှစ်ပေါင်းလေးထောင်ကျော်စဉ်တွင် ၎င်းတို့အသုံးပြုခဲ့ကြသောကျောက်စိမ်းပန်းပုများ၊ ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော လူ့အသုံးအဆောင်၊ လက်ဝတ်ရတနာများကိုကြည့်ခြင်းအားဖြင့် သိရှိနိုင်သည်။ ထို့ကြောင့် ကျောက်စိမ်းကိုတရုတ်လူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်အသိအမှတ်ပြုကြပြီး ကမ္ဘာပေါ်တွင်မည်သည့်လူမျိုးထက်မဆို ကျောက်စိမ်းကိုပို၍ တန်ဖိုးထားတက်ကြသည်။

တရုတ်လူမျိုးများသည် ကမ္ဘာပေါ်တွင်မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်ဒေသမှ ၉၅ရာခိုင်နှုန်းအထိအဓိကထွက်သော ဂျေဒိုက်ကျောက်စိမ်းကို [[翡翠|Fěicuì]]သို့မဟုတ် [[硬玉|Yìngyù]] ဟုခေါ်ဆိုပြီး တရုတ်ပြည်နှင့်အခြားအရှေ့အလယ်ပိုင်းဒေသများတွင်ထွက်ရှိသော နက်ဖရိုက်ကျောက်စိမ်းများကို [[软玉|Ruǎn yù]] ဟုခေါ်ဆိုသည်။

တရုတ်ပြည်တွင် ဂျေဒိုက်ကျောက်စိမ်း မထွက်ရှိဘဲ နက်ဖရိုက်ကျောက်စိမ်းသာ ထွက်ရှိသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဆင်ကျန်ပြည်နယ်တွင် နက်ဖရိုက်ကျောက်စိမ်းများကို ရှေးနှစ်ပေါင်းများစွာကပင် တူးဖော်ခဲ့ကြသည်။ ထို့ကြောင့် တရုတ်ပြည်သည် မြန်မာနိုင်ငံမှ ထွက်ရှိသော ဂျေဒိုက်ကျောက်စိမ်းများအား ၁၈ ရာစုနှစ်များကပင် ဝယ်ယူတင်သွင်းခဲ့ကြသည်။

ဂျေဒိုက်နှင့် နက်ဖရိုက် ခြားနားချက် ပြင်ဆင်ရန်

 
ဂျေဒိုက်ကျောက်စိမ်း
 
နက်ဖရိုက်ကျောက်စိမ်း

ဂျေဒိုက်ကျောက်စိမ်းနှင့် နက်ဖရိုက်ကျောက်စိမ်းတို့၏ ခြားနားချက်များမှာ ယင်းကျောက်စိမ်းနှစ်မျိုးလုံးသည် ဖြစ်ပုံ ရင်းမြစ် အနေအထား အသွင်ပြောင်းကျောက်များ ရှိရာ ဝန်းကျင်၌ ဖြစ်ပေါ်ခဲ့ကြသော်လည်း တွင်းထွက်အုပ်စုချင်းမတူဘဲ ဂျေဒိုက်ကျောက်စိမ်းသည် ပိုင်ရော့ဆင်း (Pyroxene) တွင်းထွက်အုပ်စုတွင် ပါဝင်၍ နက်ဖရိုက်ကျောက်စိမ်းသည် အမ်ပီဖိုး(Amphipole) တွင်းထွက်အုပ်စုတွင် ပါဝင်လေသည်။

ဂျေဒိုက်ကျောက်စိမ်းနှင့်နက်ဖရိုက်ကျောက်စိမ်းတို့၏ ခြားနားချက်များထဲမှ သိသာထင်ရှားပြီး အရေးအကြီးဆုံးသောတစ်ချက်မှာ ဂျေဒိုက်ကျောက်စိမ်းတွင် နေရောင်အောက်၌ယင်ကောင်၏အတောင်ပံကဲ့သို့စူးရှပြီး ရောင်ပြန်ဟပ်စေသောကမ္ဘာပေါ်တွင် မည်သည့်တွင်းထွက်တွင်မှမမြင်တွေ့နိုင်သော ယမ်းဆိုသည့်အလွှာပါရှိသည်။ နက်ဖရိုက်ကျောက်စိမ်းတွင် ကြွေကဲ့သို့သောစူးရှမှုအားနည်းသော အလွှာသာပါရှိချေသည်။ ဂျေဒိုက်ကျောက်စိမ်းများ၏အစိမ်းရောင်သည် ကြည့်ရှုသူအား ကြည်လင်အေးမြသောရေအောက်ထဲတွင် အစိမ်းရောင်ဖန်ပုလင်းကိုကြည့်နေရသကဲ့သို့သောရသမျိုးကို ပေးစွမ်းစေနိုင်ပြီး နက်ဖရိုက်ကျောက်စိမ်းများမှာမူ လေထဲတွင်ကြည့်နေရသကဲ့သို့သောရသမျိုးသာပေးစွမ်းနိုင်ချေသည်။

