ကျောက်မြင်းကြီးလေးကောင်

ကျောက်မြင်းကြီးလေးကောင်သည် ကသာခရိုင်အင်းတော်မြို့နယ်၊ မန်လည်ရွာရှိ မန်လည်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူရာ မန်လည်ဘုန်းတော်ကြီးကျောင်းတွင် တည်ရှိသည်။ ယခင်က ကျောက်မြင်းကြီးလေးကောင်မှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာသို့ မျက်နှာမူပြီး ထုလုပ်ထား၍ ပါးစပ်ရာဇဝင်များအရ ကျောက်ဆစ်ဆရာသည် လေးကောင်စလုံးကို တထေရာတည်း တူစေရန် ထုလုပ်ထားခြင်း ဖြစ်ပြီး ထုလုပ်ရာ၌ ခေါင်းသည် အလွန် မမော့၊ ပါးစပ်သည် အလွန် မဟဟု ဆိုသည်။ သို့သော် ကျေးဇူးရှင် မန်လည်ဆရာတော် ပျံလွန်တော်မူသော ၁၂၈၂၊ တော်သလင်းလဆန်း ၁၃ ရက် နံနက် တချက်ခွဲတီး အချိန်၌ ကြောက်ခမန်းလိလိ မြင်းဟီသံများကို ကြားလိုက်ရပြီး၊ နောက်တနေ့တွင် မြင်ကြရသည်မှာ တကောင်နှင့် တကောင် အနေအထား မတူတော့သည့်အပြင် ပါးစပ်များ ပို၍ ဟလာ၊ ခေါင်းများ ပို၍ မော့လာသည်ဟု ဆိုကြသည်။ သို့သော် ထို မန်လည်ရွာ၌ ယနေ့ထက်ထိ မြင်း တကောင် တမြီးမှ မရှိချေ။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ကိုကိုခန့်ချော(ကသာမြေ) (ဇူလိုင် ၂၀၀၁)။ မန်လည်မှ ထူးဆန်းသော ကျောက်မြင်းကြီးလေးကောင်။ နက္ခတ္တရောင်ခြည်။ p. ၂၃။