ကျောက်ပွ သည် သဘာဝအလျောက် ဖြစ်ပေါ်နေသော ကျောက်မျိုးမဟုတ်၊ သဏ္ဌာန်အားဖြင့် စပန်းရေမြှုပ်၊ ဖန်တုံး အရိုင်းတို့နှင့် ဆင်တူ၍ အဖြူရောင်မှ အညိုရောင်အထိ အရောင်အမျိုးမျိုးဖြင့် တွေ့မြင်ရတတ်သည်။ မီးတောင်ပေါက်ကွဲ ရာတွင် ထွက်လာသော ချော်ရည်တို့မှ အမြှုပ်များသည် ပြင်ပ အအေးဓာတ် နှင့် တွေ့သောအခါ ခရစ္စတယ်များ မဖြစ်မီ လျင်မြန်စွာ ခဲသွားကြသည်။ ထိုချော် မြှုပ်ခဲသည် ကျောက်ပွ ဖြစ်လာသည်။

ကျောက်ပွ


ကျောက်ပွသည် ပွ၍ ပေါ့ပြီးလျှင် ရေ၌ ပေါလောပေါ် သည်။ အမြှုပ်အဖြစ်မှ ရုတ်ခြည်းခဲရသောကြောင့် မွှေးညှင်း ပေါက်ကဲ့သို့သော အပေါက်ငယ်တို့ဖြင့် ပြည့်လျက်ရှိ၏။ လက်၌ ဆီချေး စသော ချေးများတင်လျှင် ဤကျောက်ပွနှင့် ပွတ်၍ ဆေးကြောကြသည်။ ထိုမျှသာမက၊ သစ်သား၊ သတ္တု၊ ဆင်စွယ်၊ စကျင်ကျောက် စသည်တို့ကို အရောင်တင်ရာတွင် လည်း ဤကျောက်ပွနှင့် တိုက်ရသည်။ အမှုန့်ပြု၍ ချေးညှော် ချွတ်သော ဆေး၊ သွားတိုက်ဆေးများ အဖြစ်လည်း သုံးရ၏။ အထူးသဖြင့် ဖန်ဗူးဆို့များကို ကျောက်ပွဖြင့်ပွတ်၍ ချောမွတ်ယူ ကြသည်။

ကျောက်ပွများကို စစ္စလီကျွန်း မြောက်ဘက် မိုင် ၂ဝဝ ခန့် ဝေးသော လစ်ပါရီကျွန်းများမှ အများအပြား ရရှိ၍ နိုင်ငံခြား သို့ တင်ပို့ကြသည်။ ကျောက်ပွတွေ့ရှိသော အခြားနေရာများမှ အိုက်စလန်ကျွန်း၊ နယူးဇီလန် ကျွန်း၊ ဟန်ဂေရီနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုအတွင်းရှိ နေရာအချို့တို့ ဖြစ်ကြသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)