ဂျေဒိုက်ကျောက်စိမ်းသည် လက်ယှက်ထိုးအနေအထားမှာ ရှိသော ပုံဆောင်ခဲကလေးများဖြင့် ဖွဲ့စည်းထားသည်။ မျက်နှာပြင်တွင် ကျောက်ပေါက်မာကဲ့သို့သော ချိုင့်ခွက်ကလေးများ၊ အဖုအထစ်ကလေးများနှင့် ပြည့်နေသည်။ ၎င်းတို့ကို အဏုကြည့် ကိရိယာ မှန်ဘီလူးအောက်တွင် ကောင်းစွာ မြင်ရသည်။ နက်ဖရိုက်ကျောက်စိမ်းကား လက်ယှက်ထိုးအနေအထားရှိသော အမျှင်ကလေးများဖြင့် ဖွဲ့စည်းထားသည်။ အမျှင်အလိုက် အနေအထားရှိသည်။ အမဲဆီရောင် တောက်နေသော ရောင်လက်ရှိသည်။

ဂျေဒိုက်ကျောက်စိမ်းတွင် ခရမ်း၊ အနက်၊ အညို၊ အနီ၊ လိမ္မော်၊ အဝါ၊ အဖြူ၊ နို့နှစ်ရောင်နှင့် အစိမ်းရောင် အမျိုးမျိုးရှိသည်။ နက်ဖရိုက်ကျောက်စိမ်း၌ သစ်ရွက်စိမ်းရောင် အမျိုးမျိုး၊ မီးခိုးနှင့် အစိမ်းရောင်အမျိုးမျိုးရှိသည်။

ဂျေဒိုက်ကျောက်စိမ်းကို အပူပေးသောအခါ အရည်ပျော်၍ ပျော့ဖတ်အဖြစ်သို့ အလွယ်တကူ ပြောင်းလဲသွားသည်။ နက်ဖရိုက်ကျောက်စိမ်းသည် အလွယ်တကူ မပြောင်းလဲချေ။

ထို့ပြင် ဂျေဒိုက်ကျောက်စိမ်း၏ ထူးခြားချက်မှာ အပူရှိန်ပြင်း၍ ကြီးမားသော ဖိအားရှိသည့် မြေမျက်နှာပြင်အောက်ဘက် မိုင် ၂၀ မှ ၃၀ အထိ နက်သော အလွှာများတွင် ဖြစ်ပေါ်လေ့ရှိသည်။ ဂျေဒိုက်ကျောက်စိမ်း အပေါ်ယံအခွံအကာများအား ဖဲ့ထုတ်လိုက်သည့်အခါမှ အစိမ်းရောင် ကျောက်ကြောများဖြင့် ပေါင်းစပ်ထားသည့် ကျောက်စိမ်း၏ အတွင်းပိုင်းကို မြင်ရသည်။ မြန်မာနိုင်ငံမှ ထွက်သော ဂျေဒိုက်ကျောက်စိမ်းသည် နက်ဖရိုက်ကျောက်စိမ်းထက် ပိုမို၍ကောင်းမွန်ပြီး ပိုရှားသော အမျိုးအစားဖြစ်သည်။

ကျောက်စိမ်းထွက်ရှိသည့် ဒေသများ ပြင်ဆင်ရန်

နက်ဖရိုက်ကျောက်စိမ်းကို တရုတ်ပြည် ဟိုတန်ဒေသ၊ ဗြိတိသျှ၊ ကိုလံဘီယာ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ အီတလီ၊ ပိုလန်၊ ထိုင်ဝမ်၊ အလက်စကား၊ ကယ်လီဖိုးနီးယား ဒေသများ၌ တွေ့ရှိရသည်။ ဂျေဒိုက်ကျောက်စိမ်းကို ဂွာတီမာလာ၊ ဆိုက်ဗေးရီးယားနှင့် မြန်မာနိုင်ငံတို့တွင် တွေ့ရှိရသည်။

ကျောက်စိမ်း၏ ဓာတုဖွဲ့စည်းမှု ပြင်ဆင်ရန်

သန့်စင်သော ဂျေဒိုက်ကျောက်စိမ်း၏ စံထား ဓာတ်ဖွဲ့စည်းပုံတွင် ဆိုဒီယမ်၊ အလူမီနီယမ်၊ ဆီလီကိတ်တို့ ပါဝင်ပြီး ယင်း၏ပုံသေနည်းမှာ NaAlSi2O6 ဖြစ်သည်။ ယင်းတွင် ဆီလီကွန်ဒိုင်အောက်ဆိုဒ် ၅၉.၄ ရာခိုင်နှုန်း၊ အလူမီနီယံအောက်ဆိုဒ် ၂၅.၂ ရာခိုင်နှုန်း၊ ဆိုဒီယမ်အောက်ဆိုဒ် ၁၅.၄ ရာခိုင်နှုန်း ပါဝင်သည်။

သို့ရာတွင် ဤအချိုးအတိုင်း ဖော်ပြပါဒြပ်အောက်ဆိုဒ်များ ပါဝင်သော ကျောက်စိမ်းသည် သဘာဝတွင် မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်း၏ ဇာကွက် (Lattice) တွင် ဆိုဒီယမ်နှင့် အလူမီနီယမ်တို့၏ နေရာကို အခြားသော အိုင်ယွန် (Iron) များက ဝင်ရောက်နေရာယူ အစားထိုးဖလှယ်သောကြောင့် ဖြစ်သည်။ သို့သော် ၎င်းအစားထိုးဖလှယ်သော အိုင်ယွန်များ၏ ပမာဏမှာ နှစ် ရာခိုင်နှုန်းခန့်သာ ရှိသည်။

ကျောက်စိမ်းနှင့် ဆင်တူယိုးမှား တွင်းထွက်များ ပြင်ဆင်ရန်

အရည်အသွေးကောင်းသော ကျောက်စိမ်းများ ရှားပါးလာခြင်းကြောင့် အချို့က အရည်အသွေးညံ့သော ကျောက်စိမ်းကို အရောင်ဆိုး၍ တုပပြုလုပ်လာကြသည်။ ယခင်ခေတ်များက ဆေးဆိုးကျောက်စိမ်းတုများကို လွယ်ကူစွာ ခွဲခြားသိရှိနိုင်ကြသော်လည်း ယခုခေတ်တွင် အသုံးပြုသော ဆေးများမှာ အမျိုးအစားကောင်းမွန်လှသဖြင့် လွယ်ကူစွာ ခွဲခြားမသိနိုင်ပေ။

ကျောက်စိမ်းနှင့် ဆင်တူသည့် အစိမ်းရောင် သဘာဝတွင်းထွက်များမှာ ခရိုင်ဆိုပရေ့(Chrysoprase) ၊ အစိမ်းရောင်ဆိုးထားသော မဟူရာဖြူ (Chalcedony) နှင့် ဆမစ်ဆိုနိုက် ( Smithsonite) စသည်တို့ဖြစ်သည်။ ဆမစ်ဆိုနိုက် တွင်းထွက်သည် ပင်ကိုအားဖြင့် ခဲသတ္ထု ထုတ်လုပ်နိုင်သော ခဲသတ္တုရိုင်း တွင်းထွက်တစ်မျိုးဖြစ်သည်။ ယင်းကို (Bonamite) ဟူ၍လည်း ခေါ်သည်။


အသားကျောက် ပြင်ဆင်ရန်

မည်သည့် အသားခံမျိုးတွင်မဆို ခရမ်းရောင်၊ ပန်းရောင်၊ ဗေဒါရောင်နှင့် အစိမ်းရိပ် အစိမ်းရောင် သိသာစွာမကျန်တော့ဘဲ အခြားအရောင်များဖြစ်သော ခဲရောင်၊ ရွှေဝါရောင်၊ အပြာရိပ်၊ မီးခိုးရောင်၊ အနက်ရောင်၊ အနီရောင်၊ အညိုရောင်၊ အဝါရောင်၊ ရေညှိရောင် စသည့် အရောင်အမျိုးမျိုးစွဲဝင်နေသည့် ကျောက်စိမ်းကို အသားကျောက်ဟုခေါ်သည်။ အသားကျောက်များကို ကျောက်သားအမျိုးအစား(၈)မျိုးကိုအခြေခံပြီး အရောင်များရောနှောပျံ့နှံ့ပါဝင်မှုကို အသေးစိတ်စိစစ်ပြီး မျိုးကွဲ(၂၇)မျိုးအထိခွဲခြားထားပါသည်။

ခဲဘော်လီ (ဖန်သားမှန်သား) အသားကျောက် ပြင်ဆင်ရန်

ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းပြီး အလင်းပေါက်သော အသားခံတွင် ခဲရောင် သို့မဟုတ် ရွှေဝါရောင်သန်းနေပါက ခဲဘော်လီ(ဖန်သားမှန်သား)အသားကျောက်ဟုခေါ်ပါသည်။

ရေခဲသားဘော်လီ (ဖန်သားမှန်သား) အသားကျောက် ပြင်ဆင်ရန်

ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းပြီး အလင်းပေါက်သော အသားခံတွင် ရေခဲဖြူရောင် သို့မဟုတ် အပြာရောင်သန်းသည့် အရောင်ရှိနေပါက ရေခဲသားဘော်လီ(ဖန်သားမှန်သား)အသားကျောက်ဟုခေါ်ပါသည်။

ကန်စွန်းပန်း(ပြာကြည်) အသားကျောက် ပြင်ဆင်ရန်

ယမ်းမှုန့်ညက်၍ အပြာရိပ်သန်းသော အလင်းပေါက် သို့မဟုတ် အလင်းပေါက်လုနီးပါးရှိအသားခံတွင် မီးခိုးရိပ်သန်းသည့် အစိမ်းအစင်းအစက်တို့သည် ကန်စွန်းပန်း ပုံသဏ္ဌန်ပျံ့နှံ့နေပါက ကန်စွန်းပန်း(ပြာကြည်) အသားကျောက်ဟုခေါ်သည်။

လန့်ပန်း(ပြာကြည်)အသားကျောက် ပြင်ဆင်ရန်

ယမ်းမှုန့်ညက်၍ ဖွဲ့သားသင့်သည့် အလင်းမှုန်သော ကျောက်သားအသားခံတွင် မီးခိုးရောင်အစင်းအစက်နှင့် ပန်းစက် သဏ္ဌန် ပျံ့နှံ့နေပါက လန့်ပန်း(ပြာကြည်)အသားကျောက်ဟုခေါ်သည်။

ပြာကြည်(ပြာကြည်သား)အသားကျောက် ပြင်ဆင်ရန်

ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းသည့် အလင်းပေါက်လုနီးပါး ကျောက်သားအသားခံတွင် အပြာနုရောင်စွဲဝင်နေသည့် ကျောက်စိမ်းကို ပြာကြည်(ပြာကြည်သား)အသားကျောက်ဟုခေါ်သည်။

အသားဆန်းဘော်လီ (ဖြူကြည်) အသားကျောက် ပြင်ဆင်ရန်

ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းသည့် အလင်းပေါက်လုနီးပါးအသားခံတွင် ဖန်သားအရောင် သို့မဟုတ် အဖြူရောင်ရှိသည့်ကျောက်ကို အသားဆန်းဘော်လီ (ဖြူကြည်) အသားကျောက်ဟုခေါ်သည်။

ဖယောင်းသား(ဖြူကြည်)အသားကျောက် ပြင်ဆင်ရန်

ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းသော်လည်းအလင်းမှုန် ၍ နို့ကဲ့သို့ အဖြူရောင်စွဲဝင်နေသည့်ကျောက်စိမ်းကို ဖယောင်းသား(ဖြူကြည်)အသားကျောက်ဟုခေါ်သည်။

တိမ်ခိုးသား(အသားမှိုင်း) အသားကျောက် ပြင်ဆင်ရန်

ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းသော်လည်းအလင်းမှုန်နေသည့်ကျောက်စိမ်းတွင် တိမ်ခိုးရောင် သို့မဟုတ် မီးခိုးရောင်စွဲဝင်နေပါက တိမ်ခိုးသား(အသားမှိုင်း) အသားကျောက်ဟုခေါ်ပါသည်။

ဝက်ဆီသား(အသားမှိုင်း) အသားကျောက် ပြင်ဆင်ရန်

ယမ်းမှုန့်ညက်၍ ဖွဲ့သားကောင်းသော်လည်းအလင်းမှုန်နေသည့် အသားခံတွင်ဝါညိုရောင်စွဲဝင်နေပါက ဝက်ဆီသား(အသားမှိုင်း) အသားကျောက်ဟုခေါ်ပါသည်။

မောက်စိမ်းသား(အသားမှိုင်း)အသားကျောက် ပြင်ဆင်ရန်

ယမ်းမှုံမှ အလတ်ထိရှိ၍ ဖွဲ့သားသင့်သော အလင်းမှုန်ကျောက်စိမ်းသားတွင် မီးခိုးစိမ်းရင့်ရောင်စွဲဝင်နေပါက မောက်စိမ်းသား(အသားမှိုင်း)အသားကျောက်ဟုခေါ်ပါသည်။

မောက်သား(အသားမှိုင်း) အသားကျောက် ပြင်ဆင်ရန်

ယမ်းအလတ်မှ ယမ်းကြမ်း ၍ ဖွဲ့သားအသင့်အတင့်မှ အညံ့ထိရှိပြီး အလင်းမှုန်မှ အလင်းပိတ်အသားခံတွင် မီးခိုးရောင်စွဲဝင်နေပါက မောက်သား(အသားမှိုင်း) အသားကျောက်ဟုခေါ်သည်။

ကြံသကာသား(အသားမှိုင်း) အသားကျောက် ပြင်ဆင်ရန်

ယမ်းမှုံမှ အလတ်ထိရှိ၍ ဖွဲ့သားညံ့သော အလင်းပိတ်အသားခံတွင် အညိုရောင်စွဲဝင်နေပါက ကြံသကာသား(အသားမှိုင်း) အသားကျောက်ဟုခေါ်ပါသည်။

လန့်ရိုး(အသားရိုး) အသားကျောက် ပြင်ဆင်ရန်

ယမ်းအလတ်ဖြစ်၍ ဖွဲ့သားသင့်သော အလင်းမှုန်အသားခံတွင် အပြာရိပ်စွဲဝင်နေပါက လန့်ရိုး(အသားရိုး) အသားကျောက်ဟုခေါ်ပါသည်။

ဆံပြုတ်သား(အသားရိုး)အသားကျောက် ပြင်ဆင်ရန်

ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ညံ့သော အလင်းပိတ်သည့်အသားခံတွင် အဖြူညစ်ရောင်စွဲဝင်နေပါက ဆံပြုတ်သား(အသားရိုး)အသားကျောက်ဟုခေါ်ပါသည်။

ပိန်းဥသား(အသားရိုး)အသားကျောက် ပြင်ဆင်ရန်

ယမ်းမှုမှလင်းရှိ၍ ဖွဲ့သားညံ့ပြီး အလင်းမှုန်သော အသားခံတွင် အဖြူရောင်စွဲဝင်နေပါက ပိန်းဥသား(အသားရိုး)အသားကျောက်ဟုခေါ်ပါသည်။

ပဲစိမ်းသား(ပဲသား)အသားကျောက် ပြင်ဆင်ရန်

ယမ်းအလတ်မှကြမ်း၍ ဖွဲ့သားသင့်ပြီး အလင်းမှုန်သောဝတ်ဆံပါအသားခံတွင်အစိမ်းရိပ်စွဲဝင်နေပါက ပဲစိမ်းသား(ပဲသား)အသားကျောက်ဟုခေါ်ပါသည်။

ပဲသားရိုး(ပဲသား)အသားကျောက် ပြင်ဆင်ရန်

ယမ်းကြမ်း၍ဖွဲ့သားသင့်သော အလင်းမှုန်မှ အလင်းပိတ်သည့်ဝတ်ဆံပါအသားခံတွင် အဖြူရောင်စွဲဝင်နေပါက ပဲသားရိုး(ပဲသား)အသားကျောက်ဟုခေါ်ပါသည်။

ပဲသားလန့်(ပဲသား) အသားကျောက် ပြင်ဆင်ရန်

ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ညံ့သောအလင်းပိတ်ဝတ်ဆံပါ အသားခံတွင် အပြာရိပ်သန်းသော အဖြူရောင်စွဲဝင်နေပါက ပဲသားလန့်(ပဲသား) အသားကျောက်ဟုခေါ်ပါသည်။

ပဲခွမ့်(ပဲသား) အသားကျောက် ပြင်ဆင်ရန်

ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ညံ့သောအလင်းပိတ်ဝတ်ဆံပါ အသားခံတွင်အစိမ်းရိပ်သန်းနေသည့် နီညိုရောင်စွဲဝင်နေပါက ပဲခွမ့်(ပဲသား) အသားကျောက်ဟုခေါ်ပါသည်။

လန့်ဂျိတ်(အသားနက်)အသားကျောက် ပြင်ဆင်ရန်

ယမ်းမှုံ ညက်၍ ဖွဲ့သားကောင်းသော အလင်းပေါက်လုနီးပါး သို့မဟုတ် အလင်းမှုန်အသားခံတွင် ရေညိုရောင် သို့မဟုတ် အနက်ရောင်စွဲဝင်နေပါက လန့်ဂျိတ်(အသားနက်)အသားကျောက်ဟုခေါ်ပြီး တန်ဖိုးကြီးပါသည်။

ငချိတ်(အသားနက်)အသားကျောက် ပြင်ဆင်ရန်

ယမ်းအလတ်မှ ယမ်းကြမ်း၍ ဖွဲ့သားသင့်သောအလင်းမှုန်မှ အလင်းပိတ်သည့်အသားခံတွင် အနက်ရောင်စွဲဝင်နေပါက ငချိတ်(အသားနက်)အသားကျောက်ဟုခေါ်ပါသည်။

ကျီးကန်းသား(အသားနက်)အသားကျောက် ပြင်ဆင်ရန်

ယမ်းအလတ်မှယမ်းကြမ်း၍ ဖွဲ့သားညံ့သောအလင်းပိတ်သည့်အသားခံတွင် အနက်ရောင် သို့မဟုတ် မီးခိုးရင့်ရောင်စွဲဝင်နေပါက ကျီးကန်းသား(အသားနက်)အသားကျောက်ဟုခေါ်ပါသည်။

ခုံ့ဝါနီ(အသားနီဝါ) အသားကျောက် ပြင်ဆင်ရန်

ယမ်းအလတ်ဖြစ်၍ ဖွဲ့သားသင့်သော အလင်းမှုန်အသားခံတွင် ပျားရည်အရောင် ( နီဝါရောင်) စွဲဝင်နေပါက ခုံ့ဝါနီ(အသားနီဝါ) အသားကျောက်ဟုခေါ်ပါသည်။

ခုံ့နီညို(အသားနီဝါ)အသားကျောက် ပြင်ဆင်ရန်

ယမ်းအလတ်မှ ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ဖွဲ့သားညံ့သောအလင်းမှုန်မှ အလင်းပိတ်အသားခံတွင် နီညိုရောင်စွဲဝင်နေပါက ခုံ့နီညို(အသားနီဝါ)အသားကျောက်ဟုခေါ်ပါသည်။

ခုံ့ညို(အသားနီဝါ) အသားကျောက် ပြင်ဆင်ရန်

ယမ်းအလတ်မှ ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ဖွဲ့သားညံ့သောအလင်းမှုန်မှ အလင်းပိတ်သည့်အသားခံတွင် အညိုရောင်စွဲဝင်နေပါက ခုံ့ညို(အသားနီဝါ) အသားကျောက်ဟုခေါ်ပါသည်။

ခွမ့်သား(အသားနီဝါ)အသားကျောက် ပြင်ဆင်ရန်

ယမ်းအလတ်မှ ယမ်းကြမ်း၍ ဖွဲ့သားသင့်မှ ဖွဲ့သားညံ့သွားသော အလင်းမှုန်မှ အလင်းပိတ်သည့် ကျောက်သားပြင်တွင် ညိုဝါရောင်စွဲဝင်နေပါက ခွမ့်သား(အသားနီဝါ)အသားကျောက်ဟုခေါ်ပါသည်။

မန်း ပြင်ဆင်ရန်

ကျောက်စိမ်းအရိုင်းတုံးအပေါ်တွင် ကြိုးကဲ့သို့လည်းကောင်း သစ်ပွေးများကဲ့သို့လည်းကောင်း တီအစက်လေးများကဲ့သို့လည်းကောင်း အဖုအထစ်လေးများကဲ့သို့လည်းကောင်း ပါရှိသော သင်္ကေတလေးများကို မန်းဟုခေါ်သည်။ အရည်မှာဟောက် အသားမှာမောက် ဟု စကားပုံရှိသည်။ ဟောက်နေသည်မန်း(မန်းပိပြားသည်)အရည်ဝင်ပြီး၊ မောက်နေသော နေရာမှာအသားကောင်းတတ်သည်။မန်းကိုကျောက်အပေါ်ပါဝင်တည်ရှိမှုအရ ကျောက်ရည်ဝင်နိင်မှုအနည်းအများကိုတွက်ဆနိင်သည်။ တချို့မန်းသည် အခွံပေးတွင်ခပ်ပါးပါးတည်ရှိပြီး ၊ တချို့မန်းခပ်ထူထူရှိသောအခုံးလေးများဖြစ်သည်။

မန်း(၂)မျိုးရှိသည် ၎င်းတို့မှာ (၁)အရည်မန်း (၂)အသားမန်းတို့ဖြစ်သည်

အရည်မန်း ပြင်ဆင်ရန်

အရည်မန်းသည် ကျောက်စိမ်းအရည်အသားကောင်းမှုကိုပြသည်။ အရည်မန်းသည် မန်းနေရာပေါ်တွင်အရည်အစက်အပြောက်လေးများ(တီရှင်၊တီသေအစက်)ဖြစ်လည်းကောင်း အရည်မန်းအဖြစ်လည်းကောင်းတွေရသည်။ အရည်မန်းများမှာ

မန်းဖြူ( ဗျိုင်းချေးမန်း) ပြင်ဆင်ရန်

ဖယောင်းချပ်အဖြူ ဗျိုင်းချေးကဲ့သို့ကပ်နေတတ်ပြီး တီပေါက်လေးများပါပါကအရေဝင်တတ်သည် ။

မန်းဝါ ပြင်ဆင်ရန်

ငှက်ပျောရွက်အဝါရောင်ကဲ့သို့ဖြစ်ပြီး မန်း၊ပန်း၊မန်းကြိုးအဖြစ်တွေ့ရတတ်ပြီး ကျောက်ဆီကျောက်သားကောင်းသည်။

မန်းနီ (ကွမ်းသွေးမန်း) ပြင်ဆင်ရန်

ကျောက်ပေါ်တွင်ကွမ်းသွေးကဲ့သို့အကွက် (သို့မဟုတ်)အစက်အပြောက်ဖြင့်တည်ရှိပြီး မှော်ဝမ်းကျောက်များတွင်တွေ့ရလျင် ကျောက်မျိုးကောင်းသည်။ ကွမ်းသွေးပြောက်မဝင်တတ်ပါ၊ နမ့်ချီကျောက်ပေါ်တွင်တွေရပါကအသားပျက်သည် ကွမ်းသွေးဝင်သည်။

ခြစားမန်း ပြင်ဆင်ရန်

တတုံးလုံး ခြစားထားသကဲ့သို့ ဖြစ်ပြီး စင်စင်၊အကျွတ်၊အသားစန်း၊ရေခဲသား တို့တွေ့ရတတ်သည်။ကျောက်မျိးရင့်သည်။ တချို့ကျောက်များတွင်ခြစားပေါက်အဖြစ် ၁ခု ၂ခုပါပြီး ပန်းဝင်တတ်သည်။

ကြက်ဆိတ်မန်း ပြင်ဆင်ရန်

မြေမှန်အခွံများတွင် ကြက်ဆိတ်ထားသကဲ့သို့ ျနုတ်သီးရာကဲ့သို့တွေ့ရတတ်ပြီး မှောဆီစာနှ့်တချို့မြေမှန်များပေါ်တွင်တွေ့ရတတ်သည်။ အရည်ပန်းဝင်သည် ကျောက်မျိုးရင့်သည်။ တချို့ပညာသင်များသည် ကြက်ဆိတ်မာန်းနှင် အခွံတုကိုမှားတတ်ကြသည် ။တလုံးလုံးကြက်ဆိတ်မန်းပါသောကျောက်မရှိပါ၊ စိတ်တူရာဖြစ်ပြီး အခွံကြွနေပါက ယမ်းပျောက်နေပါက အခွံတုဖြစ်သည်။

မန်းမန်ပေါက် ပြင်ဆင်ရန်

အပ်ပေါက်ရာလေးများကဲ့သို့ဖြစ်ပြီးယမ်းခေါင်းလေးများမဲနေပါက အရေအသားကောင်းတတ်သည် ။

အသားမန်း ပြင်ဆင်ရန်

အသားမန်းမှာ မန်းနေရာကိုတိုက်လျင်အရည်မတွေ့ရပဲ အသားကိုသာတွေ့ရသည်။

ကောက်ရော့မန်း ပြင်ဆင်ရန်

အခွံပေါ်တွင်ကပ်နေသည့်ပုံစံရှိသောမန်းဖြစ်သည် ကျောက်၏မျက်နာပြင်တဖက်သို့မဟုတ် ထောင့်စွန်တခုတွင်ကပ်နေတတ်သည်။အရည်မဝင်နိင်ပါ။

စည်ပိတ်မန်း ပြင်ဆင်ရန်

စည်တော်ကြီးတွင် သားရေပျားမှာ မျက်နာချင်းဆိုင်ဘက်တွင်ကပ်ထားသလို ကျောက်တွင် အရည်မန်းမှာ မျက်နာချင်ဆိုင်၂ဘက်တွင်ကပ်နေသောမန်းဖြစ်သည်။အရည်ဝင်နိင်သည်။

ဓါးဆို့ထိုးမန်း ပြင်ဆင်ရန်

အားလူးသီးမီးဖုတ်ရန်ဓားဆို့ဖြင့်ထုတ်ချင်းဖောက်ထိုးထားသကဲ့သို့ ကျောက်အထိုင်အောက်ဘက်နှင် ကျောက်၏ကျောပေါ်တွင်ရှိသောမန်းတို့မှာတဖြောင့်ထဲရှိသည် အရည်ဝင်သည်။

ကျားကိုက်မန်း ပြင်ဆင်ရန်

ကျောက်၏မျက်နာပြင်အပေါ်အောက်တွင် ကျားကိုက်လျင်သွားရာထင်သကဲ့သို့ တည်ရှိနေသောမန်းဖြစ်သည်။အရည်ဝင်နိင်သည် ။

ကြိုး ပြင်ဆင်ရန်

ကျောက်ပေါ်တွင် ကြိုးစလေး ကဲ့သို့ဖြစ်နေသောမန်းဖြစ်သည် တိုက်ဖောက်(ကွမ်)ရန်အကောင်းဆုံးဖြစ်ပြီး အရည်ဝင်နိင်ခြေနည်းသည်။

ကြိုးပါတ် ပြင်ဆင်ရန်

ကျောက်တွင်ကြိုးလုံးလေးဖြင့်ပါတ်ထားသကဲ့သို့ဖြစ်သည် မန်းပိပြာက ရာနုန်းပြည့်အရည်ဝင်သည်။

ကြိုးငုတ် ပြင်ဆင်ရန်

ကြိုးပါတ်မန်းပါသောလည်း ကြိုးမှာပေါ်လိုကပျောက်လိုက်ဖြစ်သည် အရည်ဝင်နိင်သည်။ဗျက်သေးတတ်သည်(ကြိုးမျှင်တတ်သည်)။

မန်းတုံး ပြင်ဆင်ရန်

တတုံးလုံးအရည်ခဲဖြစ်သည်။အကာမျိုးတွင်ပိုတွေ့ရတတ်သည်။

မန်းကာ ပြင်ဆင်ရန်

မန်းတုံးပေါ်မှ တိုက်ချွတ်ပါက အကာခံနေလျှင် အောင်ကျောက်ဖြစ်သည်အသားဆန်းမည်

ကွန်ချာမန်း ပြင်ဆင်ရန်

အသိနဲပါတယ် တကယ်လေ့လာဆဲ ကျောက်လုပ်နေသူတွေတောင်မသိသောမန်းပါဗျ ကွန်ချာမန်းက ဖြတ်လိုက်လျှင်ကျားပီးပန်းဆန်ပါတယ် ။

မှတ်စု ပြင်ဆင်ရန်

ကျောက်စိမ်းရဲ့ ရှေ့ဆိုရိုးစကားက မန်းမှာအဟောက် ကြိုးမှာအမောက်လို့ဆိုထားတာပါ မျက်နှာပြင်နဲ့လာတဲ့မန်းက ကျောက်စိမ်းမျက်နှာပြင်ဟောက်နေတဲ့နေရာ အချိုင့်ရှိတဲ့နေရာ ခွက်နေတဲ့နေရာမှာ တွေ့ရင် အရည်အဝင်ရဲတယ်လို့ဆိုထာတာပါ အောင်နိုင်ချေ 80% ရာခိုင်နှုံး သေချာတယ် အထောက်ပါ ကြိုးမှာအမောက်လို့ဆိုရိုးက (ဥပမာ )လက်သန်းလုံးလောရှိတဲ့ကြိုးတစ်ချောင်းဟာ ကျောက်စိမ်းတုံး အပေါ်မှာတစ်ဝက်လောက်မြုပ်နေပြီး ညီညီညာညာလေး တစ်ပါတ်ပါတ်ထားတာကိုဆိုထားတာပါ (မှတ်ချက် - ကျောက်စိမ်တုံး အရွယ်အစား အနေအထားလေးပေါ်မူတည်ပြီး ကြိုးလုံးအနေအထား ကွဲပြာမှု့ရှိပါသည် ကြိုးတစ်ချောင်းလို ညီညာမှုရှိဖို့လိုအပ်ပါသည်) ရာနှုန်းပြည့်အရည် အဝင်ရဲပါသည် ကျောက်စိမ်းရဲ့ မိစစ်ဖစစ်မှော်မှန်သမျှ အကျုံးဝင်ပါသည် ❆ ကျောက်စိမ်းအခွံပေါ်တွင် တွေ့ရသော အင်္ဂါရပ်များ ➳ ၁။ယမ်း ။ ။ အသားကောင်း၊ မကောင်း၊ "ယမ်း" ကိုကြည့်၍ခန့်မှန်းနိုင်သည်။ ၂။ ရှင်းမည်း ။ ။ အခွံပေါ်တွင် အမည်းစက်များအဖြစ် မြင်တွေ့ရသည်။ ၃။ ကုန်းကျောက် ။ ။ အခွံကြမ်းသည်။ ၄။ ရေကျောက် ။ ။ အခွံချောသည်။ ၅။ ငုတ်ကျောက် ။ ။ တောမှော်ကျောက်ဟုခေါ်သည်။ ရိုက်ပဲ့အဖြစ်တွေ့မြင်ရသည်။ အခွံမရှိပါ။ ၆။ အရည်ပွေး ။ ။ ကျောက်စိမ်းတုံး၏ အခွံပေါ်တွင် အစိမ်းရောင်ရှိသော အကွက်များသည် ပွေးကွက်များကဲ့သို့ ဖြစ်ပေါ်လျင် "အရည်ပွေး" ဟုခေါ်သည်။ ၇။ အရည်ပွင့် ။ ။ ကျောက်စိမ်းတို့၏ အခွံပေါ်တွင် အစိမ်းရောင်ရှိသော ပန်းပွင့်ပုံစံ အပွင့်လေးများ ဖြစ်ပေါ်နေလျှင် "အရည်ပွင့်" ဟုခေါ်သည်။ ၈။ ကပ်ရည် ။ ။ အခွံ့ပေါ်တွင် ကပ်နေသောအရည်ဖြစ်သည်။ အတွင်းသို့မဝင်ပါ။ များသောအားဖြင့် ကပ်ရည်သည် ပြင်ကျယ်ပြီး ထုမရှိတတ်ပါ။ ၉။ ကြိုးပတ် ။ ။ အရည်မှန်းသည်လည်းကောင်း၊ အရည်ပွေးသည်လည်းကောင်း၊ အရည်ပွင့်သည်လည်းကောင်း၊ တစ်ခုနှင့်တစ်ခု ထိစပ်နေပြီး ကျောက်စိမ်းတုံးတစ်တုံးလုံး ပတ်နေလျှင် "ကြိုးပတ်" ဟုခေါ်သည်။ ကြိုးပတ်ရှိလျှင် အရည်အောင်ရန်သေချာသလောက်ဖြစ်သည်။ ကြိုးတစ်ပင်၊ နှစ်ပင်၊ သုံးပင်၊ စသည်ဖြင့်ရှိသည်။ ကြိုးတစ်ပင်ထက် နှစ်ပင်၊ နှစ်ပင်ထက်သုံးပင်က ပို၍ အရည်အောင်နိုင်သည်။ အရည်များသောကျောက်တွင် ကြိုးသည် အုံးဆံကြိုးတင်ထားသကဲ့သို့ အမြှောင်းလိုက် ထနေသည်။ ၁၀။ ကြိုးငုတ် ။ ။ ကျောက်စိမ်းတုံး၏ အခွံပေါ်တွင် ဖြစ်ပေါ်နေသောကြိုးသည် တစ်တုံးလုံးမပတ်ဘဲ တစ်နေရာတွင်ပျက်တောက်နေပါက "ကြိုးငုတ်" <ကြိုးပျက်> ဟုခေါ်သည်။ ၁၁။ တည်စေ့ ။ ။ အခွံပေါ်တွင် ကပ်နေသော အစိမ်းရောင် သကြားပွင့်ကလေးများကဲ့သို့. အစိမ်းရောင် Crystal လေးကိုခေါ်သည်။ ၁၂။ ကောက်ရော့ ။ ။ ကျောက်စိမ်းတုံး၏တစ်ဖက်မှာ အရည်ပြချက်ရှိပြိး ကျန်နေရာများမှာ အရည်ပြချက်မရှိသော ကျောက်ကို "ကောက်ရော့" ဟုခေါ်သည်။ သို့မဟုတ် ကျောက်စိမ်းတုံး၏ ထိပ်ပိုင်းကလေးမှာဘဲ အရည်ပြချက်ရှိပြီး ကျန်တစ်တုံးလုံး မည်သည်နေရာမှ အရည်ပြချက်မရှိပါက "ကောက်ရော့"ဟုခေါ်သည်။ ၁၃။ စည်ပိတ် ။ ။ ကျောက်စိမ်းတုံး၏ အလျားလိုက် တစ်ဖက်တစ်ချက်စီတွင် ပြချက်ရှိသည်။ ၁၄။ တံစို့ထိုး ။ ။အရည်မှန်း၊ အရည်ပွေး တို့သည် ကျောက်၏ အပေါ်အောက်တစ်ဖက်တစ်ချက်စီတွင်သာ ဖြစ်ပေါ်နေပါက " တံစို့ထိုး" ဟုခေါ်သည်။ ၁၅။ ကျားကိုက် ။ ။ အရည်မန်း၊ အရည်ပွေး၊ အရည်ပွင့် စသည်တို့သည် တစ်ခုနှင့်တစ်ခုထိစပ်နေပြီး တစ်ဖက်မှအပ ကျန်သုံးဖက်တွင်ပါရှိနေပါက "ကျားကိုက်" ဟုခေါ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ဆရာဦးဉာဏ်သင်း ၏ မြန်မာ့ကျောက်စိမ်း စာအုပ်